စိတ်

avatar

fb_img_1638790212152.jpg

လူ့ စိတ်က ရယ်ရသား။ ခုတလော မီးက မကြာခဏ ပျက်လေ့ ရှိသည် မလား။ ဘယ်အချိန် ပျက်ပြီး ဘယ်အချိန် ပြန်လာ တတ်သည်ဟု မှတ်ထားလို့ မရနိုင်လောက်အောင် လာချင်သလိုလာပြီး ပျက်ချင်သလို ပျက်လို့ နေတော့၏။ တနေ့ကို အနည်းဆုံး တကြိမ်တော့ ပျက်၏။ တခါတလေများဆို နှစ်ကြိမ်ထိတောင် ပျက်လေ့ ရှိ၏။ ကျနော်တို့ အတွက် သိပ်ကိစ္စ မရှိသော်လည်း စားဖိုမှူး အမေ့ အတွက်တော့ ထိုသို့ မီး လာချင်သလိုလာ၊ ပျက်ချက်သလိုပျက်နေခြင်းက အဆင်မပြေလှပေ။

အမေ့မှာ မီးလာမှပဲ ချက်ရမလိုလို၊ ဒါမှမဟုတ် မပျက်ခင်ဘဲ ချက်ထားရမလိုလို။ ကြိုချက်ထားပြန်ရင်လည်း ဟင်းက အေးဦးမည်။ လာမှ ချက်ပြန်ကြတော့ ဘယ်အချိန်မှ လာမယ်မှန်း ပြောမရနှင့် အတော်လေး ရွေးရခက်၊ ဆုံးဖြတ်ရခက်၏။ ကိုရွှေမီးက တခါလောက်ပျက်လျှင်ပင် စူဌလိပ် ရေထဲ လွှတ်လိုက်မိသည့် အလားပင်။

ပိုဆိုးတာက ပျက်ချိန် လာချိန်ကို ခန့်မှန်းလို့ မရနေခြင်းပင်။ အလိမ်အလှည့်အခေါက် ကျွမ်းကျင်သည့် တိုက်စစ်မှူး တယောက်အလား သူက လှည့်စား နိုင်လွန်းလှ၏။ လာချိန်လည်း ပျက်တတ်ပြီး၊ ပျက်ချိန်လည်း ပျက်လေ့ ရှိ၏။ ပျက်အစဥ် ပြန်မလာက မီးကို ပြောခြင်း ဖြစ်၏။

img_0.2520602284018024.jpg

အမေ့မှာ တနေ့တနေ့ ထိုမီးနှင့် စိန်ပြေးတမ်း ကစားနေရတော့၏။ ချက်ဖို့ ပြုတ်ဖို့ ပျက်ချိန် လာချိန်တွေကို လိုက်လံ မှတ်သားနေတော့၏။ ဘယ်အချိန် လာပြီး၊ ဘယ်အချိန် ပျက်လေ့ရှိတယ် အစရှိသဖြင့်ပေါ့။ ဒါပေမယ့် ဆိုခဲ့ပြီးသည့် အတိုင်း ကိုရွှေမီးက လာချင်သလိုလာ၊ ပျက်ချင်သလို ပျက်မလား။ အမေ့မှာ မည်သို့ ပင် မှတ်မှတ် မှတ်လွဲကြီးကို ဖြစ်လို့နေတော့၏။ ထိုသို့ ဖြစ်တိုင်း Epc ကို ရေရွတ်လိုက် ကြင်စိုးတို့ တသိုက်ကို ရေရွတ်လိုက်နှင့် အမေနဲ့မီး၊ မီးနဲ့ အမေ ပွဲကျလို့နေတော့၏။

မီးက တခါတလေ မနက် ၆ နာရီ ပျက်ချင်လည်း ပျက်၏၊ ဒါမှမဟုတ် မနက် ၁၀ နာရီမှာ ပျက်ချင်လည်း ပျက်၏၊ ဒါမှမဟုတ် ညနေ ၃ နာရီ ပျက်ချင်လည်း ပျက်၏၊ ဒါမှမဟုတ် ညနေ ၆ နာရီ ပျက်ချင်လည်း ပျက်ပြန်၏။ ပြောပါတယ် ပျက်ချင်သလို ပျက်ပါတယ်လို့။

ဒါပေမယ့် ဒီနေ့မှာ ထူးဆန်းလို့ နေတော့၏။ မနက် ကတည်းက မီးက မပျက်။ ၆ နာရီ ကတည်းက မပျက် သလို ၁၀ နာရီမှာလည်း မပျက်၊ အဲ ညနေ ၃ နာရီမှာလည်း မပျက်သလို ညနေ ၆ နာရီ မှာလည်း မပျက်ပေ။ အမေ့မှာ မီးပျက်မယ် အထင်နှင့် ဟင်းတွေတောင် ကြိုချက်ထား၏။ ပြီး မစောင့်ကောင်းသင့်သည့် မီးပျက်ချိန်ကို မျှော်နေတော့၏။

ဟုတ်တယ် လေ။ မီးက မအိပ်သေးဘူး တော့၊ မပျက်သေးဘူးတော့နဲ့ ပြောပြောနေတော့၏။ လူ့စိတ် ပြောပါတယ်။ ပျက်နေကြကို မပျက်ပြန်တော့ အဲ မပျက်သေးဘူး တော့ လုပ်နေပြန်ရော။ ည ၉ နာရီများ ပျက်နေမလားပဲတဲ့။ အမေကတော့ မလျော့သေးပေ။ စောင့်ကြည့်ရုံပေါ့။ ည ၉ နာရီ ကျော်ပြီး သွားလျှင်တော့ အမေ ဘာများ ထပ်ပြောဦးမည်နည်း။



0
0
0.000
12 comments
avatar

သူလာချင်ရင် လာတယ်
သူမလာချင်ရင် မလာဘူး
အရူးမကို လင်တော်ထားရသလို ဖြစ်နေတာ !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ကြင်စိုးကြောင့် မီးလည်းတရတ်ပြည် သွားနေရပြီထင်တယ်။

!PIZZA

!LOL

0
0
0.000
avatar

ဟားဟား ဟုတ်မယ်

0
0
0.000
avatar

အကျင့်လိုဖြစ်​တော့မယ် မီးပျက်တာကြီးက ​ခေါင်းကြီးတို့ ​ခေတ်က​တော့ ​ပြောချင်​တော့ပါဘူး😅😅😅

0
0
0.000
avatar

ပျက်ချင်သလိုပျက်တယ်ဆိုတာသိရင် မီးမမျှော်ပါနဲ့လား ကိုဒုံရယ် ဖြစ်သလို ချစ်ပိုလုပ်ပြီး ဆိုင်စားလေးဘာလေး ထွက်စားကြည့်ပေါ့လို့ 😄

0
0
0.000
avatar

ထွက်စားနိုင်တော့ဘူး
ချွေတာနေရပြီ

0
0
0.000
avatar

သူပြောထားတယ်လေ။ မနက်7 ည11ထိ ပျက်ချင်သည့်အချိန်ပျက်မည်တဲ့။ ဓာတ်လိုက်‌ေစချင်တယ်။

0
0
0.000