Yesterday Matches results

avatar

fb_img_1638790212152.jpg

မနေ့ည Super Sunday ပွဲစဥ်များက ရင်ခုန် စိတ်လှုပ်ရှားဖွယ် အတိ ဖြစ်ခဲ့၏။ ချန်ပီယံ၊ ချန်ပီယံလိဂ် ဝင်ခွင့်၊ ယူရိုပါလိဂ် ဝင်ခွင့်နှင့် တန်းမဆင်းရရေး နောက်ဆုံး တိုက်ပွဲ တွေနှင့် အတော်လေး ဆွဲဆောင်မှု ရှိခဲ့၏။

စီးရီးအေ ချန်ပီယံကတော့ ကျနော် ထင်မှတ် မျှော်လင့်ထားသည့်အတိုင်း အေစီမီလန်က ရယူသွားခဲ့၏။ အေစီကော အင်တာကော ပြိုင်ဖက်တွေကို ၃ ဂိုးပြတ်စီနှင့် အနိုင်ယူခဲ့ကြ၏။ ဒါပေမယ့် ကနဦး ကတည်းက ၂ မှတ် ကွာနေခဲ့သည် မဟုတ်လား။ ထို့ကြောင့် အေစီတို့သာ ချန်ပီယံ ဖြစ်သွားခဲ့၏။ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သည့် အေစီတို့ ဘောလုံး ဇာတ်ခုံပေါ် ဒီတကြိမ်မှာတော့ ပြန်လည်လို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်၏။

စီးရီးအေ မှာလိုပဲ ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးတို့ ချန်ပီယံ ဖြစ်သွားခဲ့၏။ ဒါပေမယ့် အေစီလို ပြိုင်ဖက်ကို သက်တောင့်သက်သာ အနိုင်ကစား ခဲ့ရခြင်းမျိုး မဟုတ်ပေ။ အိမ်ကွင်းမှာ အက်စတုန်ဗီလာ ၏ ဦးဆောင်မှုကို နောက်ကနေ ချေဖျက်ပြီး အသည်းအသန် ကစားခဲ့ရခြင်း ဖြစ်၏။ ဗီလာ၏ ဦးဆောင်ဂိုး နှစ်ဂိုးကို ပြန်လည်ချေပပြီး အနိုင်ဂိုးတွေပါ သွင်းယူကာ ချန်ပီယံ ဆုကို ထိုက်ထိုက်တန်တန် ရယူလို့ သွားခဲ့၏။ မန်ယူဖန် ဖြစ်ပေမယ့် Congratulations ပါ စီးတီးရေ။

img_0.6504492731114941.jpg

မန်စီးတီးက ဗီလာကို အနိုင်ကစားသွားနိုင်သဖြင့် လီဗာပူး၏ အနိုင်က ဘာမှ အသုံးမဝင်တော့ပေ။ ကနဦး စီးတီးတို့ ရှုံးနေချိန်မှာတော့ လီဗာပူးတို့ အနေဖြင့် မျှော်လင့်ချက်များ ရှင်သန်လို့ နေခဲ့သေးသည်ကိုး။ ဒါပေမယ့် ပွဲချိန်ပြည့်သွားပြီး နောက်မှာတော့ မန်စီးတီးသာ ချန်ပီယံ ဖြစ်သွားခဲ့၏။ တမှတ်သာ လျော့သည့် အခြေအနေ ဖြင့် ချန်ပီယံ ဖြစ်ခွင့် လက်လွှတ်လိုက်ရသည့် လီဗာပူးတို့ အဖို့ အတော်လေး ရင်နာစရာ ကောင်းလှ၏။

ချန်ပီယံလိဂ်ဝင်ခွင့် အတွက်လည်း စပါးနဲ့အာဆင်နယ် တို့ အပြိုင် ရှိနေခဲ့၏။ စပါးကော အဆင်နယ်ကော ပြိုင်ဖက်တွေကို ဂိုးပြတ်သွင်းပြီး အနိုင်ကစားခဲ့ကြ၏။ စပါးကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရပြီး အာဆင်နယ်က ယူရိုပါလိဂ်ဝင်ခွင့် ရခဲ့၏။

ကျနော့် မန်ယူကတော့ ကံကောင်းလို့သာ ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့ခြင်း ဖြစ်၏။ ပဲလေ့ကို ရှုံးပြီး ယူရိုပါလိဂ်ဝင်ခွင့် ကနေ ယူရိုပါကွန့်ဖရက်ဝင်ခွင့်သို့ ဆင်းရတော့ မလိုလို ဖြစ်ခဲ့၏။ ဒါပေမယ့် အဆုံးမှာတော့ ဝက်စ်ဟမ်းကလည်း ပြိုင်ဖက်ကို ရှုံးသွားသဖြင့် မန်ယူတို့ အသက်ရှူ ချောင်သွားခဲ့၏။ ပိုနေမြဲ ကျားနေမြဲ ပေါ့။

နည်းပြသစ် လာကြည့်နေသည့် နောက်ဆုံးပွဲစဥ်မှာ မန်ယူကစားသမားများက ကောင်းကောင်းကြီး နှုတ်ခွန်း ဆက်သလိုက်သလိုလိုပင်။ အဲရစ်တန်ဟမ့် အနေဖြင့် လာမည့်ရာသီ အတွက် ပြင်ဆင်မှု၊ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေ၏။ တန်ဟမ့် ကျော်ဖြတ်နိုင်ပါစေ၊ အသင်းကို အကောင်းဆုံး တည်ဆောက် ပေးနိုင်ဖို့ မျှော်လင့်နေမိ၏။ လာမည့်ရာသီတော့ မန်ယူ ပြန်လာ နိုင်လောက်ပါပြီလေ။



0
0
0.000
3 comments
avatar

ဘောလုံးပွဲ ပုံမှန်ကြည့်ဖြစ်လားအစ်ကို...ကျွန်တော်တော့ သိပ်မကြည့်ဖြစ်ပါဘူးဗျာ...!LOLZ

0
0
0.000
avatar

ဒီအတိုင်း ကြုံရင်တော့ ကြည့်လိုက်ပါတယ်ဗျ။
!PIZZA

0
0
0.000