ပူ (၁)

avatar

fb_img_1638790212152

လက်ရှိ ကိုင်နေတဲ့ CC9 phone လေးက ဂိမ်းဆော့လျှင် ပူပူလာလေ့ ရှိ၏။ ကျနော် သတိထားမိသလောက် ယခင်က သိပ်မပူပေ။ ခုတလော သိသိသာသာကို ပူပူလာ၏။ ဆော့ကစားချိန် နည်းနည်း ကြာလာလျှင် heat က အတော်ကြီးကို တက်လာလေ့ ရှိ၏။ phone က ပူလာတော့ လိုင်းကျခြင်း ထစ်ခြင်းများ ဖြစ်တတ်၏။ ထိုသို့ ဖြစ်က ဘယ်လိုမှ အဆင်မပြေပေ။

အရင်က မဖြစ်ဘဲ ခုမှ ဖြစ်တယ်ဆိုတော့ စဥ်းစားရလည်း ကြပ်သား။ အခြား performance ပိုင်းမှာတော့ ကျနော့် phone က အတော်လေး အဆင်ပြေနေပါသေး၏။ အတိအကျတော့ မမှတ်မိပေမယ့် လက်ရှိ phone ကို ကိုင်လာတာ ၅ နှစ်လောက်တော့ ရှိတော့မည်။ သူ့ official MIUI update က 13 တော့ မရတော့ပေ။ ပြီး Android 11 နှင့်သာ ရပ်သွားခဲ့၏။

သို့ပေမယ့် ကျနော်က custom rom သုံးသူ ဆိုတော့ ထို အချက်တွေ ထည့်တွက် ကြည့်နေစရာ မလိုပေ။ Custom rom သုံးလျှင် Android 12 အထိ ကောင်းကောင်း ရ၏။ နောက်ပိုင်း Android 13 တောင် ရနိုင်သေး၏။ Custom rom အများစုကတော့ AOSP ကို အခြေခံပြီး ဖန်တီးထားကြ၏။ Google ထုတ် pixel phone များနှင့် ဆင်တူအောင်လည်း ဖန်တီးထားကြ၏။ ထို custom rom တွေ တင်ဖို့ အတွက်က မိမိ phone ကို root ဖောက် ထားလျှင် ရပြီ ဖြစ်၏။

img_0.1550490133158831

ယခင်ကာလတွေတုန်းက root ကို Zawgyi font အသုံးပြုနိုင်ဖို့ ဖောက်ကြခြင်း ဖြစ်၏။ ကျနော် ကလား custom rom သုံးပြီး customize လုပ်ချင်လို့ကို root ဖောက်လေ့ ရှိ၏။ သုံးခဲ့ဖူးသည့် phone တိုင်းကို root ဖောက် custom rom တင်ပြီး သုံးဖြစ်ခဲ့သည်သာချည်းပင်။

ဝယ်စလောက်တုန်းကသာ official buid in rom တွေကို သုံးလေ့ ရှိပြီး အချိန် နည်းနည်းကြာလာသည်နှင့် custom rom ပြောင်းသုံး တော့၏။ ခုပင်ကြည့်။ ကိုင်နေတာက mi phone ဒါပေမယ့် MIUI မဟုတ်၊ Spark OS တင်သုံးထား၏။ လက်ရှိ MIUI 13 ကိုတော့ မသုံးဖူးသေးပေ။ MIUI 10, 11, 12 တွေ သုံးဖူးခဲ့၏။ MIUI 10 ကို အကြိုက်ဆုံး ဖြစ်၏။

ဆက်ရန်



0
0
0.000
5 comments
avatar

စိတ်ဝင်စားစရာပါ...နောက်အပိုင်းဆက်အားပေးမယ်...!LOLZ !MEME

0
0
0.000
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

NFT for peace - Thank you for your continuous support
Support the HiveBuzz project. Vote for our proposal!
0
0
0.000