ဆိုလာမီး

လာချိန် မမှန်ပေမယ့် ပျက်ချိန်ကြ အမှန်လွန်နေ၏။ ဖြတ်သင့်သည့် အချိန်ထက် ပို၍ ပေးချိန်ထဲကပါ ကြိုပွိုင့်နဲ့ ယူပြီး ဖြတ်၏။ မအလ လက်ထက် လျှပ်စစ်မီးကတော့ အတော်ဆိုးဆိုးပင်။ 1990-2000 ဝန်းကျင် ကာလတွေ ပြန်ရောက်သွားသည့် အလားပင်။ တကယ်က ထိုထက်ပင် ဆိုးသေး၏။ အမေစု လက်ထက်တုန်းက မီးပျက်တာ ဘာလဲဟု မေးယူရသည် အထိပင်။ ထိုစဉ်က ကျနော်တို့ အတော်လေး ပျော်ခဲ့ကြရ၏။ ခုတော့လား ပျော်တာဟာ ဘာလဲဟု ပြန်လည် မေးယူရမည် ထင်။
မမှန်သည့် လျှပ်စစ်မီးကြောင့် အားသွင်း ဓာတ်မီး အမျိုးမျိုး အသုံးပြုကြရ၏။ အချို့ကတော့ ဖယောင်းတိုင်ပေါ့။ မီးပျက်တာ ကြာသွားလို့ အားသွင်းမီးတွေ အား လုံလောက်အောင် မသွင်းထားရလို့ အား မခံသည့် အခါမျိုးမှာ ဖယောင်းတိုင်နဲ့ပဲ ထပ်မံ နှစ်ပါးသွားရ ပြန်၏။ ကုန်ဈေးနှုန်းကကြီး လျှပ်စစ်မီးက မမှန်၊ အင်မတန်မှ နေချင်စဖွယ် နိုင်ငံကြီးပင်။

အားသွင်းမီးတွေလည်း ပျက်လိုက် ဝယ်လိုက်နဲ့ တလုံးပြီး တလုံးပင်။ လျှပ်စစ်မီးက အားကိုးမရတော့ နောက်ပိုင်း အားသွင်းမီးတွေမှာ ဆိုလာ စနစ်နဲ့ အားသွင်းလို့ရအောင်ပါ လုပ်လာပေးကြ၏။ အလုပ်ဖြစ်သည့်ဟာတွေလည်း ရှိသလို တချို့ကကြ ဟန်ပြ သက်သက်သာ။ ဆိုလာနဲ့ တကယ် အားသွင်းလို့ မရပေ။
မနေ့ကတော့ ကျနော့် အမငယ် အားသွင်းမီး တလုံး ထပ်ဝယ်လာ၏။ ယခင် ရှိသည့် အားသွင်းမီးထက် ကြီး၏။ ဆိုလာစနစ်လည်း ပါ၏။ လက်ဟောင်း ဆိုလာ စနစ် မီးတွေလိုတော့ အားကောင်း၊ အကြမ်းခံတာမျိုး မဟုတ်ပေမယ့် သူ့ အနေအထားနဲ့သူတော့ မဆိုးဟု ပြောလို့ရမည်။ ဘယ်လောက် ပေးရသည်ကိုတော့ မမေးကြည့်ရသေး။
ဒီနေ့ မီးက အတော်လေးပျက်၏။ ဒါပေမယ့် နေတော့သာ၏။ သို့နှင့် အဆိုပါ မီးကို နေရောင်နဲ့ အားသွင်းထားကြည့်၏။ အလုပ်တော့ ဖြစ်သား။ charging timer 2 စက် ကနေ 3 စက်တော့ ဖြစ်သွား၏။ အားဝင်သည်ဟု ပြောလို့ရမည်။ ညဘက် မီးပျက်ချိန်ကြမှ စမ်းပြီး ထွန်းကြည့်ပါဦးမည်။
ဆိုလာ မီးတွေပဲ အဆင်ပြေတယ်ဗျို့။
!LOLZ
!MEME
Credit: ybf
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
The letter H
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!