ဥတု သုံးလီ တဲ့လား

avatar

fb_img_1638790212152.jpg

ခုတလော ရာသီဥတုက ဘယ်လိုတွေမှန်း မသိနေပေ။ တရက်ထဲ ရာသီဥတု ၃ မျိုးလုံး ပြ၏။ တနေ့ကဆို မနက်ပိုင်းမှာ မြူတွေကျတာ တကယ့်ဆောင်းတွင်းကြီးအလားပင်။ နေ့ခင်းပိုင်းကျ ပူချက်က မနက်ကနှင့် ဘာမှကို မဆိုင်နေသလိုပင်။ ငါက နွေ စစ်စစ်ပါ မနက်က ဆောင်းမင်းသမီးလေး ခဏအလည်လာသွားတာဟု ပြောနေသယောင်ပင်။ အဲ... ညနေလည်း ရောက်ရော ရွာလိုက်သည့် မိုး လေကော၊ မိုးကော ရွာတဲ့ အရွာ ရေအတော်ပါ၏။ တရက်ထဲ နွေမိုးဆောင်း သုံးလီ တခါတည်း ခံစားလိုက်ရ၏။

ထိုနေ့က Facebook မှာ ပိုစ့်တွေ ပလူပျံသွား၏။ မနက်ခင်း မြူနှင်းကျတာကတော့ တင်သူ အများဆုံးပင်။ တရက်ထဲ ၃ မျိုး ဘာညာနဲ့ အချို့က တင်ကြ၏။ ကောင်းတယ် ဘာညာပေါ့။ တကယ်တမ်းက မကောင်းတာ။ နွေရာသီကြီးမှာ ခုလို (တောင်ကြီး) ဖြစ်တာမျိုး တခါမှ မကြုံဖူးသေးပေ။ သင်္ကြန်တွင်း သင်္ကြန်မိုးရွာတာက ထားပါ။ ခုက သင်္ကြန်မိုး ပုံစံလိုမျိုး မဟုတ်နေပေ။ ရွာတဲ့ အရွာက မသိလျှင် မိုးတွင်းကြီး ရောက်သွားသည့်အလားပင်။

တဖြည်းဖြည်းနဲ့ တောင်ကြီးလည်း ယခင်ထက်စာလျှင် လူနေပိုမို များပြားလာခဲ့၏။ တိုးတက်ခြင်း နှင့်အတူ ဆုတ်လျော့ခြင်းက တွဲပါလာ၏။ အကောင်း အဆိုးက အမြဲ ဒွန်တွဲနေသည် မဟုတ်လား။

img_0.770920895571729.jpg

တောင်ကြီးမြို့ သုံးရေက အဝီစိရေ (မြေအောက်ရေ) ကိုသာ အဓိက ထားသုံးရ၏။ မြေအောက်ရေက ကုန်သွားတတ်သည့် အမျိုးပဲ မဟုတ်လား။ ထုတ်ယူမှုများပြီး ပြန်လည် ဖြည့်တင်းမှု မရှိလျှင် တချိန်မှာ အကြီးအကျယ် ဒုက္ခ တွေ့လာနိုင်၏။ ပြီး မြို့ပေါ်က အိမ်အများစုက ဝန်းခြံပြည့် ကွန်ကရစ်တွေ ခင်းလေ့ရှိ၏။ ရွာသွန်းချသည့် မိုးရေများက အနှီ ကွန်ကရစ်တွေကို ဖြတ်သန်း စီးဆင်းပြီး မြေအောက်သို့ ဝင်ခြင်းငှာ မစွမ်းနိုင်ပေ။ ဒီအတိုင်း မြင့်ရာကနေ နိမ့်ရာသို့ စီးဆင်းသွားတော့၏။

ထိုအတိုင်း ဒီအတိုင်းသာ ဆက်သွားလျှင် တချိန်မှာ မြေအောက်ရေတွေ မရှိတော့လျှင် ထိုရေတွေ ရှိခဲ့သည့် နေရာတွေက ဂလိုင်တွေ ဖြစ်ကုန်ပေလိမ့်မည်။ မြေပေါ်က အဆောက်အဦးများ၏ ဝန်၊ အလေးချိန် ပြီး တော်တော်ကြာမှ တခါတလေ လှုပ်လေ့ရှိသည့် ငလျင်တွေက ကျနော်တို့ကို ဒုက္ခ ပေးလာနိုင်၏။

တောင်ကြီးက ကုန်းတွင်းပိုင်း တောင်ပေါ်မြို့ဆိုတော့ အခြား ပင်လယ် နားနီး ဒေသတွေထက် စာလျှင် မုန်တိုင်းကို သိပ် ကြောက်စရာမလိုပေ။ ဒါပေမယ့် ငလျင်ကိုတော့ သတိထားရပေလိမ့်မည်။ တောင်ကြီးမြို့က ငလျင်ကြောပေါ်မှာ ရှိသည်ဟု ဖတ်ထား မှတ်သားဖူး၏။ ငလျင်တွေက နှစ်အတော်ကြာပြီးလျှင် တခါတခါ ပြန်လာတတ်သည် မဟုတ်လား။ မြေအောက်ရေတွေ မရှိတော့ချိန်မျိုးမှာ ငလျင်နဲ့ ဂလိုင်တွေသာ တွေ့သွားလျှင် မြို့နေ လူထု အတွက် အင်မတန်မှ အန္တရာယ်များလှပေ၏။

ထိုအကြောက်းကို လွန်ခဲ့သော နှစ်များစွာက ကျနော် ရေးဖူး သတိပေးဖူး၏။ မည်သူမှ အဖက် မလုပ်ကြပေ။ သဘာဝ ဘေးအန္တရာယ်ကို မသိကြ မကြောက်ကြ လေ သလော။ အချိန်မှီသိ ကြိုတင်ပြင်ဆင်ထားနိုင်မှ တော်ကာကြမည် မဟုတ်လား။ အခြားသူများ၏ တနေ့ထဲ ရာသီ ၃ ခုဆိုတဲ့ ပိုစ့်တွေ ပုံတွေ ကြည့် ရင်း တယောက်ထဲ ရင်မောနေမိတော့၏။



0
0
0.000
8 comments
avatar

တောင်ကြီးက အဲဒီရေကန်မှာ ငါးအရမ်းမျှားချင်နေပြီ.... ငါးမျှားလို့ရလား..?😁😁 !PIZZA

0
0
0.000
avatar

ရတယ် ဗျ
!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
donjaun tipped myothuzar (x1)
kachinhenry tipped donjaun (x1)
donjaun tipped kachinhenry (x1)
@donjaun(3/5) tipped @htwegyi (x1)
htwegyi tipped donjaun (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ကမ္ဘာကြီးက တစ်ဖြည်းဖြည်း အခြေအနေ တွေက ပိုဆိုးလာတယ်

!LOLZ

0
0
0.000
avatar

ဟုတ်ပဗျာ
!PIZZA

0
0
0.000
avatar

ဟုတ်သဗျို့ ကျုပ်တို့ မြို့သစ်ဖက်မှာလည်း အဝီစိရေ
ထုတ်ယူမှုက ကြမ်းသပ။ အိမ်တွေကကွန်ကရစ်တွေခင်း
တိုက်တွေဆောက် အင်း ရင်လေးစရာပါ။
!PIZZA

0
0
0.000
avatar

မြေအောက်ရေ မရှိတော့ရင် ဆိုးပြီ။
!PIZZA

0
0
0.000