Let rise

avatar

EvolutionX rom ကို သုံးနေခဲ့တာ တပတ်ကျော် နှစ်ပတ်လောက်ပင် ရှိခဲ့ပြီ။ သုံးလို့ အဆင်ပြေ၏။ ဘယ်လိုပင် အဆင်ပြေသော်လည်း ယခင် သုံးဖူးတဲ့ Spark OS လေးကို တမ်းတ သတိရမိနေ၏။ လက်ရှိ သုံးခဲ့ပြီး သမျှ custom rom တွေထဲမှာ Spark os ကို အကြိုက်ဆုံး ဖြစ်၏။ ပြီး အကြာဆုံး သုံးဖူးတာလည်း Spark os. ဖြစ်၏။ A12 Spark os မှာ ဘာပြဿနာမှ မရှိခဲ့ပေ။ A13 Spark os မှာမှ အဆင်မပြေခြင်း ဖြစ်၏။ A13 Spark os ရိုးရိုး version ဆိုရင်လည်း အဆင်ပြေပေလိမ့်မည်။ ခုဟာက Enhanced version ဖြစ်၏။ ရိုးရိုးထက် ပိုကောင်းတာ မှန်ပေမယ့် kpay သုံးမရတာက အတော် ဆိုး၏။

Enhanced version သာ update ထွက်သွားတယ်။ ထို နှစ်မျိုးလုံးမှာ Kpay သုံးလို့ မရပေ။ App ကိုက install လုပ်လို့ရတယ်။ ဒါပေမယ့် ဖွင့်လိုက်တာနဲ့ kpay logo ကြီးမှာပဲ ရပ်နေတော့၏။ kpay မရလည်း ဘာဖြစ်လဲကွာဆိုပြီး သုံးကြည့်လိုက်သေး၏။ Performance, UI and customize အစရှိသဖြင့် ပြောနေစရာကို မလိုပေ။ တကယ်မိုက် တကယ် အဆင်ပြေ၏။

ယနေ့ခေတ် ငွေပေးချေမှုတွေက cush အပြင် အခြားသော ပေးချေမှု တရပ် ဖြစ်သည့် online ပေးချေမှုများလည်း အတော်လေး ထွန်းကား ကျယ်ပြန့်လာခဲ့၏။ အိမ်မှာပဲ နေသော် ကိစ္စ မရှိပေမယ့် အပြင်သွား ဘာညာ၊ ပြီး ကိုယ့်မှာ cush လုံလုံလောက်လောက် မရှိသည့် အခါမျိုးမှာ kpay, cbpay အစရှိသဖြင့်တို့နဲ့ ပေးလို့ရသော် အတော်လေး အဆင်ပြေပေမည်။ ကျနော်တို့ ဆီမှာက kpay အတော် အသုံးမျး ၏။ kpay မရသည့် ကျနော်နဲ့ kpay သာ အသုံးများသည့် ဆိုင်တွေ အဲ့မှာ စတွေ့တော့တာပဲ။

ဒါနဲ့ပဲ kpay သုံးလို့ ရအောင် EvolutionX ကို ပြောင်းသုံးကြည့်လိုက်၏။ kpay အဆင်ပြေသွား၏။ သုံးရတာ ပေါ့၏။ သွက်၏။ ဒါပေမယ့် customise လုပ်လို့ ရသည့် နေရာမှာက Spark os က ပို များ၏။ ပိုသာ၏။ သို့ပေမယ့်လည်း ကိုယ့်မှာလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ် ဆိုတော့ကား မပြောင်းချင် ပြောင်းချင်နဲ့ EvolutionX သို့ ပြောင်းစမ်းသုံးကြည့်ဖို့ များသွားဖ၏။

သုံးရင်း သုံးရင်း ပျင်းလာခဲ့၏။ ကြီးကြီး မားမား bugs တွေတော့ မရှိ မတွေ့ပေ။ တချက်တချက် lag တာ၊ ထစ်တာတို့ ရှိ၏။ မတက်နိုင် လောလောဆယ်တော့ သူ့သာ သုံးနေရပေလိမ့်မည်။ EvolutionX ကို သုံးနေရင်းက Rising os ဆိုတာလေး သွားတွေ့မိ၏။ ယခင်က ထွက်ခဲ့ဖူးသည့် ricedroid ကို အခြေခံထားပြီး rising os ဆိုပြီး ဖန်တီးထားခြင်း ဖြစ်၏။ official တော့ မဟုတ် ပေ။ unofficial version ဖြစ်၏။ စမ်းတင်ကြည့်ရင် ကောင်းမလား တွေးနေမိ၏။ data တွေ backup ယူရ၊ app တွေ ပြန်သွင်းရမှာနဲ့ဆိုတော့ အလုပ်က ရှုပ်သေးသည် မဟုတ်လား။



0
0
0.000
4 comments