ဝါးတီး

avatar

တလောက မင်္ဂလာဆောင်သည့် ညီလေးက သူ့ရွာသို့ လာလည်ရန် ပြော၏။ မင်္ဂလာဆောင်နေ့တုန်းက Dinner မလုပ်ပေးလိုက်ရလို့လည်း ပါ၏။ ထိုနေ့က မင်္ဂလာဆောင်ပွဲ ပြီးပြီးချင်း ရွာပြန်ကြ၏။ မူလက တောင်ကြီးမှာ Dinner လုပ်ပေးဖို့ တွေးထားသော်လည်း ရွာ၏ ထုံးစံကြောင့် ရွာမှာသာ လုပ်ပေးဖို့ အကြောင်းဖန်လာ၏။ ကျနော်တို့က ည မအိပ်နိုင် သောကြောင့် Dinner မသွား နိုင်ခဲ့ပေ။

သူက မင်္ဂလာဆောင် ပြီးကတည်းက တရက်ရက် ဆင်းလာဖို့ ပြောပြောနေ၏။ ဘယ်နေ့လာလာ အဆင်ပြေကြောင်း သူ့ကို တရက်တော့ ကြိုပြောပေးရန်ပေါ့။ တရက်ကြိုသိတော့ သူ ချက်ပြုတ်ထားဖို့လည်း အချိန်ရသည်ကိုး။ ကျနော်တို့ သူငယ်ချင်း တစုလည်း အများစု အားမည့်ရက်၊ အားမည့်အချိန်ကို ညှိပြီးနောက် ဘယ်နေ့ လာမည် ဆိုပြီး အကြောင်း ပြန်လိုက်၏။ သူက အဆင်​ပြေတယ် လာခဲ့ ဆိုသဖြင့် သူ့ဆီ သွားလည်ဖို့ ဖြစ်သွားတော့၏။

သူငယ်ချင်းတွေ အားသည့် အချိန်စောင့်၊ ပြီး လူလိုက်စုရသေးသဖြင့် သူ့ဆီကို နေ့လည်ခင်း ၁ နာရီ ကျော်၊ ၂ နာရီ ထိုးခါနီးမှ ဆင်း ဖြစ်၏။ ၂ နာရီခွဲလောက် သူ့ဆီ ရောက် ၏။ ခဏတဖြုတ် နားကြပြီး စားဖို့ ပြင်ဆင်ကြ၏။ ဝက်သား ဒုတ်ထိုး၊ အကင်နှင့် အသားသုပ်များ လုပ်ထားပေး၏။ ကျနော်တို့က အာလူးကြော်နှင့် အခြားသောက်စရာ ဖျော်ရည် ဘာညာ ဝယ်သွားလိုက်၏။ သူ့ အမျိုးသမီးက ချက်တတ် ပြုတ်တတ်တယ် ပြောလို့ရ၏။ ချက်တတ်မှာပေါ့ ရွာမှ စားသောက်ဆိုင် (အကင်ဆိုင်) ဖွင့်ထားသူကိုး။

စားလို့ကတော့ ဘာကောင်းသလဲ မမေးနဲ့။ ထမင်းစားဖို့တောင် မေ့နေသည် အထိပင်။ အဆာခံအောင်ဆိုပြီး ထမင်းတလုံးလောက်တော့ စားလိုက်ကြသေး၏။ ကျနော် ကတော့ နှစ်လုံးပေါ့။ ကျနော်တို့ ရောက်သွားပြီး စားချိန်က နေ့လည်စာလည်း မဟုတ် ညစာလည်း မဟုတ် ကိုးလိုးကန့်လန့်စာ ဖြစ်နေ၏။ ရယ်ရတာက သွားသည့် ၆ ယောက်မှာ ၅ ယောက်က နေ့လည်စာ မစားရသေးပေ။ နေ့လည်စာနဲ့ ညစာ ပေါင်းစားလိုက်မယ် တွေးပြီး ဖြည်းဖြည်းနဲ့ကြာကြာ စားကြလေတော့၏။ စားကြ သောက်ကြ စကားစမြည် ပြောကြနဲ့ပေါ့။ တဝါးဝါး တဟားဟား နဲ့ တဒင်္ဂတော့ စိတ်ပင်ပန်းမှုတွေ ပြေလျော့ကုန်ကြ၏။

ညနေ ၅ နာရီခွဲတော့ ပြန်ဖို့ ပြင်ကြ၏။ အချို့က ဆိုင်ပြန်ပိတ်ရဦးမည်။ ဝန်ထမ်းတွေနဲ့ပဲ ထားခဲ့ရသူလည်း ပါသည်ကိုး။ ပြီး သိပ်မမှောင်ခင် ပြန်မှလည်း ကောင်းမည်။ အပြန် နေဝင်ဆည်းဆာ ရှုခင်းလေးကိုလည်း ခံစားလိုကြသေးသည်ကိုး။

နေမင်းကြီးက အိပ်တန်းတက်ဖို့ တာဆူနေခဲ့ပြီ။ ဒီဘက်တခြမ်းကို ထွန်းလင်း ပေးခဲ့ပြီးနောက် အခြား တဖက်ကို ထွန်းလင်းပေးရပေလိမ့်ဦးမည်။ ခပ်ဖြေးဖြေးလေးသာ မောင်းပြန်လာခဲ့၏။ ညနေ ၆ နာရီ ကျော်မှာတော့ တောင်ပေါ် ပြန်ရောက်၏။ အဆာပြေ သရေစာ မုန့်စားကြပြီးနောက် ကိုယ်စီ အိမ်သို့ ပြန်ခဲ့ကြ၏။ ဒီနေ့၏ ဒီအချိန်လေးက ဘဝအမော ဖြေခွင့်ရသည့် နေ့ရက် အချိန်လေး ဖြစ်ခဲ့လေတော့၏။



0
0
0.000
12 comments
avatar

သာယာတဲ့ အချိန်ခဏနေလေပ။
!LOLZ
!MEME
!PIZZA

0
0
0.000
avatar

ပျော်စရာ အချိန်လေးတစ်ခု ရလိုက်တာပေါ့ဗျာ... !PIZZA !LOLZ !LUV

0
0
0.000
avatar

ပုံထဲက ဝက်အူသုပ်ကတော့ သွားရည်ကျ စရာပါလား။ !PIZZA

0
0
0.000