ဆေးထိုး ဆေးသောက်

ဖျားခဲ၏။ အေး ဖျားရင်လည်း ဆေးထိုးရမှ ဆိုတာ ကျနော့်လို လူမျိုး ဖြစ်မည်။ ပါရာစီတမော နှစ်ကြိမ် သောက်ပြီးသည့်တိုင် အဆင် မပြေလာတော့ ဆေးခန်း ပြေးရလေတော့၏။ ဆေးခန်းက မနက်ပိုင်း တကြိမ်၊ ညနေပိုင်း တကြိမ် နှစ်ကြိမ် ဖွင့်၏။ ညနေပိုင်းမှာ သွားပြ၏။ ဆေးခန်း အသွား လမ်းမှာ ကားတွေတော့ ရှုပ်၏။ တန်ဆောင်တိုင် ဖွင့်ပွဲ ကိုး။ ကိုယ့် အသိ မိတ်ဆွေတွေထဲတော့ ပွဲသွားသူတွေ မရှိပေ။ အသိ မီးဆရာတွေလည်း ပြိုင်ပွဲ မဝင်ကြပေ။ လေးစားဖို့ ချစ်ဖို့ ကောင်း၏။
တကယ်တော့ တန်ဆောင်တိုင် ဖွင့်ပွဲတိုင်း လူများပြီး တိုးမပေါက်အောင် လူစည်လေ့ ရှိ၏။ ဒါပေမယ့် ဒီနှစ်တန်ဆောင်တိုင်ကတော့ ထိုသို့ မဟုတ်ပေ။ ဘယ်သူတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ကြသည်ဆိုတာက အသိသာကြီး။ ပြိုင်ပွဲဝင် မီးအဖွဲ့ထဲ နာမည်ကြီး ဝါရင့် သမ္ဘာရင့်မီးတွေ တခုမှ မတွေ့ရပေ။ ဒီက နယ်ခံအများစုထဲ ပွဲသွား၊ ပွဲလာ လုပ်မည့်သူ အင်မတန်မှ နည်းလိမ့်မည်။ ဒီအချက်တွေကို မသိသည့် အဝေးက အမျိုးတွေကတော့ တောင်ကြီးသူ၊ တောင်ကြီးသားများကို အနည်းနဲ့ အများတော့ တမျိုးမြင်ကြပေလိမ့်မည်။
တော်လှန်ရေးကြီးမှာ သွေးမအေးသွားသေးဘူး ဆိုတာ ကျနော်တို့ အချင်းချင်း လူရင်းတွေက အသိဆုံးပင်။ အရေးကြီးက သွေးနီး၊ သွေးစည်းကြရပေလိမ့်မည်။
နံပတ်စဉ်က 26 ဖြစ်နေတော့ ကိုယ့်အလှည့် ရောက်ဖို့ အတော် စောင့်လိုက်ရ၏။ ကျနော်လည်း ပြပြီးရော၊ လူတွေလည်း ကုန်သလောက် ရှိသွားခဲ့ပြီ ဖြစ်၏။ ဆေးခန်း လာပြသူတွေထဲ ကျနော့်အရွယ် လူငယ်များ အတော်များ၏။ ကျနော့်လိုပဲ ရာသီဥတုအကူးအပြောင်းမှာ ဖျားကြခြင်း ဖြစ်မည်။ ၈၅၀၀ ကျပ်တန် package တွေချင်းတူနေတာ ဆိုတော့လေ။
ဆေးထိုး၊ ဆေးသောက်ထားတော့ ညဦးပိုင်း ကတည်းက အိပ်ပျော်သွားခဲ့၏။ မနက်လင်းခါနီးမှာတော့ အိပ်မပျော်တော့ပြန်ပေ။ အတွေးလိုလို အိပ်မက်လိုလိုနဲ့ စိတ်တွေက ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့။ အဖျားကျန်နေသေးရင် အဲ့လိုပင်။ အတွေးက အဆန်း၊ သိပ္ပံနယ်လွန် ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့။ နောက်များမှ စာ အနေနဲ့ ရေးပါဦးမည်။
ဆေးထိုးပြီး ဒီနေ့မှာတော့ နေလို့ ထိုင်လို့ အနည်းငယ် အဆင်ပြေသွား၏။ ဒီနေ့က futsal ကန်ရက် ဖြစ်၏။ ဒါပေမယ့် နားမှ ဖြစ်ပေလိမ့်မည်။ သက်သာတယ်ဆိုပြီး သွားကန်လို့ မဖြစ်သေးပေ။ ပိုဆိုးသွားမှ ဖြင့်၊ ပြီး အမေလည်း ဆူနိုင်၏။ နေမကောင်းတာကို အဲ့ဘောလုံးက အရေးကြီးလား ဘာလားတို့ပေါ့။ နားဖို့ လိုအပ်တုန်း နားတာက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဒီရက် နားလိုက်ရပေမယ့် နောက်ရက်တွေ ရှိသေးသည် မဟုတ်လား။ ကျန်းမာရေးက အရေးကြီး၏။ ပြီး ဈေးလည်း ကြီး၏။ ဂရုစိုက်ထားမှ တော်ရာကြပေလိမ့်မည်။

!PGM !MEME
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
Credit: win.hive
Earn Crypto for your Memes @ HiveMe.me!
!PGM !PIZZA
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
$PIZZA slices delivered:
@htwegyi(1/5) tipped @donjaun
uthantzin tipped donjaun
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) but the mana is too low. Try again later.
As a consolation, @donjaun gets !PIMP from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
You must be killin' it out here!
@hiq.smartbot just slapped you with 1.000 PIMP, @donjaun.
You earned 1.000 PIMP for the strong hand.
They're getting a workout and slapped 1/1 possible people today.
Read about some PIMP Shit or Look for the PIMP District
!PIZZA
!MEME
Credit: arthursiq5
Earn Crypto for your Memes @ HiveMe.me!