ပြည်သူ့အောင်ပွဲ (၆၈)

avatar

img_0.7396728979294764.jpg

တအိမ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စလေ
အိမ်ရှေ့ပူ
အိမ်နောက် ဘယ် ငြိမ်းချမ်းမလဲ
အိမ်နောက်ဆူ ပြန်တော့
အိမ်ရှေ့ ဘယ်​ဖြေသာမလဲ

တအူတုံဆင်း မဟုတ်ပေမယ့်
တစိတ်တဝမ်းထဲ မလား

ခင်ရာ ဆွေမျိုး မြိန်ရာ ဟင်းကောင်းတဲ့
အစားကောင်း စားရတိုင်း
မိတ်ဆွေတွေကို သတိရသလို

ခုချိန်မှာလည်း
သတိ ရ ရ၊ စိတ်ပူ ရနဲ့

လွတ်လပ်ရေး ရခဲ့တာက ကြာပြီ
ဒါပေမယ့်
ဒီမိုကရေစီ စစ်စစ်က ခုထိ မရသေး

အဆုံးသတ်တိုက်ပွဲ ငါတို့တိုက်မယ်
အောင်ပွဲ မဝေးတော့ပြီ

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar



0
0
0.000
1 comments
avatar

အဆုံးသတ်ကို ဆက်တိုက်နေကြမယ်လေ။

0
0
0.000