လွဲတဲ့အခါလည်း လွဲမပေါ့

avatar

Game post တွေ ရေးမယ်ပေါ့။ အစက Moon Karts ဆိုပြီး Colony Token တွေ ဘာတွေ stake လုပ်ထားလိုက်သေး၏။ နောက်ထပ် stake လုပ်မယ့် အချိန်မှာ pizza ကနေ မိတ်ဆက်လိုက်သည့် MOON ကို သွားတွေ့ပြီး ဦးတည်ချက် ပြောင်းသွားပြန်၏။ Moon အချင်းချင်းတော့ အတူတူပါပဲ။ တခုက မြေပြင်မှာ ယှဉ်ပြိုင် မောင်းနှင်ကစားရတာ၊ တခုက အာကာသစခန်းတခု တည်ဆောက်ရတဲ့ ပုံစံမျိုးပေါ့။ ကျနော်နဲ့ ပိုကိုက်ညီတာကတော့ MOON ဖြစ်မည်။ ပြီး လောလောဆယ် MOON က phone နဲ့ ကစားလို့မရသေးပေ။ PC မှာပဲ ကစားလို့ ရနေသေး၏။

Moon Karts ကစားလို့ မရသေးပေမယ့် Colony Token ကိုတော့ မကြာခဏ ထပ်ထပ်ပြီး stake လုပ်ဖို့ တွေးထား၏။ MOON ကိုတော့ ဆော့မယ်ပေါ့။ တချို့အရာလေးတွေ နားလည် လာပေမယ့် တချို့ အချက်တွေတော့ မသိသေးပေ။ ဖြည်းဖြည်းချင်းစီပေါ့။ Power ပိုစုချင်၊ Vote ပိုလိုချင်ရင်တော့ ဒီလောက်တော့ အပင်ပန်းခံ၊ အားစိုက်ထုတ်ရပေလိမ့်မည်။ ကိုယ့် Myanmar Community အပြင် အခြား Community တွေပါ ဖြန့်ကျက်ဖို့ လိုပေလိမ့်မည်။

အစက ဂိမ်းပိုစ့်တွေကို English လိုပဲ ရေးမယ်ပေါ့။ သို့ပေမယ့် ဦးထွေး အကြံပြုသဖြင့် မြန်မာလိုပါထည့်၏။ ကိုယ့် English စာက Grammar တွေ လွဲနေမှာ အသေအချာပဲမို့ မြန်မာလိုလေးနဲ့ နည်းနည်းပြန် ထောက်ကန်ထားဖို့ လို၏။ ဂိမ်းပိုစ့်ကို နေ့တိုင်း ရေးဖို့တော့ အစီအစဉ် မရှိပေ။ ရက်ခြားလောက်သာ ရေးမည်။ ကျန်ရက်တွေမှာတော့ ကိုယ့်ရေးနေကြ စာလေးတွေလည်း ရေးချင်သေး၏။

ဒါတောင် ဒီရက်ပိုင်း Redmi china ROM (stable) phone တွေမှာ တရုတ် App တွေကို uninstall သဘောလိုမျိုး တနည်းအားဖြင့် နောက်ကွယ်မှာ မ run နေအောင် လုပ်ထားလို့ရသည့် နည်းလမ်းလေးကို YouTube မှာ တွေ့ထားသေး၏။ ဒါကိုလည်း ပြန်ရေးပြချင်သေး၏။ ခုမှ ရေးချင်တာတွေ လာထများနေခဲ့၏။ ဒါတောင် ဘောလုံးပွဲ ရာသီတွေ ပြန်မစသေးလို့သာ။ နို့ဆို ရေးစရာတွေ များနေမှာ။ အယ်လယ်။

လောလောဆယ်မှာတော့ FIFA Club World Cup ပြိုင်ပွဲတော့ ကစားနေပြီ ဖြစ်၏။ သတင်းတွေအရ လူစိတ်ဝင်စားမှုတော့ အတော်လေး နည်းနေသေးတယ် ဆို၏။

ရေးစရာ အကြောင်းအရာတွေ များတယ်လို့ပြောပြီး ပိုစ့်တင်ချိန်ကြ တလွဲ ထလုပ်မိပြန်သေး၏။ Community မှားတင်မိခြင်း ဖြစ်၏။ Hive pizza မှာ တင်ရမယ့်ဟာကို Hive Myanmar မှာ တင်မိခြင်း ဖြစ်၏။ အဲ့လိုပါဆို။



0
0
0.000
4 comments
avatar

ရေးစရာတွေ များသတဲ့ အားကျပ။
!LOLZ
!MEME

0
0
0.000
avatar

ဒီလိုပဲ ရှာကြံရေးရတာပါပဲ ဦးထွေးရယ်။

0
0
0.000