VPN

Internet line တွေ ယခင်လောက် မကောင်းတော့ပေ။ အင်းလေ မကောင်းတာက Internet တခုထဲမှ မဟုတ်ဘဲ။ ဒီနိုင်ငံမှာ ဘယ်အရာကမှ ကောင်းနေတာ မရှိပေ။ Internet မကောင်းရတဲ့အထဲ VPN ကလည်း အဆင်မပြေပေ။ ဒါကလည်း တဒုက္ခ။ Facebook တခုထဲ မဟုတ် ကျနော့် အတွက် Telegram ကလည်း VPN လို၏။ မည်သို့ရယ်ကြောင့်တော့ မသိပေ။ သူများတွေက VPN မလိုလို့ Telegram သုံးတာ။ ကျနော့်ကြ ဘာသုံးသုံး VPN နဲ့မှ။
Official Telegram အစား Third party App ဖြစ်သည့် Nekogram သုံးလို့လားဟု ထောက်ရအောင်လည်း Official Telegram မှာ ကတည်းက VPN လိုကို လိုနေခဲ့တာ။ ကြားထဲ တခြား Third party App တွေ သုံးခဲ့တုန်းကလည်း ထိုနည်း၎င်းကောင်းပင်။ ဘာပဲ သုံးသုံး VPN လေးနဲ့ပေါ့။

VPN ကလည်း ယခင်က ရွေးချယ်စရာ များသလောက် ခုကအတော်လေး နည်းပါးလို့လာ၏။ တဖက်က လိုက်ပိတ်နေတာလည်း ပါမည်။ ခုထိ အဆင်ပြေနေသေးတာတော့ Jump Jump ဖြစ်၏။ Premium (Pro) user အဆင့်သို့သော မသွား မသုံးနိုင်ပေ။ ထို့ကြောင့် ကြေငြာကြည့်ပေးပြီး 45 မိနစ် သုံးပေါ့။ Jump Jump ကိုကတော့ ကလစ်ဖို့ အတွက် သက်သက်သာ သုံး၏။
တခြား VPN ကိုတော့ Facebook, Telegram သုံးဖို့ ထား၏။ ယခင်ကတော့ Amnezia VPN က အဆင်ပြေ၏။ နောက်ပိုင်း သူလည်း မရတော့ ကြားထဲ တခြား VPN တွေ ခဏ သုံးလို့ရလိုက်သေး၏။ နောက်ပိုင်း သူတို့လည်း မရတော့ပေ။ လက်ရှိမှာတော့ တရုတ် VPN တခု သုံးနေ၏။ ချိတ်ရတာ မြန်၏။ လိုင်းကောင်း၏။ ကြေငြာ ကြည့်စရာလည်း မလိုပေ။ သူလည်း free နဲ့ premium version ဆိုပြီး ရှိ၏။ ကျနော်ကတော့ free version ပါပဲ။
Free ကို Data ချိတ်ဆက် သုံးလာတာ များတော့ နောက်ပိုင်း နည်းနည်း ချိတ်ရခက်လာ၏။ နိုင်ငံတွေ ပြောင်းပြီး ချိတ်ရ၏။ ဒီတခု မရရင် ဟိုတခု၊ ဟိုတခု မရရင် ဒီတခု ပြောင်းရလေ၏။ မရှိ မရတော့လည်း ရှိတဲ့ ရတဲ့ဟာ ရှာကြံသုံးပေါ့။ Outline key ဝယ်သုံးရင်တော့ ရပါ၏။ နို့ပေမဲ့ ကိုယ့်မှာ ကလည်း ချိန်ဆ နေရသေးသည် မဟုတ်လား။ ယခင်လို VPN တွေ မလိုတော့တဲ့ တနေ့ ရောက်လာမယ်လို့ မျှော်လင့်ပါ၏။
Sending you some Ecency points. Please check your wallet.
Thanks
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPအဲ့သဟာကလည်း တဒုက္ခပါလေ။
!LOLZ
!MEME
ဟုတ်ပ။