တက်မှာလား

avatar

fb_img_1638790212152

Hive စျေးက နည်းနည်းလေး ပြန်တက်ချင်လာ သလိုလိုပင်။ 0.5$ ဆိုတော့ နည်းနည်း ပြန်တက်လာသည် ပြောလို့ ရမည်ထင်။ btc မတက်လာသေးဘဲ Hive ပဲ တက်လာနေလေ သလော။ သိပ်တော့လည်း မထူးဆန်းပေ။ အဘယ်ကြောင့် ဆိုသော် ယခင် btc စျေးကောင်းတုန်းက Hive ၏ စျေးက ငြိမ်၏။ btc စျေးကြပြန်တော့လည်း Hive က ငြိမ်၏။ တည်ငြိမ်သူ hive ပါတကား။

တရက်က ကိုကျော်ဇေယျ share ထားသည့် post တခု တွေ့မိ၏။ စပိန်မှာ ထင်၏။ Web 3 အကြောင်း ကျောင်းသားတွေကို sharing လုပ်ပေးနေသည်ဆို၏။ စလယ်ဆုံး မဟုတ်ပေမယ့် အနည်းငယ် ဖတ်ကြည့်မိသလောက်အရ web 3 သိသူ မပြောနဲ့ crypto currency ကို သိသူတောင် အတော်လေး နည်းသည်ဆို၏။ ကိုယ်တွေ တိုင်းပြည်နဲ့ သိပ်မကွာနေပေ။ သူလို ကိုယ်လိုပါပဲ။

ဒါတောင် ကျနော်တို့ ဆီမှာက လက်ရှိ နိုင်ငံရေး အခြေအနေ ကြောင့် ယခင်ထက်စာလျှင် Crypto ကို လူအများ ပိုသိ ပို စိတ်ဝင်စား လာခဲ့၏။ NUG pay ကြောင့်လည်း အထိုက်အလျောက် ပါပေမည်။ အနာဂတ် ဖယ်ဒရယ် နိုင်ငံ သစ်မှာ crypto currency ၏ အခန်း ကဏ္ဍသည် ယခင်ထက်စာလျှင် ပိုမို တိုးတက် ထွန်းကား လာနိုင်၏။ အကောင်း အဆိုးက ဒွန်တွဲနေမြဲ မဟုတ်လား။ အဆိုးတွေကြား အကောင်းကတော့ ကပ်ပါနေမှာပင်။ အဆိုးတွေ ပြီးလျှင်တော့ အကောင်းတွေ လာပေလိမ့်မည်။ အရိပ် မလာခင်တော့ နေပူက စောင့်ရပေလိမ့်ဦးမည်။

img_0.7750114156548141

တချိန်မှာတော့ ကျနော်တို့လည်း Hive အကြောင်းကို ယခုထက်ပို၍ sharing လုပ်ပေးလို၏။ ဆရာကြီး ဘာကြီးရယ်လို့ မဟုတ်ပါ။ ဒီအတိုင်း ကိုယ်တွေ သိတာလေးတွေကို ဝေမျှလိုခြင်းသာ။ Steemit တုန်းက တခါလုပ်ခဲ့ဖူးတဲ့ တွေ့ဆုံပွဲလိုမျိုးလေး ခေတ်ကောင်းလာလျှင်တော့ လုပ်ချင်ပါသေး၏။ ထို ပထမ တကြိမ် ပြီးတော့ နောက်တကြိမ် ဘယ်မှာနော့်ဟု ပြောခဲ့ ဆိုခဲ့ တာတွေကိုလည်း သတိရမိပါသေး၏။ ဒီတကြိမ်မှာတော့ Myanmar Steemit Community နာမည်နဲ့ မဟုတ်တော့ဘဲ Myanmar Hive Community နာမည်နဲ့ ဖြစ်ပေလိမ့်မည်။

ဆုံပြီးတဲ့ သူတွေနဲ့ ထပ်ဆုံဖို့ မဆုံဖူးသေးသူတွေနဲ့ ဆုံဖူးကြည့်ချင်ပါ၏။ ဒီနှစ်ထဲ ကတော့ မမှီနိုင်တော့ပေ။ Community မွေးနေ့က ၈ လပိုင်းမလား။ လာမည့် နှစ်ထဲမှာတော့ လုပ်နိုင်ကောင်းပါပြီလေ။ ထိုအချိန်မှာ တိုင်းပြည်လည်း ငြိမ်းချမ်းပြီး တိုးတက်ဖို့ တာဆူ၊ Hive ကလည်း စျေးကောင်းနှင့် အတော်လေး ပျော်ဖို့ကောင်း ပေလိမ့်မည်။ ကျနော်တို့တွေ ဆုံကြတာပေါ့။



0
0
0.000
14 comments
avatar

မျှော်လင့်နေရတာပါပဲဗျာ
!PIZZA

0
0
0.000
avatar

ဟုတ်တယ်
!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
donjaun tipped htwegyi (x1)
donjaun tipped golden.future (x1)
donjaun tipped suhlaing (x1)
@donjaun(5/5) tipped @uthantzin (x1)
walarhein tipped donjaun (x1)
golden.future tipped donjaun (x1)
htwegyi tipped donjaun (x1)
donjaun tipped walarhein (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

​ချောင်းသာမှာ ​တွေ့ဆုံပွဲလုပ်ချင်တယ်ဗျို့😊
!PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @donjaun

remaining commands 2

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar
(Edited)

ဟုတ်ပြီ ဗျို့
!PIZZA

0
0
0.000
avatar

မျှော်လင့်စောင့်စားနေလျှက်ပါ။
!PIZZA

0
0
0.000
avatar

ပျော်ရွှင်စရာနေ့ရက်များအား မျှော်လင့်နေမိပါ၏...!LOLZ !MEME

0
0
0.000
avatar

ပျော်ရတော့မှာပါလေ
!PIZZA

0
0
0.000