Late come back of France

လာမယ့် စနေ တနင်္ဂနွေ နေ့တွေမှာတော့ လိဂ်ပွဲစဉ်များ ပြန်လည်ကစားမည် ဖြစ်၏။ နိုင်ငံ ပွဲစဉ်များ ရပ်နားထားမည် ဖြစ်၏။ အပြန်အလှန်ပေါ့။ Nations League A မှာ ၁၆ သင်းကို ၄ သင်း ၄ အုပ်စု ခွဲထား၏။ အိမ်ကွင်း အဝေးကွင်း ကစားမှာဆိုတော့ ၆ ပွဲ ကစားရမည် ဖြစ်၏။ လက်ရှိမှာ ၄ ပွဲထိ ကစားပြီး ဖြစ်၏။ ၄ ပွဲ ကစားပြီးချိန်မှာ Portugal & Spain တို့ အနေဖြင့် ၄ ပွဲ ကစား ၄ ပွဲဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထား၏။

Ronaldo မပါမှ Portugal တို့ကလည်း နိုင်ပွဲတွေ ဆက်နေခဲ့၏။ Norway အိမ်ကွင်းမှာ ၁-၂ နဲ့ အနိုင်ရတဲ့ ပွဲမှာ Ronaldo အရံခုံ ထိုင်ရသည့်ပွဲဖြစ်၏။ အဲ့ပွဲအပြီးမှာ ကိုယ်ပိုင် လေယာဉ်ပျံနဲ့ ပြိုင်ပွဲကျင်းပရာ နေရာက ထပြန်သွားခဲ့လေ၏။ အပ်နဲ့ ထွင်းရမယ့်ဟာ ပုစိန်နဲ့ ပေါက်သလို ဖြစ်ကုန်၏။ နည်းပြအဖွဲ့က တမျိူး Ronaldo က တမျိုးနဲ့ အမှား အမှန်ကို သူတို့သာ သိပေလိမ့်မည်။ ရင်ကြားစေ့ရေး ကိစ္စက တဖြည်းဖြည်း ပိုမို ဆိုးရွားလာလေ၏။

Ronaldo မပါဝင်သည့်က Portugal က အတော်လေး ဟုတ်နေသည်ဟု ဆိုရမည်ထင်ပါရဲ့။ ရာနှုန်းပြည့် နိုင်ပွဲ ဆက်နေ၏။ ဒီလိုဆို World Cup ပြီး ကတည်းက Ronaldo ကို မခေါ်နဲ့တော့ပေါ့။ ဟိုက နားမယ် ပြောထားပြီးသား။ Legend တယောက် အဖြစ် ဂုဏ်ပြု နှုတ်‌ဆက်ပွဲ ကစားစေလိုက်ရင် ပြီးရော။ ခုက ၂ ဖက်လုံး မကောင်း ဖြစ်ကုန်ကြပြီ။

ဒီနေ့ မနက် France vs Belgium ပွဲစဉ်မှာတော့ France က ၄-၁ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့လေ၏။ France လိုပဲ Italy ကလည်း Turkiye ကို ၃-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ အဆိုပါ Group 1 မှာ France က အုပ်စု ပထမနှင့် Italy က အုပ်စု ဒုတိယ ရရှိထား၏။ နောက်ထပ် ၂ ပွဲ ကစားဖို့တော့ ကျန်နေပါသေး၏။

နက်ဖြန် မနက်မှာတော့ Croatia vs Spain, England vs Czechia တို့ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေ၏။ အဆိုပါ ပွဲစဉ်တွေ ပြီးရင်တော့ Nations League ပွဲစဉ်များ ခဏ ပြန်နားမည် ဖြစ်၏။ လိဂ် ပွဲစဉ်တွေ ပြန်လာပေလိမ့်မည်။

(photos from UEFA page)



0
0
0.000
0 comments