YTDLNIS

avatar

Phone ကနေ Facebook & YouTube တို့ကနေ Video တွေ download လုပ်ချင်မှာက နည်းနည်းတော့ ကရိကထ များ၏။ PC သို့မဟုတ် Laptop မှာ ဆိုရင်တော့ လွယ်၏။ Phone ကနေ အထူးသဖြင့် Android phone တွေမှာ ဆိုရင် TubeMate သို့မဟုတ် SnapTube တို့လို App တွေ သုံးရ၏။ တခြား App တွေလည်း ရှိပေမယ့် ထို App တွေကတော့ ပိုပြီး အဆင်ပြေ၏။ YouTube ဆို တန်းပြီး download လုပ်လို့ရပေမယ့် Facebook က Video ဆိုရင်တော့ account ဝင်ပေးဖို့ လို၏။

တခြားသူတွေတော့ မသိပေမယ့် ကျနော်က SnapTube မှာ မိမိ Facebook account ကြီး login ဝင်ရမှာကို သိပ်ပြီး သဘောမကျလှပေ။ အရင်က သုံးခဲ့ပေမယ့် ခုနောက် SnapTube လည်း သိပ်မသုံး ဖြစ်တော့ပေ။ YouTube ကနေ တခုခု download လုပ်ချင်ပါက Laptop ကနေ ပဲ download လုပ်ယူလိုက်၏။ IDM နဲ့ပေါ့။ Ubuntu သုံးနေတဲ့ ကာလတုန်းကတော့ XDM ပေါ့။

ခုရက်ပိုင်း YouTube music ဘက် လှည့် ဖြစ်နေရင်းနဲ့ app တခု သွားတွေ့၏။ ထုံးစံအတိုင်း Open source App လေး ဖြစ်၏။ App file size က 35 MB လောက်သာ ရှိ၏။ size သေးပေမယ့် စွမ်းဆောင်ရည်က မသေးပေ။ Website ပေါင်း 1000 ကျော်ကနေ Audio, Video file တွေကို download ရယူနိုင်၏။ တော်တော်လေး မိုက်၏။ အဆိုပါ App ကို သုံးပြီး YouTube music က သီချင်းတွေကို download လုပ်ကြည့်၏။ အဆင်ပြေ၏။ Video တွေတော့ မစမ်းကြည့်ရသေးပေ။

SnapTube မသုံးဖြစ်သည့် နောက်ပိုင်းတော့ YouTube က video တွေကို download လုပ်ဖို့ Seal App ကို သုံး၏။ သူလည်း open source ပင် ဖြစ်၏။ music အတွက် ခု App လေးကတော့ အတော် အဆင်ပြေ၏။ နောက်မှ Video စမ်း download လုပ်ကြည့်ဦးမည်။

App နာမည်က YTDLnis ဖြစ်၏။ Comment မှာ App link ထည့်ပေးထားပါမယ်။ စမ်းချင် စမ်းကြည့်ကြပါကုန်။



0
0
0.000
3 comments
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000