We Got 3 Points & Red Card

မနေ့က မြန်မာအသင်း၏ ASEAN Championship Hyundai Cup တတိယပွဲစဉ် အဖြစ် လာအိုအသင်းနှင့် ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ကစား၏။ အဖွင့်ပွဲစဉ်မှာ မလေးရှားကို ၁-၂ ဖြင့် ရှုံးထားပြီး ဒုတိယပွဲစဉ်မှာ ဖိလစ်ပိုင်ကို ၀-၄ ဖြင့် အနိုင်ရထား၏။ လာအို အနေဖြင့် ထိုင်းကို ၀-၅ ၊ မလေးရှားကို ၄-၀၊ ဖိလစ်ပိုင်ကို ၁-၄ ဖြင့် ရှုံးနိမ့်ထား၏။ တအုပ်စု ၅ သင်းမို့ တသင်းကို ၄ ပွဲစီ ကစားရမည် ဖြစ်၏။
လာအို အသင်း အနေဖြင့် မြန်မာ အသင်းနဲ့ ပွဲစဉ်က အုပ်စု နောက်ဆုံးပွဲစဉ် ဖြစ်လေ၏။ နောက်တဆင့် တက်ရေးအတွက် မျှော်လင့်ချက် မရှိတော့ပေ။ သို့ပေမဲ့ ဂုဏ်သိက္ခာပိုင်းအရ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် မြန်မာအသင်းကို အကောင်းဆုံး ယှဉ်ပြိုင် သွားဖို့ လိုမည် ဖြစ်၏။ တကယ်လည်း လာအိုက ထိုသို့ ကစားသွားခဲ့၏။
ပထမပိုင်း ၂၅ မိနစ်အထိ အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိခဲ့၏။ နောက်ပိုင်း မိနစ်တွေမှသာ လာအိုအသင်းအနေဖြင့် မြန်မာအသင်း၏ ထိုးဖောက် တိုက်စစ်ဆင်မှုတွေကို ဟန့်တားနိုင်ခြင်း မရှိတော့ဘဲ သွင်းဂိုးတွေ ထပ်မံ ခွင့်ပြုပေးရလေ၏။ ဦးဆောင်ဂိုးကို ပွဲစပြီး ၂ မိနစ် အတွင်းမှာ လွင်မိုးအောင်က မောင်မောင်လွင်၏ ပေးပို့မှုကနေ ဦးဆောင်ဂိုး သွင်းယူ၏။ ထို့နောက် လာအိုက ချေပဂိုး သွင်း၏။

၂၉ မိနစ်မှာ ဝင်းနိုင်ထွန်းက ဦးဆောင်ဂိုး သွင်း၏။ ၂၃ မိနစ်မှာ လာအိုအသင်းက ချေပဂိုး သွင်း၏။ ချေပဂိုးတွေ နောက်လ လိုက်လံ သွင်းယူနိုင်နေသည့် လာအို အသင်း ထပ်မံ၍ ဂိုးမသွင်းနိုင်အောင် ပထမပိုင်း ၄၁ မိနစ်နှင့် ၄၅+၆ မိနစ်တွေမှာ နောက်ထပ် ၂ ဂိုး ထပ်မံ သွင်းယူပြီး ပထမပိုင်းကို ၄-၂ ဖြင့် ဦးဆောင်ထား၏။
ဒုတိယပိုင်းမှာ နောက်ထပ် သွင်းဂိုး ၃ ဂိုး ထပ်မံ သွင်းယူပြီး ပွဲအပြီးမှာ ၇-၂ ဖြင့် လာအိုကို အနိုင်ရသွားခဲ့၏။ ၇၀ မိနစ်မှာ မြန်မာအသင်း ခေါင်းဆောင် မောင်မောင်လွင် အနီကဒ်ဖြင့် ထုတ်ပယ်ခံရ၏။ မောင်မောင်လွင်နဲ့ အချင်းများသည့် လာအို ကစားသမားလည်း ထုတ်ပယ်ခံရ၏။ မောင်မောင်လွင်၏ အနီကဒ်က မဖြစ်သင့်ပေ။ မဖြစ်သင့်ဆိုတာ မပေးသင့်သည့် အနီကဒ် မဟုတ် ပေးသင့်သည့် အနီကဒ် ဖြစ်၏။ ကစားသမား၏ မလိုလားအပ်သော အပြုအမူကြောင့် အနီကဒ် ပြခံရခြင်း ဖြစ်၏။
လက်ရွေးစဉ်အဆင့် ကစားသမား အနေဖြင့် အပြုအမူ ဂရုစိုက်သင့်၏။ ပွဲ အရှိန်ကြောင့်ဟု ဆိုရပြန်အောင်လည်း အသင်းက ခြေစွမ်းသာ ဂိုးအသာနဲ့ နိုင်နေတာလေ။ ခုနောက်ပိုင်း မောင်မောင်လွင်၏ အပြုအမူတွေက မေးခွန်းထုတ်စရာတွေ ရှိနေခဲ့၏။ အသင်းအတွက် အရေးပါသည့် ကစားသမား တယောက်၊ အသင်းခေါင်းဆောင် တယောက် အနေဖြင့် အမူအကျင့်တွေကို ဂရုစိုက်သင့်၏။ အနီကဒ်ကြောင့် အုပ်စု နောက်ဆုံးပွဲစဉ် ထိုင်းအသင်းနဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာတော့ပေ။
(photos from MFF page)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 13500 replies.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out our last posts: