တင်လိုက်ရင် ကောင်းမလား

avatar

ဒီရက်ပိုင်း ကျနော့် phone အတွက် Android 14 base custom ROM တွေ ထပ်ပြီး ထွက်လာ၏။ Upgrade လုပ်ထားပေးသည့် update version တွေပေါ့။ Matrixx OS android 14 စမ်းသုံးကြည့်ပြီး နောက်ထပ် Android 14 တင်ကြည့်ရမှာကို ခပ်လန့်လန့် ဖြစ်နေ၏။ ကျနော် စမ်းတင်ကြည့်ဖူးသည့် Matrixx OS တောင် update version ထပ်ပေးနေပြီ ဖြစ်၏။

ခု update version မှာတော့ error အချို့ fix ထားပေးဖို့ မျှော်လင့်မိ၏။ ကျနော် စမ်းတင်ပြီး သုံးကြည့်သည့် version မှာတုန်းက YouTube ကြည့်ရင် ရပ်ရပ်သွားလေ့ ရှိ၏။ Matrixx မှာမှ မဟုတ်အခြား Android 14 custom ROM တခုမှာလည်း ဖြစ်၏။ Evolution X rom မှာလည်း ထိုသို့ ဖြစ်၏။ နောက်ထပ် အခြား ROM တွေမှာပါ ဖြစ်မဖြစ်တော့ မပြောတတ်ပေ။

ထို error ရယ် ပြီး အခြား error လေး အနည်းငယ်ကြောင့် Android 13 သို့သာ ပြန်ဆင်း သုံးလိုင်၏။ နို့ပေမယ့် ခု Android 14 ကို update version ဆိုတော့ စိတ်ကလေး တဖန်ပြန်ပြီး လည်ချင်လာသလိုလိုပင်။ Android 13 ပြန်ဆင်းသုံးနေပြီး အထိုင်ကျတာ သိပ်မကြာသေးပေ။ Android 14 ပြန်သွားရင် ကောင်းမလား တွေးနေမိပြန်၏။ လူ့စိတ်က ရယ်ရသားလား။

လက်ရှိ သုံးနေသည့် Rising OS ကတော့ Android 14 မရသေးပေ။ ကျနော့် phone အမျိုးအစား အတွက် မရသေးတာပါ။ official support ပေးထားတာမျိုးလည်း မဟုတ်နေ‌တော့ developer တွေ ရေးပေးရင် ရမယ်၊ မရေးပေးရင်တော့ ရမည် မဟုတ်ပေ။

Official support ထဲမှာတော့ Evolution X နှင့် Lineage Os တို့ Android 14 ကို upgrade version တွေ မကြာခဏ ရနေ၊ ပေးနေပြီ ဖြစ်၏။ ဒီနေ့ဆို Matrixx OS အပြင် Alpha Droid OS တွေပါ ရလာနေပြီဖြစ်၏။ အညွှန်း ကောင်းလို့ Android 14 ကို တင်ကြည့်ချင်သော်လည်း ဟိုတကြိမ်တုန်းကလို error တွေ ပါလာ၊ ဖြစ်လာမှာကို စိတ်ပူရသေး၏။

စောင့်လက်စနဲ့ ဆက်စောင့်ကြည့်ရင်တော့ ပိုကောင်းမလားပင်။ error ကင်းသည့် stable version ဖြစ်သွားမှပဲ တင်ရင်လည်း နောက်မကျလောက်ဘူး ထင်ပါရဲ့။ ပြောလို့တော့ မရသေးပေ။ ဒီကြားထဲ စိတ်ကူးပေါက်သွားရင်လည်း တင်ချင် တင်ဖြစ်သွားနိုင်၏။ Evolution X, Lineage Os တို့ထဲက တင်ဖို့တွေးထား၏။ နို့ပေမယ့် Alpha Droid လေးလည်း မဆိုးပေ။ ရှာဖွေ မှတ်ရှုပြီး တခုခုကို download လုပ်ထားလိုက်မည်။ တင်ချင်စိတ်ပေါက်လာရင် အသာလေး ကောက်တင်လိုက်ရုံပင်။

(Photo from Mi9 lite telegram channel)



0
0
0.000
6 comments
avatar

Pixel Romသုံးကြည့်ပါလား‌ဗျ

0
0
0.000