မြေးတော်

avatar

ကျနော်၏ မြေးက မကြာခဏ လာလည်၏။ သူ့အမေက ကျနော့် တူမ ဖြစ်၏။ တူမကို ထိန်းခဲ့ရသလို ခု မြေးကိုလည်း ထိန်းပေါ့။ မြေးက အမျိုးမှန်း သိသည်ထင်၏။ ကျနော်တို့ တအိမ်လုံးကို ခင်၏။ ရောက်စ တွေ့တွေ့ချင်းကို တရင်းတနှီး ပုံစံ မျိူး။ ကျနော့်နားလည်း အတော်ကပ်၏။ ဒါတောင် လာလည်တာ ၃ ကြိမ်လောက်ပဲ ရှိသေး၏။ သူတို့ သားအမိက နေ့တပိုင်းလောက် အိမ်မှာ လာနေ၊ လာလည်ကြ၏။

နေ့လည် ၁၁ နာရီ လောက် လာပြီး ည ၇ နာရီလောက် ပြန်ကြ၏။ ဟိုဘက် အိမ်မှာက သူ့ အဖွား (အဖွားအရင်းက ကျိုင်းတုံမှာ၊ ကျနော့် ယောင်းမပေါ့ အကို၏ မိန်းမ ဆိုတော့) ရှိ၏။ သူ့ အဖွားက တကိုယ်ထဲ သမား။ ထို့ကြောင့် သူတို့ သားအမိလည်း ဟိုဘက်အိမ်ကူးလိုက် ဒီဘက်အိမ် ကူးလိုက်နဲ့ပေါ့။

မြေးက အတော်လေး သန်၊ သွက်၏။ သူ့ အသက်အရွယ် အခြားကလေးတွေနဲ့ ယှဥ်ရင် ကြမ်းသည်ဟုတောင် ပြောလို့ရ၏။ ကြမ်းကြမ်းတမ်းတမ်းပေါ့။ ကျနော်ကတော့ သဘောကျ၏။ ယောကျ်ားလေးပဲ ခပ်ကြမ်းကြမ်းမှ။ တူမလေးမှာလည်း သူ့သားကို ထိန်းရလို့ နဂို မဝသည့် ခန္ဓာကိုယ်က ပိုလို့ ပိန်ရှာလေတော့၏။ ဆရာသမားကလည်း အတော် လိုက်ဆွဲ အတော်ထိန်းရ၏။ ပထမ တရက် သူလာလည်ပြီး ပြန်သွားတော့ ကျနော့်မှာ လက်တွေကော ခါးတွေပါ ညောင်းကိုက်ပြီး ကျန်ခဲ့၏။ ထို့ကြောင့် တူမလေး ကလည်း နေ့တိုင်း လာလည်လိုသော်လည်း ကျနော်နှင့် အမေ ပင်ပန်းမည် ဆိုးသဖြင့် ရက်ခြားသာ လာ၏။

ဟိုဘက် အိမ်မှာက ကြ သူ့အဖွား တယောက်ထဲပဲ ဆိုတော့ သူတို့ သားအမိနဲ့ ၃ ယောက်ပေါ့။ ကလေး အတွက် ကစားဖော်တော့ မရှိပေ။ ဒါပေမယ့် သူ နေနိုင် နေတတ်သည် ဆို၏။ ဒီဘက်အိမ်မှာတော့ ကျနော့် တူလေးနဲ့ တူမလေးတွေ ရှိတော့ သူ့ အတွက် ကစားပေးမယ့်သူ ရှိသည်ဟု ပြောလို့ရ၏။ online class ပြီးက ၃ ယောက်သား တဝုန်းဝုန်း တရုန်းရုန်းနဲ့။ နေ့လည် နေ့ခင်း အိပ်တတ်သော အမေတောင် မအိပ်ရပေ။

ဒီနေ့ သူတို့ သား အမိ လာကြ၏။ ထုံးစံအတိုင်း နေ့လည်ခင်းလာ၊ ညဦးပိုင်း ပြန်ပေါ့။ ယခင်ရက်တွေကထက် အိမ်မှာ ပိုညံစီသွား၏။ အရင်ရက်တွေက ၂ ယောက်ထဲ မလား။ ခုက ကလေး ၃ ယောက်ကိုး။ ဆော့ကြသည့် အဆော့၊ ဆော့သည် ဆိုပေမယ့် အကြီး နှစ်ယောက်က သူ့ကို ပြန်လိုက် ထိန်း၊ ကြည့်ပေးတဲ့ သဘောပါ။ ညနေလည်း စောင်းရော လူကြီးတွေလည်းမော၊ ကလေးလည်း ပန်းရော။ စားပြီး သောက်ပြီး ဟိုဘက်အိမ် ပြန်ပို့ပေါ့။

လမ်းတဝက်မှာ မိုးက ကောက်ခါငင်ခါ သဲကြီး မဲကြီး ရွာချ၏။ မိုးကာ မပါရကား မိုးခါရတော့၏။ မီးကလည်း ပျက်နေသေး၏။ မိုးခါစရာ နေရာက ဆိုင်တခု၏ တံစက်မြိတ်အောက် ဖြစ်၏။ မိုးကြီးပြီး လေပါ ပါတော့ မိုးကပတ် မလုံတော့ပေ။ ကျနော်နဲ့ တူမလေးလည်း ကလေးကို မိုးမစိုအောင်သာ ဂရုစိုက်ကြရ၏။ မိုးက တော်တော် ကြာကြာ ရွာ၏။ ရေလည်း ပါ၏။

မိုးနဲနဲစဲတော့ မြန်မြန်ပို့ပေးပြီး ကလေးကိုကော လူကြီးကော ဆေးတိုက်၊ ဆေးသောက်ဖို့ တပါတည်း မှာခဲ့၏။ ကျနော်လည်း အိမ်ပြန်ရောက်တော့ ညစာစားပြီး ဆေးသောက်၏။ ဒီညတော့ စောစောအိပ်မှပဲ။



0
0
0.000
3 comments
avatar



@myothuzar you !PIMP, the HiQ Smart Bot has recognized your request but the daily limit has been reached. Try again tomorrow.


Delegate HP to @hiq.hive, BEE to @hiq.bee,
PHOTO to @hiq.photo, FUN to @hiq.fun,
ONEUP to @hiq.oneup or PIMP to @hiq.pimp
to support the HiQ Smart Bot and its trails,
and grab "massive" rewards!

If you have at least 10 HIQS staked
and your daily limit is not exceeded,
then juicy votes will follow!

Check out HiQ - The Hivestyle Magazine,
fomo into HiQs - The Support Token
& vote our fucking Witness!

This is a semi automatically created manual curation. !LOL
Currently this sexy Smart Bot is in the testing phase though.
For further questions, feel free to contact @hiq.redaktion via comment or Discord.

0
0
0.000