ပရိုဆန်သင့်

တနေ့က Futsal ကန်ဖို့ ဆိုပြီး အိမ်က ထွက်ဖို့ ပြင်၏။ အမေ လှမ်းပြောလို့ ဆိုင်ကယ်ဘီးကို ကြည့်လိုက်တော့ နောက်ဘီးက ပြားနေပြီ။ ဘီးပေါက်ပြီ။ နေ့ခင်းက ကျနော့် အမနား သွားစဉ် လမ်းမှာ ဘီးလေး တချက်ရမ်းသွားလို့ သံသယတော့ ဝင်မိသေး၏။ အမနား အသွား လမ်းမှာ ပလပ်ဖောင်း အဖုံးတွေ ဖယ်ပြီး ရေမြောင်း သန့်ရှင်းရေး လုပ်နေကြ၏။ အမှိုက်တချို့ လမ်းပေါ် ရောက်နေ၏။ ရှောင်ကွင်း မောင်းပေမယ့် မရှောင်မိပဲ နင်းမိတဲ့ နေရာက တခုခုကြောင့် ပေါက်ခြင်း ဖြစ်မည် ထင်၏။
အိမ်ပြန်ရောက်ချိန်ထိ အကောင်း ညနေခင်း Futsal ကန်ဖို့ သွားမှ ဘီးက ပြားနေခြင်း ဖြစ်၏။ စိမ့်ပေါက် ဖြစ်မည်ထင်။ Futsal ကန်ချိန်က နီးကပ်နေပြီမို့ လေချိန်နေကြ၊ ဘီးပေါက်ရင် ဖာနေကြ နေရာထိ မသွားတော့ဘဲ အိမ်နားလေးက ဆိုင်မှာပဲ ပြင်လိုက်၏။ ကျွတ်လဲ လိုက်ရ၏။
ပြင်ပြီး ကွင်းသွား Futsal ကန်ပြီး ပြန်လာ အိပ်ပေါ့။ နောက်နေ့ မနက် ထုံးစံအတိုင်း ဆွမ်းထလောင်းပြီး ခဏ ပြန်အိပ်၏။ ကလေးတွေကို ကြိုရမယ့် အချိန် ရောက်လို့ ဆိုင်ကယ် ထုတ်ချိန်မှာ ဘီးက ပြားနေပြန်၏။ အိမ်နားက ဆိုင် ထပ်သွားရပြန်ရော။ မနေ့ကလည်း သူတို့ပဲ ပြင်ပေးလိုက်တာကိုး။ ထပ်ပေါက် ပြန်ပြီလား မေးပြီး ပြင်ပေးလိုက်၏။ လက်ခ မလျော့ ယူနေကြ အတိုင်း ယူ၏။

ပြင်ပြီး ကလေးတွေ သွားကြို အိမ်ပြန်လာပေါ့။ ဒါပေမယ့် လူက ဆိုက်ကို ဝင်သွားပြီ။ သူတို့ ပြင်ပေးလိုက်သည့် ပုံကို ကြည့်ပြီး သိပ်မယုံရဲနေပေ။ သတိရတိုင်း ဘီးကို သွားသွားဖိကြည့်နေမိ၏။ အဆင်ပြေနေ၏။ နို့ပေမယ့် Futsal သွားကန်ရမယ့် အချိန် နီးလို့ ဘီးကို ထပ်ဖိကြည့်ချိန်မှာတော့ လေက သိသိသာသာကြီးကို လျော့လို့ နေခဲ့၏။ အင်း ပေါက်နေပြန်ပြီ။
ဒီတခါတော့ ကိုယ် ပြင်နေကြ ဆိုင်ပဲ သွားလိုက်တော့၏။ အကျိုးအကြောင်း ပြောပြတော့ သူတို့ သေချာ စစ်ပေး၏။ ဘီးက ထပ်ပေါက်နေ၏။ တရုတ်ကျွတ်တွေက အရည်အသွေး မပြည့်မှီကြောင်း နောက်ဆို တရုတ်ကျွတ်တွေ မထည့်ဖို့ ဆိုင်က တပါတည်း မှာ၏။ တာယာမှာ သံ သို့မဟုတ် ချွန်ထက်သည့် အရာ အစအန တခုခု ကျန်နေသေးလား သူတို့ သေချာလေး စစ်ပေး၏။
အိမ်နားက ဆိုင်မှာက ထိုသို့ မစစ်ပေး အပေါ်ယံ လောက်လေးသာ လုပ်ပေး ပြင်ပေး လိုက်ခြင်း ဖြစ်၏။ မိမိ အလုပ်ကို မိမိ သေချာ မလုပ်ကြပုံများ ပြောပါတယ်။ အစကတော့ ကိုယ် ပြင်နေကြဆိုင် သွားရင်းနဲ့ သူတို့ကို ဝင်ပြောခဲ့ဦးမို့ပဲ။ ညီလေးရေ မင်း ပြင်ပေးတာက အဆင် မပြေဘူး၊ နောက်ဆို သေချာလေး လုပ်ပေါ့ ဘာညာ ဆိုပြီးပေါ့။ ဒါပေမယ့်လည်း ထားလိုက်ပါတော့ ဆိုပြီး မပြောနေတော့ပေ။ နောက် ဘယ်လောက် အရေးကြီးနေနေ အိမ်နားက ဆိုင်မှာ ထပ်မပြင်ဖို့ ဆုံးဖြတ်လိုက်လေတော့၏။
လူကြီးတွေက ဆုံးမတဲ့အခါ အလုပ်ကို စေတနာထားလုပ်လို့ ပြောကြတာ။
!LOLZ
!MEME
lolztoken.com
It gets toad.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
ဟုတ်တာပေါ့ဗျာ။
!hiqvote