သွား ဒိုင်ယာရီ

avatar

fb_img_1638790212152.jpg

ပထမတချောင်း နှုတ်ပြီး တရက်ခြား၊ သဘက်ခါမှာတော့ ကျန်တချောင်း ထပ်သွားနှုတ်၏။ ကနဦးတုန်းက ၃ ရက်နေပြီးမှ လာနှုတ်ရန် ပြောပေမယ့် ပြန်ခါနီးမှာတော့ ခံနိုင်ရည် ရှိလျှင်တော့ သဘက်ခါ လာ နှုတ်နိုင်ကြောင်း ဆရာဝန်က ဆို၏။ ထို့ကြောင့် တရက်ခြားပြီးတော့ နောက်တချောင်း ထပ်နှုတ် ဖြစ်လိုက်ခြင်း ဖြစ်၏။ ထိုအကြောင်း သူငယ်ချင်းကို ပြောပြတော့ တခါတည်း ၂ ချောင်းလုံး နှုတ်ခဲ့တာ မဟုတ်ဘူးဟု ပြောလေ၏။ အတော် ရက်စက်သည့် သူငယ်ချင်းပင်။

ပထမ တချောင်းကိုက ညနေခင်းလောက်မှာ နှုတ်ဖြစ်ခြင်း ဖြစ်၏။ နောက်တချောင်း လာနှုတ်လျှင်တော့ မနက်ခင်းလောက် လာခဲ့ရန် ဆရာဝန်က မှာ၏။ မနက်စာ စားပြီးလာခဲ့ပေါ့ဟု မှာ၏။ အောက်သွားဆိုတော့ အပေါ်သွားလို မဟုတ်ဘူး နည်းနည်းလည်း ပိုနာမယ်၊ အံဆုံးလည်း ဖြစ်နေသည်ကိုး။ ထုံဆေးပြယ်လျှင်တော့ ကိုက်နိုင်ကြောင်း တပါတည်း မှာရှာ၏။

ဆရာဝန်က ကျနော်နှင့် ရွယ်တူ ဖြစ်၏။ အတန်အသင့် ရင်းနှီး၏။ သူတို့ ဆရာဝန် အသင်းနှင့် ၂ ခါလား ၃ ခါလား မသိ Futsal ချိန်း ကန်ဖူး၏။ ကျနော့် လိုပဲ စိတ်မြန် လက်မြန် ရှိမည် ထင်၏။ နှုတ်မယ် ဆရာ၊ အနည်းငယ် မေးမြန်း။ ထို့နောက် ရော့အင့် ဂုတ်ကွက် ပြီးပြီ။ ပြန် ဒါပဲ။ သွား တချောင်း နှုတ်ခ တသောင်းတော့ ပေးရ၏။

img_0.79792691324353.jpg

ပထမ သွား နှုတ်သည့် ရက်က ဘာကြောင့်ရယ်တော့ မသိ။ ညဘက် အစော အိပ်ပျော်သွားခဲ့၏။ ဟို New Year ညကထက်တောင် ပိုစောပြီး အိပ်ပျော်သွားသေး။ ကျနော့် အထင် ည ၉ နာရီလောက် ဖြစ်မည် ထင်၏။ ထို့နောက် မနက် ၃ နာရီလောက်ကြီး အိပ်မက်လိုလို ဘာလိုလိုနှင့် နိုးသွားခဲ့၏။ တော်တော်နှင့် ပြန် အိပ်မပျော်တော့ပေ။ အတော်လေးကြာမှ အိပ်ပျော်သွားခဲ့၏။ ထိုနေ့ညက အိပ်ရေး အတော် ဝသွားခဲ့၏။

နောက်တချောင်း (အောက်သွား) နှုတ်သည့် အချိန်မှာတော့ အပေါ်သွား ထက်စာလျှင် နည်းနည်း ပိုကြာ၏။ ထုံဆေးလည်း နည်းနည်း ပိုပေးထားသည်ထင် ပါးစပ်က တော်တော်နှင့် အထုံ မပျောက်ပေ။ သွားက မနက်ပိုင်း နှုတ်သည်ကို ညနေစောင်းသည်အထိ ထုံဆေးက သိပ်မပြယ်ချင်ချင်ရယ်။ တမျိုးလည်း ကောင်းသလို၊ တမျိုးလည်း မကောင်းပေ။

ပထမ တချောင်း နှုတ် အပြီးမှာ ထမင်းစား (ဝါး) လို့ ရပေမယ့် ဒုတိယ တချောင်း နှုတ် အပြီးမှာတော့ ခေါက်ဆွဲ ပြုတ်နှင့်သာ ကျေနပ်လိုက်ရ၏။ ဒီတချောင်းကတော့ နေ့လည်ခင်းမှာပင် လူကို အိပ်ပျော်စေခဲ့၏။ ကောင်းပါ၏။ မည်သို့ပင် ဆိုစေ နှစ်ရှည်လများ ရှိနေခဲ့သည့် ပိုးစားသွားလေးတွေတော့ မရှိတော့ပေ။ လောလောဆယ် လျှာနှင့် မထိုးမိအောင် သတိထားနေသော်လည်း တရက် နှစ်ရက်ပြီးလျှင်တော့ လျှာက လျှာမိမည်ထင်၏။ တယောက်ယောက်ကို မတွေ့လို့ မျက်စိ ရှာသလိုမျိုးပေါ့ဗျာ။



0
0
0.000
11 comments
avatar

မ​ကောင်းတဲ့ အစိတ်အပိုင်းက​တော့ ဖဲ့ထုတ်ပစ်တာ ​ကောင်းပါတယ် ကိုဒွန် အထူးသဖြင့် သွား​တွေ​ပေါ့😁

0
0
0.000
avatar

သွားကတော့ ပြဿနာမရှိသေး။
မျက်လုံးတော့ ညောင်နာဝါးချင်နေပြီ။
!PIZZA

0
0
0.000
avatar

သွားနုတ်တယ်ဆိုတော့ အစာမဝါးနိုင်ရင်တောင် ဘီယာလေးတော့ရတယ် မလား
!BEER

0
0
0.000
avatar

Sorry, out of BEER, please retry later...

0
0
0.000
avatar

အကုန်လုံးနှုတ်ပြီး အံကပ်တပ်လိုက်ရင် ကြည့်လှသွားမှာပါ 😝

0
0
0.000
avatar

အံမယ်... သိနေတယ် သိနေတယ်... တယောက်ယောက်ကို ရှာသလိုပေါ့တဲ့... ဟိုက ထုံဆေးနဲ့ ထပ်ထိုးလိုက်မှ ဟုတ်ပေ့.. ဖြစ်နေအုံးမယ်...😁😁😁😁

0
0
0.000
avatar

အသက်တွေလည်းကြီးပြီ...သွားတွေလည်း မကောင်းတော့ဘူးနေမှာပေါ့....😃😃😃 !LOLZ

0
0
0.000
avatar

အင်းဗျာ ကျနော်လဲ သွားတွေမကောင်းတာ ဆေးခန်းကို မပြဖြစ်ဘူး။ !PIZZA

0
0
0.000
avatar

မခိုင်တဲ့သွား နှုတ်သာနှုတ် :D

0
0
0.000