Target

avatar

ရှေ့ရက်က အတက်တွေပဲ ပြနေသည့် Hive က ဒီနေ့မှာတော့ ပြန်လို့ ကျနေခဲ့၏။ 0.6$ နားထိ ရောက်ခဲ့ပေမယ့် ခုချိန်မှာတော့ 0.4$ မှာ ရပ်တည်နေ၏။ ဆက်ကျ မလား၊ ပြန်တက် မလားကတော့ စောင့်ကြည့် ရပေလိမ့်မည်။ ဘာပဲပြောပြော 0.4$ စျေးကလည်း မဆိုးလှပေ။ ထိုထက် ထပ်ပြီး မကျတော့ရင် ပိုကောင်းမည်။ အားမနာတမ်း ပြောရရင် Hive စျေးကို 0.5$ စျေးတန်းမှာပဲ ထိန်းထား စေလိုပါ၏။ ကိုယ် ဖြစ်ချင်တိုင်း တသွေမတိမ်း ဖြစ်လာမည်ဟု ယတိပြတ် ပြောလို့ မရပေမယ့် မျှော်လင့်မိတာလေးပေါ့။

ခုချိန်မှာ စျေးကျနေပေမယ့် ကျနော် wifi bill ဖိုး ပေးချေဖို့ ထုတ်ရောင်းသည့်အခါမျိုးမှာတော့ စျေးတက်ပါစေပေါ့။ (ဟီးဟီး) စကတည်းက ခုချိန်ထိ wifi bill ဖိုး အတွက် လောက်သာ Hive ကို ထုတ်ရောင်းခဲ့ပြီး ကျန်တာတွေကိုတော့ power အတွက်ပဲ ရည်သန်ထား၏။ အရင်းများရင် အမြတ်များသည် ဆိုသလိုပေါ့ power များရင် မိမိအတွက်ကော၊ အခြားသူ အတွက်ပါ အကျိုး အမြတ်ကလည်း များသည် မဟုတ်လား။ အမြဲတမ်း ပန်းတိုင်ကတော့ power စုနေဖို့သာ ဖြစ်၏။ HBD saving ထဲမှာ 1000 HBD ထည့်ထားနိုင်ဖို့ကတော့ လက်ရှိ ပန်းတိုင် ဖြစ်၏။

လောလောဆယ်တော့ 100 HBD လောက်သာ ထားနိုင်သေး သဖြင့် နောက်ထပ် ဆယ်ဆ လောက်တော့ ကြိုးစား ရပေလိမ့်ဦးမည်။ ခု 100 ကနေ 1000, 10000 သို့ လှမ်းနိုင်ရပေလိမ့်မည်။

ပင်ပင်ပန်းပန်းထက် သက်တောင့်သက်သာကို ဘယ်သူမဆို ကြိုက်ကြမည် ထင်ပါ၏။ saving အတိုးနှုန်းက 20% APR ဆိုတော့ 1000, 10000 လောက် ထည့်ထားနိုင်ပါက လစဥ် ပြန်ရမည့် အတိုးနှုန်းက ပိုများ မည်ပေါ့။ တသိန်းလောက် ထည့်ထားနိုင်ရင်တော့ ပိုပြီး ပိုပြီးတော့ ကောင်းပြီပေါ့ဗျာ။ အတိုးနဲ့ပဲ ထိုင်စားပေါ့။ ဒါပေမယ့် တော်တော်များများကတော့ saving ထဲ တသိန်းလောက် ထည့်ထားဖို့ တွေးကြမည် မဟုတ် ပေ။ တခြား နေရာမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြမှာပေါ့။

မည်သို့ပင်ဆိုစေ ကျနော့် အနေနဲ့ကတော့ 1000 ထည့်ထားနိုင်ဖို့က target ဖြစ်၏။ 1000 ဆို အတိုး အနေနဲ့ တလ 16.67 လောက် ပြန်ရမည်။ လက်ရှိ ဒေါ်လှစျေးအရဆိုရင် ၄ သောင်း၊ ၄ သောင်းခွဲလောက် ရနိုင်၏။ နောက်ပိုင်း ခေတ်ပြန်ကောင်းလို့ ဒေါ်လှစျေး ပြန်ကျတော့လည်း တမျိုးပေါ့။ ဘာပဲပြောပြော များများ saving လုပ်ရင်တော့ များများ ပြန်ရမှာက အမှန်ပင်။ ဒေါ်လှစျေးကို ကြည့်မနေဘဲ မိမိ ၏ saving target ကို ပြည့်မှီဖို့သာ အာရုံစိုက် ထားရပေလိမ့်မည်။



0
0
0.000
8 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 2500 posts.
Your next target is to reach 2600 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out our last posts:

Our Hive Power Delegations to the January PUM Winners
Feedback from the February Hive Power Up Day
Hive Power Up Month Challenge - January 2023 Winners List
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

!PGM !LUV

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @uthantzin

remaining commands 5

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000