မနေလိုက သွားပါလေ

စိတ်တို့ အနည်းငယ် ပြန်လည် တည်ငြိမ်စ ပြုလာခဲ့ပြီ ဖြစ်၏။ ရှေ့ နှစ်ရက်လောက်က အတော်လေးကို စိတ်ညစ်လို့ နေခဲ့၏။ ဘာမှကို ဆက်မလုပ်ချင်တော့ပေ။ တနေ့က ပြောခဲ့သည့် အသင်း နှင့် ပတ်သက်ပြီး ဖြစ်၏။ ဖြစ်ပုံက ဒီလိုပါ။ လက်ရှိ ကျင်းပနေတဲ့ SFL မှာ rule တခု ပါဝင်နေပါတယ်။ ၂၀ နှစ်အောက် ကစားသမား in game (in play) မှာ ၂ ယောက် ပါဝင်ရမယ် ဆိုတဲ့အချက်ပါ။ ကောင်းလည်း ကောင်းသလို ကောင်းလည်း မကောင်း။ အဖွဲ့ချုပ်ကတော့ လူငယ် ကစားသမားတွေ ထွက်ပေါ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်၏။

လူငယ် ကစားသမား ထွက်ပေါ်ဖို့ဆို သက်တမ်းအလိုက် ပြိုင်ပွဲ သက်သက် ကျင်းပပေးလိုက်လို့လည်း ရတာပဲလေ။ ဥပမာ ရန်ကုန်မှာဆို U-16, U-19 League ဆိုပြီး သီးသန့် ကျင်းပပေး၏။ အသက်အမှန်နဲ့ ဝင်ရောက် ယှဉ်ပြိုင်မှုကတော့ မေးခွန်း ထုတ်စရာပင်။ ဟိုးယခင် အစဉ်အဆက် ကတည်းက အသက် လိမ်လာခဲ့ကြတာ ခုထိပဲ မလား။ လက်ရှိ ပြိုင်ပွဲတွေမှာလည်း ထိုကိစ္စက ရှိနေပါသေး၏။ အသက်လိမ် ကစားတာကို ရှက်စရာ အဖြစ် မမြင်နေကြတာက အတော်လေး ဆိုးရွားလှ၏။

ကျနော်တို့ ပါဝင် ယှဉ်ပြိုင်နေသည့် SFL မှာလည်း ထိုကိစ္စ ရှိနေပါသေး၏။ အသင်း တသင်းဆို အသက် ၂၀ ကျော် ကစားသမားကို ၂၀ အောက်ဆိုပြီး လိမ်ညာခဲ့ခြင်းကြောင့် ကစားသမားကိုကော အသင်းကိုပါ အရေးယူခဲ့၏။ အသက်လိမ်ခြင်း ကိစ္စကို ရှက်စရာ မလုပ်သင့်တဲ့ ကိစ္စဟု မြင်လာ ခံစားမိလာအောင် အားလုံးပူးပေါင်း ပါဝင် လုပ်ဆောင်ဖို့ လို၏။

ခုလို ကြီးကြီးကျယ်ကျယ် ပြောနေလို့ မင်းတို့ အသင်းကကော အသက်အမှန်လားဆို အမှန်အကန်တွေပါ။ ခုမှ ၁၅၊ ၁၆ အရွယ် ကလေး ၄ ယောက်နှင့် ၁၈၊ ၁၉၊ ၂၀ အရွယ် ကစားသမား တွေ ပါဝင်နေ၏။ League မစခင် ပါဝင် ကစားဖို့ ပြောဆို စာရင်းပေးထားသည့် ကလေးက League စတင်မယ့် ရက်ကြမှ ရန်ကုန်မှာ လူရွေးသွားမလို့ ဆိုပြီး ပြောလာခဲ့၏။ မကြာဘူးတဲ့။ ထိုသို့ပြောပြီး ၁ လခွဲ၊ ၂ လ နီးပါးကြာသွား၏။

သူပြန်လာချိန် ပကျော့ပြီးဖို့ ၂ ပွဲသာ ကျန်တော့၏။ ၁ ပွဲ ဝင်ကစား၏။ ပကျော့ အပိတ်ပွဲ မတိုင်ခင်မှာ အသင်းပြောင်းမယ်ဆိုပြီး ပြောလာခဲ့၏။ အသင်းပြောင်းတာက သဘာဝ၊ ကစားသမား၏ လွတ်လပ်စွာ ရွေးချယ်ခွင့် ဖြစ်ပါ၏။ သို့ပေမဲ့ သူ လူရွေးပွဲ သွားနေသည့် ကာလ တလျောက်လုံး အသင်းအနေနဲ့ ကစားသမား တယောက် နစ်နာခဲ့ရ၏။ ပြီးသူက ၂၀ နှစ်အောက် ဆိုတော့ ပိုဆိုး၏။ သူ့အသက်အရွယ်နဲ့သူ ကစားပုံ ကောင်းသည် ဆိုရမည်။

ဖြစ်သင့်တာက ပကျော့မှာ အသင်းအတွက် နစ်နာမှုတွေ ရှိထားလို့ ဒုကျော့ ကစားပေးပြီး နောက်တရာသီမှ အသင်းပြောင်းသင့်သည် မဟုတ်လား။ သူသာ စဉ်းစားတတ်မယ် ဆိုရင်ပေါ့။ စာချုပ် ဘာညာတွေ ချုပ်ဆိုထားတာ မဟုတ်တော့လည်း ဘာမှ မတတ်နိုင်ပေ။ အခြေခံ ကျင့်ဝတ်လေးတောင် မရှိသည့် ကစားသမားကို ကျနော်တို့ အနေနဲ့ ဆက်ပြီး ဆွဲထားဖို့လည်း အကြောင်း မရှိတော့ပေ။

(ဆက်ရန်)



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Be ready for the October edition of the Hive Power Up Month!
Hive Power Up Day - October 1st 2026
0
0
0.000