ပူမြဲ ပူဆဲ

Spark os version အသစ် သွင်းထားပေမယ့် ph က ပူနေဆဲပင်။ ထုံးစံအတိုင်း normal use ထက် ဂိမ်းဆော့ရင် ပူပြီ။ စဆော့ဆော့ချင်း ပူတာတော့ မဟုတ်ပေ။ နည်းနည်း ကြာလာမှ ပူလာခြင်း ဖြစ်၏။ အင်းပေါ့ phone ကလည်း နှစ်နည်းနည်း ကြာလာနေခဲ့ပြီကိုး။ miui rom ပဲ ပြန်တင်ကြည့်ရလေမလား။ ခက်တာက miui rom ကို သိပ်သဘောမကျ ပေ။
bloatware တွေ ဘာနေခြင်းကို မကြိုက်တာ။ Android phone အများစု မှာက မူလ AOSP firmware အပေါ်မှာ ကိုယ်ပိုင် UI, app တွေ ထပ်ဖြည့်ပေးလေ့ ရှိ၏။ သူတို့ကတော့ user တွေများ လိုနေမလား ဆိုပြီးတော့ ပေါ့လေ။ ဥပမာ အားဖြင့်ဆို mi (china rom) တွေမှာဆို ပိုဆိုးသေး။ တရုတ် software တွေ app တွေမှ အများကြီးရယ်။ တရုတ်ပြည် ပြင်ပမှာ သုံးလို့မရ၊ သုံးလေ့ မရှိတဲ့ App မျိုးတွေပေါ့။
ကျနော်တို့ အတွက် အသုံး မဝင်သည့် app တွေ ပါဝင်နေခြင်းကို bloatware တွေ ပါသည်ဟု ပြောလို့ရ၏။ bloatware အနည်းဆုံး UI တွေ ပြောရလျှင်တော့ one plus os (ui), asus ရဲ့ ui ပြီးတော့ google က ထုတ်တဲ့ pixel phone တွေပေါ့။ ခုနောက်ပိုင်းဆို nothing os ပါ ထည့် တွက်ရတော့မယ်။ သူတို့တွေမှာ မလိုအပ်၊ အသုံးမလိုတဲ့ software တွေ app တွေ ထည့်ထားပေးလေ့ မရှိဘူး။ တကယ်အသုံးပြုဖြစ် အသုံးဝင်မယ့် app တွေ လောက်ပဲ ထည့်ထားပေးကြ၏။

ကျနော့်လို ရှင်းရှင်း လင်းလင်း နှင့် stock Android ပုံစံ လိုမျိုး နှစ်သက်သူ အတွက်ကတော့ ထို os ၏ ui တွေက သဘောကျ စရာတွေ ပင်။ ဒါပေမယ့် ထို phone တွေကို ဝယ်မကိုင်နိုင်သေးရကား stock android နဲ့ အဆင်တူဆုံး ဖြစ်သည့် pixel rom base custom rom များကို တင်ပြီး သုံးရခြင်း ဖြစ်၏။
ယခု ကိုင်နေသည့် mi cc9 (mi9 lite) ph လေးတောင် ကိုင်စတုန်းကသာ MIUI rom သုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ custom rom တွေချည်းပဲ လှည့်ပတ်ပြီး သုံးခဲ့၏။ အချို့ကတော့ custom rom တွေကို မကြိုက်ကြပေ။ ရေရှည် သုံးကြည့်က custom rom တွေက error တွေ ဘာတွေ ဖြစ်လာတတ်လို့ ဆိုပြီး အကြောင်း ပြကြ၏။ ထိုသို့ ဆိုပေမယ့် official rom တွေမှာလည်း တခါတလေ တချို့ update တွေမှာ bugs တွေ errors တွေ ပါလာတတ်တာပါကိုး။
custom rom မှာတောင်မှ official နဲ့ unofficial ဆိုပြီး ရှိသေး၏။ official က ထို phone အမျိုးအစား အတွက် official firmware အဖြစ် အဆိုပါ custom rom ဖန်တီးသည့် အဖွဲ့အစည်းက အသိအမှတ်ပြု ထုတ်ထားပေးခြင်း ဖြစ်၏။ unofficial ကတော့ ထိုသို့ မဟုတ်ပေ။ ဥပမာ ပြောရလျှင် လက်ရှိ ကျနော် သုံးနေသည့် spark os က unofficial ဖြစ်၏။ တခြား ph အမျိုးအစားတွေ အတွက်တော့ အနှီ rom ရှိပေမယ့် ကျနော့် ph အတွက်က မရှိပေ။
ထိုသို့ official custom rom မရှိတဲ့ ph တွေမှာလည်း အဆိုပါ rom ကို သုံးချင်တော့ Developer တဦးဦးက အဆိုပါ rom ကို ယူပြီး မိမိသုံးချင်သော ph အတွက် ရေးလိုက်ခြင်း ဖြစ်၏။ official နဲ့ unofficial ဘာကွာလဲဆိုတော့ မကွာပေ၊ သုံးရတာကတော့ အတူတူပဲ ဖြစ်၏။ တခုပဲ official က otg update ရပြီး unofficial ကတော့ otg update မရခြင်း ဖြစ်၏။
အမှန်တော့ ph ပူနေသည့် ကိစ္စနဲ့ ပတ်သတ်ပြီး စမ်းမိသည့် software လေး တခု အကြောင်း ပြောမယ် တွေးပြီး ယခု ပိုစ့်ကို ရေးခြင်း ဖြစ်၏။ ရေးရင်း ရေးရင်း rom တွေဖက် ရောက်သွားခြင်း ဖြစ်၏။ နောက်ရက်မှ အဆိုပါ software လေး အကြောင်း ရေးပါဦးမည်။
!pizza
!LOLZ !PIZZA စာအရှည်ကြီးတွေ ရေးထားတယ်ဗျာ 😁
PIZZA Holders sent $PIZZA tips in this post's comments:
@callmemaungthan(5/5) tipped @donjaun (x1)
You can now send $PIZZA tips in Discord via tip.cc!
ROM က ဘလုပ်ရမှာလဲ RUM ပဲချပါလေ 😅
!PGM !LUV !LOLZ
@uthantzin(4/10) gave you LUV.
tools | wallet | discord | community | <>< daily
HiveBuzz.me NFT for Peace
lolztoken.com
He always wants everything meow.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of @uthantzin
The LOLZ Tribe is here! Stake your LOLZ now to earn curation rewards and continue using the !LOLZ command. Please read our latest update for more information.
(3/8)