ပုံမလာ

avatar

ဒီနေ့ ပိုကျွမ်းကျင်သူတွေလည်း မလာပေ။ နိုင်ငံနဲ့ချီပြီး ပြောရသော် မြန်မာ နိုင်ငံမှာက ဒီအတိုင်းတွေသာ အတော် များ၏။ Fiber လိုင်းတွေက before sale သာ ကောင်းပြီး after sale ပြီးနောက် after service က အတော်လေး ဝဲစွဲ ဆုတ်ပျက်လွန်းလှ၏။ ရန်ကုန်လို အပြိုင်အဆိုင်များသည့် နေရာမှာတော့ အထိုက်အလျောက် ဂရုစိုက် ခံရပါ၏။ ဒါကလည်း အမေ့ ခေတ်တုန်းက တွင်သာ။ ခု ပထွေး၊ $ အာဏာရူး ခေတ်မှာတော့ သူတို့တွေလည်း အကျင့်တွေ ပျက်လာတော့၏။ wifi မတပ်ခင်တုန်းကတော့ ကန်တော့ ဖင်ယက်မတက် ပြောဆိုလေ့ ဂရုစိုက်လေ့ ရှိပြီး တပ်ပြီး နောက်ပိုင်းမှာတော့ တံတွေးတောင် လှည့်ပြီး မထွေးတော့ပေ။

သက်တမ်း နက်ဖြန်လို ပြည့်တော့မယ်ဆို ဒီနေ့ နေ့လည်လောက် ကတည်းက ph ဆက်၍သော်လည်းကောင်း message ပို့၍သော်လည်းကောင်း အကိုရေ wifi သက်တမ်း လေး ကုန်တော့မှာမို့ bill ဆောင်ပေးပါဦးနဲ့။ မိမိတို့များ လိုင်းမရ၊ လိုင်းပျက်က နာရီပိုင်း အတွင်း ဝေးစွ ရက်ပါကူးလေ၏။ ဒါတောင် ကျနော်တို့မှာ bill ကို တလစာ ကြိုဆောင်ရခြင်း ဖြစ်၏။

MyTel တောင် လကုန်မှ သွင်း ဖြစ်၏။ ဒါပေမယ့် MyTel တော့ အလကားရတောင် မတပ်ပေ။ ငစစ်ကာလ မတိုင်ခင် တုန်းကတော့ MyTel ပြောင်းတပ်မယ်ဆိုပြီး စုံစမ်း ဖြစ်သေး၏။ ဒါပေမယ့် ကျနော့် အိမ်ဘက်က MyTel မရပေ။ WeLink နဲ့ MBT သာ ရ၏။ MBT ကိုက ပြောင်းဖို့ မရှိပေ။ တမြို့လုံး၏ အဆိုးဆုံးလိုင်းဟု ပြောလို့ရ၏။

အာဏာသိမ်းပြီး စတုန်းကတော့ MBT တွေ အတော် hot သွားသေး၏။ ကျန် Fiber လိုင်းတွေ လိုင်းပျက်ချိန်မှာ သူက မပျက်သောကြောင့် ဖြစ်၏။ ထိုကာလမှာ တပ်သူသွား များသွားလိုက်သေး၏။ ထိုအချိန် ခဏ အပြီးမှာတော့ တပတ် ဆယ်ရက် လိုင်းကျ လွန်းလို့ ဆိုပြီး သုံးစွဲသူတွေ ငြီးငြူရသည် အထိပင်။ တောင်ကြီး fiber, wifi group မှာများ တယောက်ယောက်က wifi ဘာတပ်ရမလဲ မေးက MBT တော့ မတပ်နဲ့ဆိုပြီး ဝိုင်းပြောကြသူက အများဆုံးပင်။

ကြင်စိုးသာ အာဏာ မရူးက ခုချိန်ဆို တိုင်းပြည်က အတော်လေး ဟုတ် နေလောက်ပြီ။ လူနေမှု အဆင့်အတန်းကော စိတ်ဓာတ် ရေးရာ အရကောပေါ့။ ပြီး နောက်ထပ် ရွေးချယ် စရာ fiber wifi လိုင်းတွေလည်း အများကြီး ရှိလာ ဖြစ်လာနိုင်၏။ အပြိုင်အဆိုင် marketing ဆင်းပြီး အပြိုင်အဆိုင် service ပေးကြနဲ့ပေါ့။

ခုတော့လား customers တွေကို အပြိုင်အဆိုင် စိတ်ဒုက္ခတွေသာ ပေးလို့ နေတော့၏။



0
0
0.000
12 comments
avatar

အမှန်တွေပါပဲလား...!LUV !LOLZ !MEME

0
0
0.000
avatar

ဒီမှာလဲ ညလိုင်းမကောင်းလို့ ပြောယူရတယ်.
!PGM !MEME !LOL

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @princekham

remaining commands 8

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

လျပ်စစ်ရထားရစီးရအောင်လုပ်နေတာမို့ Wifi ဘက်လှည့်မကြည့်အားဘူးတဲ့။ !PIZZA

0
0
0.000