ရေးနေရမှာ ကိုယ့် အလုပ်

avatar

ခုတလော စာရေးဖို့ စိတ်မပါနေပေ။ အမှန်တော့ ထိုသို့ ဖြစ်နေတာ ခုမှ မဟုတ်ဘဲ နည်းနည်းတော့ ကြာနေခဲ့ပြီ ဖြစ်၏။ ကြိုရေးထားတာလေးတွေ ရှိလို့ မရေးဖြစ်တာက မသိသာသေးပေ။ ဒါပေမယ့် ပျက်ကွက်ရက်တွေ များလာတော့ ကြိုတင်စာတွေက နည်းနည်းသွားခဲ့ရတော့၏။ အပျင်းထူနေခဲ့တာလည်း ပါမပေါ့။ ဆယ်ရက်စာလောက် ကြိုတင်ပိုစ့်တွေ ရှိရာက ခုဆို တနေ့စာ တနေ့သာ ရှိတော့၏။ ကျနော် မည်မျှ အပျင်းထူ ပစ်လိုက်လည်းဆို အဲ့တာသာ ကြည့်တော့။

အလေ့အကျင့်ကောင်းက မွေးမြူရခက်သော်လည်း ခု အကျင့်ကြပြန်တော့ မမွေးထားဘဲ သူ့သူ လာရောက် ရှင်သန်နေခဲ့၏။ ထိုအပင်က အမြဲ မဟုတ်ဘဲ တခါတလေမှ ပျင်းရိခြင်း အသီး သီးလို့ တော်သေး၏။ ဒါတောင် တခါတခါ သူက အလုံးရေ ခပ်များများ သီးလေ့ ရှိသေး၏။ ယခုလို အခါမျိုးပေါ့။

Hive စျေး ကျနေခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်၏။ Hive စျေးထက် ကျနော်တို့၏ စိတ်ဓာတ်တွေ ကျနေနေခဲ့တာတော့ ပိုကြာခဲ့ပြီ ထင်၏။ ကျနေသည့် စိတ်များကို ယခင်က Hive စျေးလေးနှင့် ကျားကန်ထားခဲ့လို့ ရသေး၏။ 1$ မပြည့်သော်လည်း 0.5$ 0.6$ က လက်ခံပေးလို့ ရပါသေး၏။ ခု 0.3$ ပတ်ခြာလည်ကတော့ တယ် အဆင်မပြေလှပေ။ ခဏတဖြုတ်ဆို ထားတော့ ခုက နည်းနည်း ကြာနေခဲ့ပြီ မဟုတ်လား။ ယခင် စျေးထက် မပိုတောင် ယခင်စျေးလေးတော့ ပြန်ရောက် စေချင်ပါ၏။

ဒါပေမယ့်လည်း ကိုဟင် ပြောနေကြ စကားကို လက်ကိုင်ထားပြီး စျေး တက်​တာကျတာက သူ့ အလုပ် စာရေးရမှာက ကိုယ့်အလုပ်ဟု တွေးကာ နေ့စဉ် မပျက် ပိုစ့်တင် နိုင်အောင်တော့ ကြိုးစားရပေလိမ့်ဦးမည်။ တနေ့က အပျင်းထူရပ်ဖို့ ကိုယ့်ကို သတိပေး ပိုစ့် ရေးထားသော်လည်း အပျင်းက အရှိန် မသေ သေးပေ။ အရှိန်အဟုန်ဖြင့် တောက်လောင်ထားသည့် မီးက မီးတောက် မရှိတော့ပေမယ့် အတွင်းမှာတော့ တငွေ့ငွေ့ လောင်ကျွမ်းနေသေး၏။ လက်ကျန် လောင်စာက ရှိနေခဲ့သေးသည်ကိုး။

မည်သို့ပင်ဆိုစေကာမူ တနေ့တပိုစ့်ကတော့ ရေးကို ရေးတင်ရပေလိမ့်မည်။ တချိန်မှာ High နိုင်ဖို့ ခုချိန်မှာ Hive ထား ရပေလိမ့်မည်။



0
0
0.000
12 comments
avatar

ပုံမှန် ရေးနေရမှာပဲ ။ တစ်နေ့ တစ်ဒေါ်လာ လောက်ဖြစ်ဖြစ် စုနိုင် လဲ မနဲဘူးလေ။
!LUV !MEME !PIZZA !hiqvote

0
0
0.000
avatar

တနေ့ တပို့စ် ရေးနိုင်ရေး တို့အရေး။
!LOLZ
!MEME

0
0
0.000