သတိရခြင်းကို ခလုတ် တိုက်မိ
တနေ့က အမေ့ အတွက် ကီပါ လုပ်ပေး၏။ အမှန်တော့ ကီပါကို ကျနော် ကောင်းကောင်း မသိပေ။ အမက လုပ်ချင်း ဖြစ်၏။ သူ မျိုး သည်လာခဲ့ပြီး တခါဖျော်၊ လုပ်ပေးခဲ့၏။ နောက် အကြိမ်တွေကတော့ ကျနော်ပဲ လုပ်ရ၏။ အမက နယ်ပြန်သွားပြီကိုး။ ကျန်းမာရေး အတွက် ကောင်းသည်ဆိုပြီး အမေ့ကို သောက်ခိုင်း၏။ ကျနော့်ကိုလည်း သောက်ခိုင်း၏။ ခြေတုန် လက်တုန် ဖြစ်တတ်သည့် ကျနော် နှင့်လည်း သင့်တော်သည်ဆိုပြီး သောက်ခိုင်းခြင်း ဖြစ်၏။ သို့ပေမယ့် ကျနော်က သိပ်မသောက် ဖြစ်ပေ။
သူ့ အရသာက ချဥ်သည့်ဖက် သန်း၏။ အချဥ်ဖောက်သည့် သဘောပဲကိုး။ အရသာက ကျနော့် အတွက် ပြဿနာ မရှိ။ ကိစ္စ ရှိနေတာက အနံ့ ဖြစ်၏။ သူ့ အနံ့က ခေါင်ရည် အနံ့နှင့် အတော်လေး တူနေခြင်းပင်။ ပြဿနာက အဲ့ အနံ့ ဖြစ်၏။ ခေါင်ရည် အနံ့ထွက်နေပြီး ခေါင်ရည် မဟုတ်သဖြင့် မသောက်လို့ခြင်း ဖြစ်၏။
အမေသောက်လို့ ကုန်ခါနီးတိုင်း အသစ် ပြန်ပြန်စိမ်၊ လုပ်ပေးရ၏။ အမ မှာထားသည့် အတိုင်း လုပ်ပေါ့။ ဖန်ပုလင်းထဲ ကီပါ၊ သကြားညို ၂ ဇွန်း ပြီး ထန်းလျက် တလုံးထည့်။ ထို့နောက် ရေထည့်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားကာ ၃၊ ၄ ရက်လောက် ထားလျှင်ရပြီ။ ပြီးလျှင်တော့ ကီပါလေးတွေ ဆည်ထားကာ ပုလင်းတခုထဲ သကြား ၂ ဇွန်း နှင့်အတူ ထည့် (အနားပေး) ထားလိုက်၏။ ရေထည့်ဖို့ မလိုပေ။ နောက်တခေါက် သောက်ဖို့ လိုမှ ရေနှင့် အခြားလိုအပ်သည်များထည့်ပြီး ပြန်လုပ်ရ၏။
ဒီတခေါက် ကျနော် ဝယ်လာသည့် ထန်းလျက်က အိုးဘို(ဖို) ထန်းလျက်ဟု အမေက ပြော၏။ ထန်းလျက်ဖိုက ချချခြင်း ဘာမှ မရောထားသည့် ထန်းလျက် မျိုး၊ ထန်းလျက် စစ်စစ် ဆိုပဲ။ ဘာမှန်းတော့ ကောင်းကောင်း မသိပေမယ့် ထို ထန်းလျက် ကြောင့်တော့ ချီးကျူး ခံလိုက်ရ၏။ မဆိုးလှပေ။
ဒီနေ့ ကီပါ စိမ်ပေးဖို့ လုပ်ရင်း ထန်းလျက် ဖုံးကို ဖွင့်တော့ ပုရွက်ဆိတ်တွေ တက်နေ၏။ ထန်းလျက်ယူတုန်းက သေချာ ပြန်မဖုံးခဲ့လို့ ဖြစ်၏။ အဖုံး မလုံတော့ ပုရွက်ဆိတ်များ ဝင်လာခြင်း ဖြစ်၏။ အိမ်မှာ ထန်းလျက် စားသူက အမေနှင့် ကျနော့် တူမလေး (အမေ့မြေး) တို့သာ ရှိ၏။
ပုရွက်ဆိတ်တွေ ဖယ်နေရင်းက ရုတ်တရက် အဖေ့ကို သွားသတိရမိရက်သား ဖြစ်သွား၏။ အဖေသည်လည်း ထန်းလျက် အလွန်ကြိုက်၏။ ထမင်းစားပြီးတိုင်း ထန်းလျက် တလုံး၊ နှစ်လုံးကို ရေနွေးကြမ်းသောက်ရင်း စားတတ်၏။ အဖေ ရှိစဥ်တုန်းကတော့ ထန်းလျက်ကို မကြာခဏ ဝယ်ရလေ့ ရှိတော့။ ခုတော့ ကြာကြာမှ တခါသာ ဝယ်ရတော့၏။ အဖေ ရှိလို့ ကီပါ သောက်ခိုင်းလျှင် ဘာများ ပြောမည်နည်း။ ကျနော် ဝယ်ထားသည့် အိုးဖိုထန်းလျက် မြင်လျှင် အမေ့လိုပဲ ကျနော့်ကို ချီးကျူး လေမလား။
သိဘူး ကျမလည်း အခုမှ ကြားဖူးတယ်
ဟုတ်လား
တစ်ခါမှမသောကါဖူးသေးဘူး
ခေါင်ရည်အနံ့နဲ့ဆိုတော့ စိတ်ဝင်စားစရာပဲ
!LOL
!LUV
!BEER
lolztoken.com
When I see food I eat it.
Credit: happyme
@donjaun, I sent you an $LOLZ on behalf of @princekham
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)
ခုမှပဲကြားဖူးတော့တယ်
ကီပါ ကိုကြားဖူးတာတော့ကြာပြီ...ဖန်ပုလင်းထဲ ကီပါ / သကြားညို/ ထန်းလျက် ထည့်တယ်ဆိုတော့... ကီပါ ဆိုသည့် ဟာကို ဓါတ်ဖမ်းပြီး ပြကြပါအုံး ကဒွန်..
ကီပါ လုပ်နေတာပ ထန်းလျှက်က ခုနေခါ အစစ်က ခပ်ရှားရှားရယ်။
!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(3/5) tipped @donjaun (x1)
Learn more at https://hive.pizza.
သေချာပေါက် ချီးကျူးမှာပေါ့ဗျာ
ကီပါ မသိဖူးဗျ...!LOLZ
lolztoken.com
The bartender shouts Geto out of my pub! We don’t serve your type!
Credit: ifiwasfrank
@donjaun, I sent you an $LOLZ on behalf of @uthantzin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (7/8)