Time to Play

avatar

Hive platform ပေါ်က ဂိမ်းတွေ မကစား ဖြစ်တာ ကြာခဲ့ပြီ။ မှတ်မှတ်ရရ ကိုဟင် ပြောပြပေးလို့ Beer ချက်တဲ့ ဂိမ်းလေးလား ခဏ ကစားကြည့်ခဲ့သေး၏။ ပြီး ဆက်မကစား ဖြစ်တော့။ ထို့နောက် စိုက်ပျိုးရေးဂိမ်း Dcrops လား ကစားဖြစ်၏။ သူ့ကိုလည်း ခဏပဲ ကစား ဖြစ်ခဲ့၏။ ကဒ်တွေ ဝယ်ပြီးတော့ကို ကစားခဲ့တာ။ ရိတ်သိမ်းရမယ့် အချိန်တွေ မေ့၊ အချိန်တွေလွန်ပြီး ရသင့်တဲ့ အကျိုးအမြတ်တွေ မရခဲ့တာလည်း ခဏခဏပါပဲ။ ဂိမ်း ဆိုပေမယ့်လည်း အပြင်လောက ပုံစံအတိုင်း ဖန်တီးထားသည်ဟု ပြောလို့ရ၏။

ထို့နောက်မှာတော့ Rabona ဆိုသည့် ဘောလုံး မန်နေဂျာဂိမ်း ကစား ဖြစ်၏။ သူ့ကိုတော့ အချိန် အတော်ကြာ ကစားဖြစ်ခဲ့၏။ ပြီး ဘောလုံးက ကိုယ်ကြိုက်နှစ်သက်သည့် အားကစား ဖြစ်နေတာလည်း ပါ၏။ ဒီတကြိမ်မှာတော့ ကျနော်က ဆက်မကစား ဖြစ်တာ မဟုတ်ဘဲ ဂိမ်းက ဆက် မလုပ်ဖြစ်ဘဲ ရပ်သွားခဲ့၏။ ဂိမ်းရဲ့ သဘောသဘာဝလေးက ကောင်းပေမယ့် ပိုမို တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်သည့်နေရာမှာတော့ အားနည်းခဲ့၏။

ငွေကြေးနဲ့ အခြား နည်းပညာ လိုအပ်ချက်တွေကြောင့်လည်း ပါမယ် ထင်ပါ၏။ ပြင်ပမှာ ရှိနေသည့် ကစားသမားတွေရဲ့ နာမည် ရုပ်ပုံ စွမ်းဆောင်ရည်တွေကို သုံးပြီး NFT ပုံစံလိုမျိုး သွားခဲ့ရင် ပိုပြီး ကောင်းမည်ဟု ထင်မိ၏။ ဒါမှ မဟုတ်ရင်လည်း hive FPL လိုမျိုး ပြင်ပလိဂ်တခုခုနဲ့ ချိတ်ဆက်ပြီး ကိုယ်ပိုင် token တခုခုနဲ့ လမ်းဖောက်ခဲ့သည့်၏။ Rabona ဂိမ်းလေးက ကောင်းခဲ့ပေမယ့် token ကတော့ ပြောပလောက်သည့် ဈေးအနေအထားပင် မရှိခဲ့ပေ။

ဂိမ်း ပြန်ကစားရင် ကောင်းမလား တွေးမိနေတာက ဂိမ်းပိုစ့်တွေက ကျနော် လက်ရှိရေးနေသည့် ပိုစ့်တွေထက်စာရင် vote ပိုရလေ့ ရှိ၏။ သက်ဆိုင်ရာ ဂိမ်းအဖွဲ့အစည်းတွေက မိမိရေးထားသည့် ဂိမ်းပိုစ့်တွေကို vote, support ပေးကြ၏။ English လိုလေးတော့ ရေးဖို့လို၏။ ကိုယ့် English က အကောင်းကြီး မဟုတ်ပေမယ့် သိပ် အဆိုးကြီးတော့လည်း မဟုတ်ပေ။

Hive မှာက power အရေးကြီးသည် မဟုတ်လား။ Power ပိုစုနိုင်ဖို့ လက်ရှိသွားနေသည့် လမ်းကြောင်းကို အနည်းငယ် ပြင်ဆင်ဖို့တော့လိုမည် ဖြစ်၏။ Hive Blockchain ပေါ်မှာ ရှိသည့် ဂိမ်းများစွာထဲက တခုခုကို ရွေးပြီး ကစားကြည့်ဖို့ တွေးထား၏။

Hive မှာ ဒီအတိုင်း ရေးချင်တာ ရေးနေတာထက် System, Setting, Planning & Target လေး ချပြီး လုပ်သွားဖို့ အချိန်တန်ပြီ ထင်ပါ၏။ တကယ်ဆို နောက်တောင်ကျနေပါပြီလေ။ တကယ် မရဘဲ အချိန်တွေသာ ကုန်စေခဲ့သည့် Telegram Airdrop တွေအစား ကိုယ်ရင်းနှီးနေပြီးသား ဖြစ်တဲ့ Hive Blockchain ပေါ်က ဂိမ်းတခုခုကို ကစားရင်း ဂိမ်းပိုစ့်တွေ တင်ကာ vote ပိုရဖို့ ကြိုးစားကြည့်ပါဦးမည်။ English စာလည်း ပြန်လေ့လာ ဖြစ်သွားတာပေါ့။



0
0
0.000
6 comments
avatar

ချသာချ အားပေးတယ်။
!MEME
!LOLZ

0
0
0.000
avatar

ဟုတ်ဗျ။ ချပြီ။

0
0
0.000
avatar

Risingstar ဂိမ်းဆော့ပါ။ post ရေးရတာအချိန်သိပ်မလိုပေး။ laptop ရှိရင် ခုအသစ်ထွက်တဲ့ Moon karts ဂိမ်းဆော့ပါ။

0
0
0.000
avatar

Noted ကျေးဇူး ညီ။

0
0
0.000