When Hive price increase

avatar

uyhhhmzuxp.jpg

Hive စျေးတက်လာခဲ့လျှင် ဘာလုပ်မယ် တွေးထားလဲ။ ကျနော်ကတော့ အများကြီး တွေးထား၏။ အများကြီး ဆိုပေမယ့် ပြန်ချုံ့လိုက်ပြန်တော့ နည်းနည်း လေးသာ ရှိ၏။ အဓိကကတော့ စျေးအများကြီး မတက်လာခင် power စုနိုင်သလောက် စုထားနိုင်ဖို့ လို၏။ ကျနော်တို့ အတွက် hive power က အသက်၊ အဓိက ပင်။ ကျနော့် အိပ်မက်က ကျနော့် vote တချက်နှင့် တဖက်လူ reward များများ ရသွားဖို့ ဖြစ်၏။

အချို့ power များသူများရဲ့ vote လေး တချက်က 25$ or 30$ လောက် ဖြစ်သွား စေသည် မလား။ လောလောဆယ်တော့ ထိုသို့ မဖြစ်နိုင်သေးပေ။ လက်ရှိ power လေးနဲ့က 100% နဲ့ vote တချက်က 0.08$ လောက်သာ ပေးနိုင်နေသေး၏။ ကိုယ့် vote တချက်ကနေ 10$ ဖြစ်သွားစေဖို့ထက် 1$ ဖြစ်ဖို့တောင် အတော်လေး အချိန် ပေးရပေလိမ့်ဦးမည်။

ကျနော်က Hive ကို ဒီဂျစ်တယ် စုဗူး တခုလို သဘောထား ထား၏။ တချိန်ချိန် အတွက် ရည်ရွယ်၏။ အကုန်လုံး ထုတ်သုံးမှာလား ဆိုတော့ မဟုတ်၊ ဒီအတိုင်း အပို စာသားလေးတွေကိုသာ ထုတ်သုံးဖို့ ရည်ရွယ်ထား၏။ ဘဏ်မှာ ငွေစုထားသလိုပေါ့။ အတိုးကိုသာ ထုတ်စားဖို့။

img_0.304836593888453.jpg

ယခင်လို အခြေအနေ မျိုးဆိုလျှင် hive က ရသမျှကို အကုန်လုံး power up ပစ်လိုက်နိုင်၏။ လက်ရှိ အခြေအနေမှာကား မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်နေပေ။ သို့နှင့်ပင် power က တိုးသင့် သလောက်၊ များသင့်သလောက် မများလာပဲ ရှိနေတော့၏။ တဖက်က ကြည့်ပြန်တော့ Hive လေး ရှိနေလို့သာ အသက်ရှူ ချောင်နေသည်ဟု ပြောလို့ရ၏။ အသုံး လိုလာလျှင် ထုတ်ထုတ်ပြီး ရောင်းလို့ ရနေလို့ တော်သေး၏။

Hive စျေးက တဖြည်းဖြည်းနဲ့ အတက်ဖက်ကို ဦးတည်နေပြီ ထင်၏။ ဝုန်းဒိုင်းကြီး မတက်ဘဲ ခုအတိုင်း ဖြည်းဖြည်း မှန်မှန်လေး တက်သွားတာကို ပိုသဘောကျမိ၏။ အများကြီး မဟုတ်တောင် ယခင် steemit ခေတ်ကောင်းစဥ်က စျေးလောက်မျိုး Hive လည်း ဖြစ်လာခဲ့လျှင်ကို အတော်ကြီး ကောင်းသွားပြီ ဖြစ်၏။

မနက် breakfast လည်း စားချင်လို့ ဒီပိုစ့်လေး တင်မယ်နော်။
ညနေ beer သောက်မယ်။ အဆင်ပြေမယ်ဆိုရင် vote ပေးပါ။
အစရှိသည့် စာလောက်လေးပဲ ရေးပြီး vote ယူ beer သောက်လို့ရမည့်နေ့ တနေ့နေ့တော့ ရောက်လာပါလိမ့်မည်။

Hive စျေးတက်ကာ Hive power များများရှိပြီး အားရပါးရ vote ပေးနိုင်မည့်နေ့ကို မျှော်လင့်လျှက်...



0
0
0.000
11 comments
avatar

တူတူပဲဗျ ကျနော့ဘုတ်တချက် တဖက်လူ တသက်စားမကုန်ဖြစ်စေချင်တာ :D !LOLZ

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped donjaun (x1)
@uthantzin(7/10) tipped @donjaun (x1)
golden.future tipped donjaun (x1)
sheinthu tipped donjaun (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

အို ဟိုး ဟိုး hive နဲ့ ဘီယာလေး ကစ်လိုက်
ဘားလေး ဂို လိုက် စိတ်ကူးထဲမှာကို သာယာချက်ပ
လူပျိုကြီးရဲ့ အိပ်မက် အကောင်အထည်ဖော်ပါစေလို့
ဝိုင်းဆုတောင်းပေးပါသဗျာ။
!LOLZ

0
0
0.000
avatar

ပေးချင်တာပေါ့ တဘုတ် တသောင်းလောက်ဆို မဆိုးဘူးနော့ !PIZZA

0
0
0.000
avatar

vote တချက်နဲ့ Beer သောက်မယ်ဆိုတဲ့ ဘက် ပိုအားသာတယ် မဟုတ်လား..? !PIZZA. !LOL

0
0
0.000
avatar

ကျနော်လည်း ကိုဒွန်ပြောသလို ပြည့်စုံပါပဲဗျာ။!PIZZA

0
0
0.000
avatar

အဲသလို စိတ်ကူးလေးမျိုး တစ်ကယ်ဖြစ်လာတဲ့ တစ်နေ့ကြရင်ဖြင့်....!PIZZA

0
0
0.000