This time I can't

avatar

ဒီနေ့က power up day ဖြစ်ချေ၏။ ဒါပေမယ့် ဒီတခေါက်မှာတော့ ကျနော် power မ up နိုင်တော့ပေ။ 10 Hive လောက် လေးကိုတောင်မှ မ up နိုင်တော့ပေ။ အိတ်ပိန်လေး လုံးဝ မပြားချပ် သွားဖို့ လက်ကျန် oxygen လေး ရှူသွင်းထားဖို့ လို၏။ ထို့ကြောင့် power မ up နိုင်ခြင်း ဖြစ်၏။ LOA ကနေသာ လစာလေးရမည် ဆိုက အဆင်ပြေနိုင်သေး၏။ ခုတော့...

ယခင် LOA ကနေ လစာ ရနေတုန်းကတော့ ပုံမှန်လေး power up နေနိုင်သေး၏။ အသက်ရှူ ချောင်သည့်အပြင် အသက်ရှူလည်း ဝ၏။ လောလောဆယ် Moderators အများစုကို လစာ ရပ်နားထားသည့် ကာလမှာတော့ အသက်ရှူ ချောင်ဖို့ နေနေသာသာ အသက်တောင် ဝဝ မရှူရဲနေပေ။ တခါတလေတော့ စာပြန်သင်လိုက်ရင် ကောင်းမလားလို့လည်း တွေးမိသေး၏။ ဒါပေမယ့် ဒီကာလ ဒီ အခြေအနေ မျိုးမှာတော့ မသင်ချင်နေသေးပြန်ပေ။

wifi လစဥ်ကြေးနဲ့ power up ရက်က မတိုက်နေလျှင် power up ကောင်း up လို့ ရနိုင်သေး၏။ ခုက တိုက်နေတော့ အရေးကြီးသည့် တခုကို အရင် ဦးစားပေးရပေတော့မည်။ power up ဖို့ကလည်း အရေးကြီးပေမယ့် ခုချိန်မှာ ပို အရေးကြီးတာက wifi bill မလား။ ဒီ wifi လေးနဲ့ပဲ ခုဟာလေးတွေကို လုပ်နိုင်နေသည် မဟုတ်လား။ ဒီကာလ mobile data စျေးနဲ့ဆို တကယ်ကို မလွယ် ရေးချာ မလွယ်ပေ။

ရှိ staking (hold) မရှိက ထုတ်ရောင်းထုံး နှလုံးမူလိုက်ရတော့၏။ power up နေကြရက်မှာ power မ up ရတော့ နည်းနည်းတော့ နေရခက်လှ၏။ Hive မှာကလည်း power က အသက်၊ အဓိက မလား။

ပြီး power မ up နိုင်သည့် နောက်အကြောင်းတခုက Rabona ကြောင့် ဖြစ်၏။ (ဆိုင်ဆိုင် မဆိုင်ဆိုင်။ အမှန်တော့ ကိုယ့် ကြိုးစား အားထုတ်မှုနဲ့သာ ဆိုင်၏) Founder ကြီးက ကိစ္စ တခုကြောင့် ပိုစ့်တွေကို vote မပေးနိုင်ရကား ယခင်လောက် မရ၊ မစု နိုင်သောကြောင့် ဖြစ်၏။ ကိုယ့်ကို မစွမ်းနိုင်ခြင်းကို တပါးသူအား တမင်လွှဲချလိုက်ပါ၏။ vote တွေရနေတုန်းက အသံ မထွက်ဘဲ၊ vote မရတော့မှ ဘာဖြစ်တယ် ညာဖြစ်တယ်တွေနဲ့ လုပ်လို့ပေါ့။ ဟိုက ကိုယ့်ပိုစ့်တွေကို မဖြစ်မနေ vote ပေးပါ့မယ်လို့လည်း အာမ မခံထားပေ။

ဘာပဲဖြစ်ဖြစ် ဒီတကြိမ်မှာ power မ up နိုင်တာကတော့ သေချာသွားခဲ့ပြီး ဖြစ်၏။ နောက်လ နောက်တကြိမ်မှာတော့ up နိုင်ဖို့ မျှော်လင့်ပါ၏။ မျှော်လင့်တယ် ဆိုတာထက် လုပ်နိုင်ဖို့ ကြိုးစားရမည်ဟု ပြောမှ မှန်ပေလိမ့်မည်။ ကြိုးစား နေပါဦးမည်။



0
0
0.000
5 comments
avatar

အတူတူပဲ 😁

0
0
0.000