Last post for Appeal ( FPL)

ဒီနေ့ကတော့ Appeal posts တွေ အတွက် နောက်ဆုံးရက် ဖြစ်၏။ ပိုစ့်တင်ပြီးတာနဲ့ Discord server မှာ သွားပြောတော့မည်။ ရက် (၃၀) ၊ ပိုစ့် (၃၀) ကိုမှ အပို တပိုစ့် +၁ အနေဖြင့် (၃၁) ပိုစ့် ရေးဖြစ်ခဲ့၏။ တရက် တပိုစ့်က apologize ပိုစ့်တင်ပြီး တပတ်လောက် နေမှသာ ရေး ဖြစ်ခဲ့၏။ ကိုယ်က ရက်နဲ့ သွားတွက်မိနေသည်ကိုး။ ရက်နဲ့လည်း ဆိုင်တော့ ဆိုင်၏။ တရက်ကို တပိုစ့်၊ ရက် ၃၀၊ ပိုစ့် ၃၀ အဲ့လိုပေါ့။ ဒါကို ကျနော်က ရက် (၃၀) အတွင်း တင်ထားတဲ့ ပိုစ့်တွေလို့ပဲ တွက်ထားလိုက်မိခြင်း ဖြစ်၏။ နားလည်မှု လွဲခြင်း၊ သေချာ ရှင်းအောင် ထပ်ပြီး မမေးမိခြင်းတို့ကြောင့် မကြာသင့်ဘဲ ကြာသွားခဲ့ရ၏။
မည်သို့ပင် ဆိုစေကာမူ ဒီနေ့ ပိုစ့်လေး ပြီးရင်တော့ အားလုံး ပြန် အဆင်ပြေပြီ ထင်ပါရဲ့။ တလကျော် ကာလ အတွင်းမှာ rewards မရ၊ မယူဘဲ ရေးခဲ့ရတာက တကယ်တော့ မလွယ်လှပေ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ rewards ရတာတွေကနေ လစဉ် wifi bill ဖိုး ဆောင်နိုင်ခဲ့သည်ကိုး။ ခု rewards မရတော့ saving ထဲက HBD တွေကို ပြန်ထုတ်ပြီး ဖြေရှင်းရတော့၏။ ဒါနဲ့ပဲ HBD saving 1000 အိပ်မက်က ပိုပိုလို့ ဝေးသွားခဲ့ရပြန်၏။ နောက်ကျ သွားခဲ့တာတွေကို ပြန်ကာမိနိုင်ဖို့ အင်နဲ့ အားနဲ့ ပြန်ကြိုးစားရပေလိမ့်မည်။
မနေ့က ပြောခဲ့သလိုပင် fantasy premier league ပြန်သွင်းထားခဲ့ပြီ ဖြစ်၏။ premier league week 6 မှာမှ ပြန် join နိုင်ခဲ့တော့ အမှတ်အပိုင်းမှာ အများကြီး နောက်ကျနေခဲ့ပြီ ဖြစ်၏။ ဘာပဲ ပြောပြော ကျနော်က ဂိမ်းနိုင်ဖို့ထက် ပိုစ့် ရေးဖို့ အတွက်ပဲကိုး။ ပြီး အရင် ဆော့ ဖြစ်တုန်းကလည်း အမှတ်က ကောင်းခဲ့တယ်ဆိုတာ ရှိမှ မရှိခဲ့ဘဲကိုး။ average points အထက် ရတဲ့ပွဲက နည်းနည်း၊ average points အောက် ရောက်နေတဲ့ပွဲက များများ။

ဒီအတိုင်းလည်း ဘောလုံးပွဲတွေက ကြည့်နေတာပဲ ဆိုတော့ နည်းနည်းလေး ပိုပြီး data collect လုပ်လိုက်ရုံနဲ့ ပိုစ့် တပိုစ့် ဖြစ်လာ နိုင်သည် မဟုတ်လား။ တကယ်တမ်း ပြောရရင် fantasy premier league ဂိမ်းကိုက app အနေနဲ့ မဖြစ်လာခင် website version မှာ ကတည်းက ဆော့ကစား ဖြစ်နေခဲ့ပြီး ဖြစ်၏။ ထိုစဉ်ကတော့ internet cafe ဆိုင်တွေမှာ ဆော့ခဲ့ရတာပေါ့လေ။ ဆော့တယ် ဆိုပေမယ့် ကိုယ်တိုင် ဝင် ကစားရတာမျိုး မဟုတ်ပေ။ ကစားသမား ရွေးပြီး၊ ကစားကွက် ချပေးရုံသာ။ ကစားသမား၏ ပြင်ပ စွမ်းဆောင်ရည် အတိုင်း (အပေါ် မူတည်ပြီး) points တွေ ရခြင်း ဖြစ်၏။
မိမိ ရွေးထားသည့် ကစားသမား ဝင်ကစားခွင့် ရရင် ဘယ်နှယ် မှတ်၊ အဆိုပါ ကစားသမားက ဂိုးသွင်းရင် ဘယ်နှယ် မှတ် အစရှိသဖြင့်ပေါ့လေ။ Captain တို့ Vice Captain တို့ဆိုရင် အမှတ် ပိုရ၏။ ပြောင်းပြန် အနေနဲ့ အဝါကဒ်၊ အနီကဒ်တို့ ပြခံရပါက points နှုတ်ခံရ၏။ နို့ ဒါဖြင့် အကောင်းဆုံး ကစားသမားတွေ၊ ကိုယ် အကြိုက်ဆုံး၊ အားအပေးဆုံး အသင်းက ကစားသမားတွေချည်း ထည့်ထားပစ်မယ်ဟု တွေးထား၊ လုပ်လိုက်လို့ မရပေ။
ပေးထားသည့် သန်း ၁၀၀ ပမာဏနဲ့ လောက်အောင် ကစားသမား ဝယ်ရ၏။ ကစားသမားကောင်းလေ၊ နာမည်ကြီးလေ သတ်မှတ် တန်ကြေး၊ ဈေးက များလေပင်။ ပြီး တသင်းထဲက ကစားသမား အများဆုံး ၃ ယောက်သာ ခေါ်ယူခွင့် ရှိ၏။ ဆိုလိုတာက မိမိ အကြိုက်ဆုံး အသင်းက ကစားသမား အားလုံးကို ခေါ်ယူချင်လို့ မရပေ။
မည်သို့ပင်ဆိုစေ fantasy premier league ကြောင့် premier league ကြည့်ရတာလည်း ပို ပျော်ဖို့ ကောင်းလာခဲ့၏။ website version က သောကြာနေ့တိုင်း internet cafe သွားပြီး internet သုံးရင်း တပါတည်း မိမိ အသင်း အတွက် ကစားသမား၊ ကစားကွက် စီစဉ်ခဲ့ရ၏။ premier league ပွဲတွေ ကြည့်ရင်း ကနေ မိမိ ရွေးထားသည့် ဘယ်ကစား သမားက ဘယ်နှယ် မှတ်ရမလဲ ဆိုတာလေးကလည်း ရင်ခုန်ဖို့ ကောင်းလှ၏။ နက်ဖြန်တော့ ထို ဂိမ်း ပိုစ့်လေးနဲ့ ပြန်လာခဲ့ပါမယ်ဗျ။

Road to Appeal (31)
Hive Blockchain Games မဆော့ဘူးလား။
!pizza
!meme
Credit: gymnasticsqueen
Earn Crypto for your Memes @ HiveMe.me!