Words from Movies

avatar

fb_img_1638790212152

Super Heroes ကားတွေကို သဘောကျ နှစ်ခြိုက်၏။ Super Heroes လို့ ပြောက DC နဲ့ Marvel ကို ပြေးပြီး မြင်ကြမယ် ထင်၏။ ကျနော်က ထို နှစ်ခုလုံး၏ fan ဖြစ်၏။ ဒါပေမယ့် DC ထက် စာလျှင်တော့ Marvel ကို ပိုပြီး ကြိုက်၏။ DC ကားတွေက ကြည့်ရတာ အေးလွန်း၏။ ဇာတ်က ငြိမ်လွန်း၏။ အလှုပ် အရွ အဖိအဖော့လေးတွေ သိပ်မတွေ့ရပေ။ Marvel ကတော့ ထိုသို့ မဟုတ်ပေ။ Marvel ထွက် ကားတိုင်း နီးပါး အသွက် အလှုပ်တွေ များ၏။ DC မှာ သွက်တာ ဆိုလို့ ၃၊ ၄ ကားလောက်သာ တွေ့ဖူးသေး၏။

တရက်က Dr Strange ကား ကြည့်ဖြစ်၏။ အကြည် version မထွက်သေးလို့ မကြည့်ဖြစ်သေးပေမယ့် တရက်သား Channel Myanmar က အကြည် version တင်ပေးသည်နှင့် တခါတည်း down ပြီး ကြည့်လိုက်၏။ သဘောကျ၏။ ဇာတ်ကားက တလျှောက်ကြီး သွား၏။ ခဏ ရပ်တာ နားတာတွေပင် မရှိပေ။ အတော်လေးလည်း မြိုင်၏။ သီအိုရီတွေ ဘာတွေနဲ့ ကြည့်လို့တော့ အတော်လေး ကောင်း၏။

Multiverse အရှုပ်တောပုံကြား အတ္တ လွန်ဆွဲပွဲတွေကို ကောင်းကောင်းကြီး သိမြင် ခံစားခွင့် ရလိုက်၏။ နောက်တခေါက်တော့ ပြန်ကြည့်ရပေဦးမည်။ Marvel ကားတိုင်း နီးပါးကို အနည်းဆုံး နှစ်ခါ ပြန် ပြန်ကြည့် ဖြစ်၏။ တချို့ ဇာတ်ကားတွေဆို ၃၊ ၄ ခါလောက် ကြည့် ဖြစ်၏။ ဘယ်အချိန် ပြန်ကြည့်ကြည့် ကြည့်လို့ကောင်းပြီး အရသာလည်း တကယ် ရှိ၏။ တွေးစရာ စဥ်းစား စရာတွေ လည်း ရ၏။

img_0.19889906216167474

ခု Dr Strange ဇာတ်ကားထဲမှာ hot ဖြစ်နေသည့် စကားလုံးလေးက I Love You In Every Universe ဆိုသည့် စကားလေး ဖြစ်၏။ အတော်များများလည်း ဓာတ်ပုံတွေ meme တွေ မြင်ဖူးကြပြီးပြီ ထင်ပါ၏။ ထိုစကားလေးက ရိုးရိုးလေးနဲ့ လေးနက်လွန်းလှ၏။ RO စရာ မရှိသည့် ကျနော်တောင် ထို အခန်းမှာ နင့်ခနဲ ဖြစ်သွားခဲ့၏။

Avengers End Game ထဲက I love you 3000 စကားလုံးလေး လိုပဲပေါ့။ ကျနော်က ဇာတ်ကား ကြည့်လျှင် စွဲထင်ကျန်မိသည့် စကားလုံးလေးတွေကိုလည်း မှတ်မှတ်ထားတတ်၏။ တမင် မှတ်သားထားခြင်းမျိုး မဟုတ်ဘဲ သူ့သူ မှတ်မိနေခြင်း ဖြစ်၏။ နောင် ကြုံကြိုက်မှ အနှီ စကားလုံးလေးတွေနဲ့ ပတ်သက်ပြီး ပိုစ့် ရေးပါဦးမည်။



0
0
0.000
5 comments