Thanks a lot Hive Blockchain
Hive ကား ကျနော့် အတွက် အသက်ရှူ ချောင်စေသည့် အရာ ဖြစ်၏။ မှန်၏၊ ဒီကာလကြီးမှာ Hive က ကျနော့်၏ တချို့ ဝန်များကို ဝင်ပြီး ထမ်းပေး ကူပေး၏။ အသီးအပွင့်ရယ်လို ကြီးကြီး မားမား လောက်လောက်လာလား လက်ညှိုး ထိုးပြစရာ မရှိ ပြလို့ မရသေးပေမေယ့် တခါတလေ အတွက်တော့ ဟင်းစား ဖြစ်စေ၏။ အအေးဖိုး၊ လက်ဖက်ရည်ဖိုး၊ ဘီယာဖိုး၊ Wifi ဖိုး အစရှိသဖြင့် ဖြေရှင်းလို့ ရခဲ့၏။
power မ down ဘဲ ရသည့် reward အပိုအလျှံများထဲမှ သုံးစွဲခဲ့ခြင်း ဖြစ်၏။ hive power က မည်မျှ အရေးကြီးကြောင်း သိနေသဖြင့် power down ဖို့ကိုတော့ ဘယ်တုန်းကမှ မတွေးခဲ့ မတွေးထားပေ။ နောင်လည်း တွေး၊ လုပ်မည် မဟုတ်ပေ။ Steemit တုန်းက down သည် ဆိုတာကလည်း Steemit ကနေ hive ကို ကူးမည် ဖြစ်သောကြောင့်ရယ်သာ down ခြင်း ဖြစ်၏။ နှစ်နေရာလည်း ခွ မရေးနိုင်ဘူး ကိုး။
အစောပိုင်း ကာလတွေတုန်းကတော့ Steemit မှာကော Hive မှာကော ရေးမယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းက မလွယ်လှပေ။ ခုတောင် တနေ့ တပိုစ့်ရအောင် မနည်းကောင်း ရေးနေရ၊ တင်နေရသည် မဟုတ်လား။
Steemit မှာချခဲ့သည့် မျိုးစေ့က Hive မှာပါ ဆက်လက် ရှင်သန်လာခဲ့၏။ ကြီးထွား ဖွင့်ဖြိုးလာအောင်လည်း ပြုစု ပျိုးထောင်ခဲ့၏။ Covid ကာလနဲ့ အာဏာရူးလက်အောက် ကာလတွေမှာ အတော်လည်း ဒုက္ခ များ၊ ရောက်၏။ ဒါတောင် ကိုယ်က တကိုယ်တည်းသမားမလို့ တော်သေး၏။ အိမ်ထောင်တွေကျပြီး သားတွေ သမီးတွေနဲ့ ကိုယ့်ကို မှီခိုနေရသည့် မိသားစုသာ ရှိမည်ဆိုလျှင် အတော်လေး ဗျာများ ရမည်ထင်။
Covid မှာ စာမသင်ရ၊ ငဗစ် ပြီးတော့ ငစစ်က လာနဲ့ ကျနော် အတော်လေး အနားရလိုက်၏။ အလုပ်လည်း မရှိ ဝင်ငွေလည်း မရှိ။ အပိုစာသား သုံးစရာ မရှိနေလို့သာ တော်သေး၏။ ခရီးတွေ ဘာတွေကလည်း သွားလို့ မရဘူးကိုး။ ထို့ကြောင့် အသေးသုံး ဘာညာ လောက်လေးတွေသာ ရှိခဲ့ ကုန်ခဲ့၏။ ထို အသုံးစရိတ်လောက်ကိုတော့ Hive က ဖြေရှင်းပေးနိုင်၏။ တကယ်လည်း ဖြေရှင်းပေးခဲ့၏။
ကျနော့် အတွက်တော့ Hive က ဒိုင်ယာရီ တခုထိ ပိုပါ၏။ ကိုဟင် ပြောသလို ပြောရလျှင်တော့ တနေ့ကို ပုံမှန် ရွှေဥ ဥပေးနေသည့် ငန်းပင် ဖြစ်ချေတော့၏။
ဟုတ်ပါ့ကိုဒွန်ရေ
အဆင်ပြေနေထာပ။
!LOL
lolztoken.com
The Dim Reaper?
Credit: reddit
@donjaun, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/6)
မှန်ပါတယ် အစ်ကိုရေ...!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(7/15) tipped @donjaun (x1)
uthantzin tipped donjaun (x1)
Please vote for pizza.witness!
အင်း အသက်ရှူချောင်စရာလေးတော့ ရတာပေါ့ အကိုရ !lol !pizza !luv
lolztoken.com
To get his teeth crowned.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of @johndieo
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/2)
Hive Platform လေးရှိနေလို့သာပဲ... မဟုတ်ရင် အတော်လေး စိတ်လေ နေမှာ !PIZZA