Tottenham Got first 3 Points

EPL ပွဲကျန် ၁ ပွဲ ဖြစ်သည့် Tottenham vs Coventry ပွဲစဉ်မှာတော့ အိမ်ရှင် Tottenham တို့ EPL ပထမဆုံး နိုင်ပွဲကို ရှာဖွေ တွေ့ရှိသွားခဲ့လေ၏။ ပွဲစဉ် ၇ ရောက်မှ Tottenham တို့ ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်း ဖြစ်၏။ ၁၄ မိနစ်မှာ Tottenham တို့ ဦးဆောင်ဂိုး အရင် သွင်းယူ၏။ ၄၉ မိနစ်မှာ Coventry အသင်း ချေပဂိုး ပြန်လည်လို့ သွင်းယူ၏။ ဓါတ်ပြားဟောင်းကြီးပဲ ပြန် ထပ်ဖွင့်ရတော့မလား ထင်မှတ်နေချိန် ၅၈ မိနစ်မှာ Tottenham တို့ ဦးဆောင်ဂိုး သွင်း၏။
ဒါပေမဲ့ အပြည့်အဝ ယုံမရသေး။ Tottenham ကလည်း United လိုပဲကိုး။ ဟို Europa League ဗိုလ်လုပွဲ ကစားကြတဲ့ နှစ်ကဆို ၂ သင်းသား အမှတ်ပေးဇယား အထက်အောက် မလှမ်းမကမ်းမှာ ရပ်တည်နေခဲ့ကြသည် မဟုတ်လား။ ယခင်က ပွဲသိမ်းခရာ မှုတ်မှ တကယ်ပြီးတာ ဆိုပေမဲ့ ခုက ထိုသို့ မဟုတ်တော့ပေ။ ဘာတွေများ ချွတ်ချော်သွားဦးမလဲဟု ကြောက်နေရ၏။ ၉၀+၆ မိနစ်မှာတော့ အနိုင် သေချာစေမဲ့ တတိယမြောက်ဂိုးကို Tottenham တို့ ထပ်မံသွင်းယူသွားခဲ့လေ၏။

ယခု နိုင်ပွဲကြောင့် Tottenham တို့ တန်းဆင်းဇုန် လွတ်ရာ အဆင့် ၁၆ နေရာသို့ တက်လှမ်း လာနိုင်ခဲ့၏။ ၇ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၃ ပွဲရှုံး ရမှတ် ၆ မှတ် ရရှိထား၏။ ယခုပွဲ ရှုံးသွားသည့် Coventry အနေဖြင့်လည်း Tottenham နဲ့ အမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၁၇ နေရာမှာ ရပ်တည်နေ၏။ Tottenham နည်းပြ Roberto De Zerbi အနေဖြင့် အသက်ရှူချောင်သွားခဲ့သည့် ပွဲစဉ်ဟုလည်း ဆိုရပေလိမ့်မည်။
EPL Round 7 ကတော့ ပွဲစဉ် အားလုံး ကစားပြီးပြီ ဖြစ်၏။ ကြားရက်ထဲမှာတော့ UCL, UEL, UECL ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေ၏။ ဒီနှစ်မှာ UCL ကစားခွင့်ရထားသည့် Man United ပွဲစဉ်လည်း ပါဝင်လာပေလိမ့်ဦးမည်။ ဟိုးယခင်ကလိုဆိုရင်တော့ ပျော်စရာပေါ့။ United ပွဲတွေ ခဏခဏ ကြည့်ရလို့။ ခုကကြ စိတ်ညစ်စရာ ဖြစ်နေ၏။ EPL မှာ စိတ်ဒုက္ခပေးလိုက် UCL မှာပါ ထပ် ဒုက္ခ ပေးလိုက်နဲ့ United ပရိတ်သတ်တွေအဖို့ တပတ်တာလုံး စိတ်နှလုံး မရွှင်လန်းရတော့ပေ။
United နောက်ခံလူ Martinez ပြောထားသလိုပဲ ဒီလူ စာရင်းနဲ့တော့ အံအားသင့်စရာတွေ ဖြစ်ပေါ်လာဖို့ မဖြစ်နိုင်ပေ။ နိုင်တလှည့် ရှုံးတလှည့်နဲ့ စိတ်ဒုက္ခ ဆက်ပေးနေမှာ မြင်ယောင်နေမိ၏။ မှားလို့ နိုင်တလှည့်မှ မဟုတ်ဘဲ သရေတလှည့် ရှုံးတလှည့်မှ မှန်ပေလိမ့်မည်။ ဒီပုံတိုင်းသာဆို လာမယ့်နှစ် UCL ဝင်ခွင့်တောင် သေချာပါ့မလားပဲ။ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူအင်အား ဖြည့်တင်းဖို့ လိုပေလိမ့်မည်။
(photos from EPL & UEFA pages)
⚡ NEW AIRDROP ALERT: DON'T SLEEP ON THIS! ⚡
Rumors are true—Hive is rewarding the community big time! If you missed the last major drop, consider this your redemption arc. 📈🔥
Limited allocations are up for grabs for active holders, staking, curators, and delegators. High potential, zero heavy lifting.
⏳ Clock is ticking! Head over to the official claim page now
Prove you're early. Claim yours today! 💎🙌
This comment is a SCAM. Hive is not running this airdrop, so please do not click any links!!!
⚠️ Heads up: this looks like a phishing/scam link (masked URL, claim/verify wording). Please don't click or enter your keys. Flagging for moderators to review. 🐝