ငါတို့တွေ နိုင်ကို နိုင်ရမယ်

avatar

မိုးက ဒီရက်ပိုင်း ပြန်ရွာလာခဲ့၏။ ရှေ့ရက်တွေ တုန်းက မရွာ။ မရွာတာမှ ၃ ရက်လောက် ရှိမည်။ ပုံမှန်ဆို တရက်ကို အနည်းဆုံး တကြိမ်လောက်တော့ ရွာနေကြကိုး။ မိုးက မရွာတော့ ရာသီဥတုက ပူ၏။ နေသာ၏၊ သာယာ၏။ ဒါပေမယ့် ပူ၏။

တောင်ကြီးလည်း ယခင်လို မဟုတ်တော့ပေ။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ရာသီဥတုတွေ ဖောက်ပြန်နေမှတော့ တောင်ကြီးမြို့ တမြို့ထဲ ကွက်ပြီး ဘယ်ကလာ သာယာ အေးချမ်းမည်နည်း။ ခုက ရာသီဥတု ထက် ဆိုးသည့် ငစစ်ဘေး၊ ငဗစ်ဘေးတွေက ရှိသေးသည် မဟုတ်လား။ နိုင်ငံရဲ့လက်ရှိအခြေအနေက အတော်လေး ဆိုး၏။ ဒါပေမယ့် ဒါကလည်း အကောင်းဘက်ကို သွားမယ့် အဆိုးမျိုး ဖြစ်၏။ နေဝင်ညတွေကတော့ ဖြတ်ရဦးမည် မဟုတ်လား။

ကျနော်တို့ မြို့က ယခင်လောက် မအေးတော့ပေ။ ပြီး နွေရာသီမှာလည်း ယခင်ကထက်ကို ပိုပြီး ပူပြင်းသေး၏။ ဒေသတွင်း သစ်တော၊ သစ်ပင်တွေ ဆုံးရှုံးမှုက ခုလိုရာသီဥတု မမျှတ ဖောက်ပြန်တာတွေ ဖြစ်စေ၏။

ရှေ့ ၃ ရက်လောက်က တောက်လျောက် နေသာ ပူပြင်းနေရာကနေ ဒီနေ့မှာ ကောက်ခါငင်ခါ မိုးထရွာ၏။ ဒီတခါတော့ မိုးရွာပေမယ့်လည်း မပူနေပေ၊ အတော်အေး၏။ ယခင် ရက်တွေ ရွာတုန်းကတောင် မိုးက ရွာပေမယ့် အေးစိမ့်စိမ့် ဖြစ်သွားတာမျိုး မရှိပေ။ ဒီနေ့ မိုးကတော့ အေးပြီး ချမ်းသွား စေ၏။

မိုးရွာချိန်မှာ ကျနော်က သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ရောက်နေခဲ့၏။ အိမ်က ထွက်လာတုန်းက နေသာ နေသဖြင့် ဘောင်းဘီ အရှည်အစား အတိုလေး ဝတ်လာခဲ့မိတာ မှားပြီ။ ရွာစတုန်းက မသိသာပေမယ့် ရွာချိန်ကြာလာတော့ သိသာလာ၏။ ပပေါ်ပိုင်းက အနွေးထည် ဝတ်ထားပေမယ့် အောက်ပိုင်းက အေးနေပြီ ဖြစ်၏။ မိုးတိတ်တော့ ပိုက်ဆံ ရှင်းပြီး ကိုယ်စီ ထပြန်ကြ၏။

အိမ်ရောက်တော့ အဝတ်လဲပြီး အိပ်ရာထဲ စောင်ခြုံ နေရ၏။ အင်း ဆောင်းဝင်ခါနီးတော့ မိုးက အအေးဓာတ် ပါလာပြီထင်ရ၏။ မြို့ပေါ်နေ ကိုယ်တွေ ခိုစရာ နားစရာ ရှိသေး၏။ တောထဲတောင်ထဲ တိုက်ပွဲ ဝင်နေသူတွေ စစ်ဘေးရှောင်နေရသူတွေ မည်သို့များ ဖြတ်သန်း ဖြတ်ကျော်ကြရမည်နည်း။ အပြင်မှာ အေးပေမယ့် ရင်ထဲမှာ တွေးပြီး ပူလာရပြန်၏။ စောင်ခြုံပြီး သက်တောင့်သက်သာ နေနေရသည့် ကိုယ့်ကိုတောင် လိပ်ပြာ မလုံချင်သလို ဖြစ်သွား ခဲ့ရ၏။ ကျနော်တို့ အမြန်နိုင်မှ ရမည်။ နိုင်ရာဝန် ထမ်းရင်း ကူကြရအောင်။



0
0
0.000
5 comments
avatar

မြန်မြန်နိုင်မှ ငုရင်လေးတွေနဲ့ မြန်မြန်တွေ့ရမှာ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(2/5) tipped @donjaun (x1)
kachinhenry tipped donjaun (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

နိုင်ကို နိုင်ရမည်။
!PIZZA

0
0
0.000