ပျော်
ပိုစ့်တင်ခါနီးမှ စာရေးလေ့ ရှိသော ကျနော် မနေ့က စောစောစီးစီး စာတွေ ရေးဖြစ်နေ၏။ ဘယ်လောက် စောလည်းဆို အိပ်ရာ နိုး၊ မျက်စိ နှလုံးပွင့်တာနဲ့ စာရေးမယ်ဟ ဆိုပြီး ဖြစ်နေခဲ့၏။ ဖြစ်ဆို United က FA Cup ကွာတားဖိုင်နယ်အဆင့်မှာ Liverpool ကို အနိုင်ယူခဲ့သည် မဟုတ်လား။
လက်ရှိ အသင်းက အိမ်နိမ့်စံ အခြေအနေမို့ ဘယ်ပွဲ နိုင်နိုင် ပျော်နေ ဝမ်းသာ နေရ၏။ ခုလို Liverpool လို အသင်းမျိုးကို အနိုင်ရခဲ့တာကတော့ ပျော်ကို ပျော်သင့်သည် မဟုတ်လား။ ပြီးတော့ FA Cup ကွာတားဖိုင်နယ်လို ပွဲမျိုး မလား။
အားလုံး နီးပါးက ရှုံးမယ်လို့ တွက်ထားသည့် ပွဲကိုမှ ကိုယ်တွေက အနိုင်ရခဲ့သည် မဟုတ်လား။ ရှုံးနာကိုမှ ဂိုးပြတ်နဲ့ကို ရှုံးမယ်လို့ ခန့်မှန်း တွေးထားကြ၏။ တခြားသူတွေ မပြောနဲ့ ကိုယ်တွေ United fans တွေတောင် ဂိုးပြတ် မရှုံးရင် ပြီးရော ဆိုသည့် စိတ်မျိုး မွေးကာ အားပေးဖို့ ပြင်ဆင်ထား၏။ ဖြစ်ချင်တော့ ပွဲစ ခရာမှုတ်ပြီး United ၏ ကစားဟန်ကို မြင်ပြီးနောက် ဒီပွဲတော့ ကိုယ်တွေ အတွက် အခွင့်အရေး ရှိနေ သေးသဟလို့ တွေးနေမိ၏။
ထိုအတွေးကို ပိုသေချာ သွားစေတာကတော့ United တို့ ဦးဆောင်ဂိုး သွင်းလိုက်ချိန်မှာ ဖြစ်၏။ ဟ ငါ့ကောင်တွေ တကယ် လုပ်နေကြပြီပေါ့။ နို့ပေမယ့် ထိုအတွေးက ပထမပိုင်း နောက်ဆုံး မိနစ်နှင့် ဒုတိယပိုင်း မိနစ် အစောပိုင်းတွေမှာ ပြန်ပြီး ပျောက်ကွယ်သွားခဲ့ပြန်၏။
Antony ချေပဂိုး သွင်းပြီး နောက်မှာတော့ ဆီမီးဖိုင်နယ် အိပ်မက်တွေ တဖန် ပြန်လည်လို့ ရှင်သန်လာခဲ့၏။ အချိန်ပိုမှာ Liverpool က အရင်ဂိုးသွင်း လိုက်တော့ ငါတို့တော့ ထွက်ရပြီ ထင်တယ်ဟု အတွေးတွေ ပြန်ဝင်လာ ပြန်ရော။ ဒေါက်တာလေး၏ ချေပဂိုးကြောင့် အိပ်မက်တွေ နောက်တကြိမ် ပြန်လည်လို့ နိုးထ လာခဲ့၏။
Amad က အနိုင်ဂိုး သွင်းယူ လိုက်ချိန်မှာတော့ ငါတို့တော့ ဒီပွဲနိုင်ပြီး ဆီမီး ဖိုင်နယ် တက်ပြီဟ ဆိုသည့် အတွေးက သေချာ သွားစေခဲ့၏။ ဒီနှစ် ဒီရာသီမှာ United နှင့် ပတ်သက်ပြီး အပျော်ဆုံး အချိန်ဟု ပြောလို့ရ၏။ ထပ်ပြောပါရစေ နည်းပြကိုကော အသင်းသားတွေကိုကော ကျေးဇူး တင်ရပါ၏။ ခုထိ ပျော်နေမိတဲ့ အတွက် အူမြူးနေမိသည့် အတွက်လည်း အားလုံးကို တောင်းပန်ပါ၏။
(photos from Manchester United Facebook page)
မန်ယူဖန်တွေကလေအရမ်းတိုက်တယ်နော်
ဟဲဟဲ
!pizza
!LOLZ
!MEME
lolztoken.com
they’re so full of themselves.
Credit: marshmellowman
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 130000 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!