မျက်မှန်

avatar

အိမ်မှာ မျက်မှန် သမား နောက် တယောက် တိုးလာခဲ့ပြီ။ အခြားသူတော့ မဟုတ် တူမလေး ဖြစ်၏။ တူလေးနဲ့ တူမလေးကို နွေရာသီ english စာ summer class အပ်ထား၏။ သင်ပုန်းကစာတွေ မမြင်ရသဖြင့် အရှေ့ဆုံးခုံမှ ထားပေးသည် ဆို၏။ ဒါပေမယ့်လည်း မမြင်ရသေးဘူး ဆိုနေပြန်၏။ နေရာဟောင်းထက်စာရင် နည်းနည်း ပိုမြင်ရတာလောက်ပဲ ရှိ၏။ ရှင်းရှင်းလင်းလင်း မမြင်ရဟု ဆို၏။

သို့နှင့် မျက်စိဆေးခန်းပြပြီး မျက်မှန်တွေ ဘာတွေ စစ်ပေါ့။ အဝေးမှုန်ကိုမှ power 250~300 လောက် ရှိ၏။ ကျနော့်ထက်ကို များနေ၏။ ကျနော်ကမှ 25 လောက်ပဲ ရှိ၏။ ကျနော်က ပါဝါထက် ဆလင်ဒါ ဖြစ်၏။

ထုံးစံအတိုင်း အမေနဲ့ အမတို့က ပြောကြလေပြီ။ ph တွေ computer တွေ ကြည့်လို့ ဆိုပြီးတော့ ပေါ့။ ဆိုင်တော့လည်း ဆိုင်ပေမယ့် ဆိုင်တော့လည်း မဆိုင်ပေ။ တချို့ကလေးတွေဆို ph မကြည့် ဘာ မကြည့်ဘဲနဲ့ မျက်မှန်ကို ပုလင်းဖင်လောက် အထူကြီးတွေ တက်ရသူတွေတောင် ရှိသည် မလား။ ယနေ့ခေတ် တချို့ကလေးတွေထက်စာရင် အိမ်က နှစ်ယောက်က screen time နည်းသည်ဟုတောင် ပြောလို့ရ၏။ သူတို့ကို အချိန်နဲ့သာ ပေးကြည့်၏။

Online class တွေ ဘာတွေကြောင့် screen time နည်းနည်း ပိုသွားတာတော့ ရှိမည်။ ဒါလေး တချက်ပဲ။ online class က တနေ့လုံးစာ အတွက် screen time ၃ နာရီ ရှိ၏။ မီးလာရင် PC မီးမလာရင်တော့ ph နဲ့ပေါ့။ ပြီးရင် သူတို့ဟာ သူတို့ YouTube ကြည့်၊ ဂိမ်းဆော့တာက တနေ့လုံးစာ အတွက် ၂ နာရီလောက် ရှိမည်။ ဒီလို တွက်ကြည့်တော့ screen time က ၅ နာရီလောက် ဖြစ်သွား ပြန်ရော။ များတယ်လို့ ပြောရင်လည်း ပြောလို့ ရမည့် အနေအထား ဖြစ်၏။

မနက် အိပ်ရာထပြီးတာနဲ့ ရေတွေ ဘာတွေ သောက်ပြီးရင် ဒူးခေါင်းကနေ ရေလောင်းဖို့ တူမလေးကို မှာထားရ၏။ မျက်မှန် လုံးဝ မပျောက်ရင်တောင် ပါဝါလျော့သွားဖို့ အတွက်ပေါ့။ ပြီး မျက်စိ အတွက် အားဖြစ်စေမယ့် အသီးအနှံတွေကို စားဖို့ကိုလည်း တပါတည်း ပြောနေရ၏။ တူမလေးက အသီးအရွက်တွေ သိပ်မစားပေ။



0
0
0.000
10 comments
avatar

မုန်လာနီ ကို သုပ်စား ၊ဒီတိုင်းအးစိမ်းလည်စားပါ။ကိုယ့်တွေ့တော့ သက်သာပါတယ်ရှင့်။

0
0
0.000
avatar

Screen time ကတော့ ဟုတ်ပဗျာ...!PGM !LUV

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO tokens

remaining commands 4

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.
You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Be ready for the May edition of the Hive Power Up Month!
Hive Power Up Day - May 1st 2023
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

ကျမ သားလည်း တက်​နေရပါပြီ😊

0
0
0.000