Coffee Cart

တချို့ရက်တွေမှာ ပင်ပန်းတယ်။ ကိုယ်ကော၊ စိတ်ကောပေါ့။ နေ့ရက်တွေကို ဖြတ်သန်းဖို့ အားအင် အပြင် မျှော်လင့်ချက်ကလည်း လိုအပ်သား။ ဒီကာလကြီး ဆိုပြီး ဖြစ်သလိုနေမိရင်းကနေ ဖြစ်ချင်တာတွေနဲ့ တဖြည်းဖြည်း ဝေးလို့ လာပြန်ပါရော။
(၉) တန်း မြန်မာ သင်ရိုးထဲမှာ ပါတဲ့ ဆရာကြီး ပီမိုးနင်းရဲ့ အဖိုးတန်ဆုံးသော အရင်းအနှီးများ ထဲက စာသား အချို့ကို သွားသတိရမိ၏။ အချိန် က အဖိုးတန်ကြောင်း၊ အချိန် မဖြုန်းသင့်ကြောင်းတွေထက်စာရင် ပါရမီရှင် ဆိုတဲ့ နေရာလေးကို ပိုပြီး High light လုပ်ချင်မိ၏။ ပါရမီရှင်တွေကတော့ အစောပိုင်းမှာ ဘာတွေ ဘာလိုပဲ လွဲခဲ့ ချော်ခဲ့ ပါစေ၊ ဟ... ငါမှားနေတာပဲ ပြင်မှ၊ လုပ်မှ ဆိုပြီး တွေးလည်းတွေး၊ လုပ်လည်းလုပ် လိုက်တာ လမ်းကြောင်းမှန် နေရာမှန်ပေါ် ခဏချင်း ပြန်ရောက်သွားရော။
ဆရာကြီးကတော့ ထိုသို့သော ပါရမီရှင်တွေကို မတုပသင့်ကြောင်း စာထဲမှာ တပါတည်း ထည့်ရေးထားပေမယ့် ငါလည်း ပါရမီရှင်ပဲဟ ဆိုပြီး ဇွတ်တွေကို တွေးပစ်၊ ထင်ပစ် လိုက်တော့တာပါပဲ။ အမှန်တော့ ကျနော်လည်း ပါရမီရှင် ပါပဲလေ။ ပျင်းတဲ့ နေရာမှာ။
အချိန်အခါနဲ့ အချိန်သင့် အခါသင့် ပျင်းတတ်ဖို့လည်း လိုသေးသား။ ပျင်းလွန်းရင် ဖျင်းသွားတတ်တယ်လို့လည်း အဆို ရှိသေးသကိုး။ မဖျင်းအောင် ပျင်းတတ်ဖို့ ကြိုးစားထားမှရယ်။ စီးပွားပျက်လောက်အောင် မဟုတ်ဘဲ ဆေးဖြစ် ဝါးဖြစ်လေး ပျင်းတတ်ဖို့လို၏။ (ဆေးဖြစ် ဝါးဖြစ် ပျင်းတက်ချင်လိုက သင်တန်းပေးပါမည်။ သင်တန်းသား အနည်းဆုံး ၁၀ ယောက် ရှိပါက သင်တန်း ဖွင့်ပေးပါမည်။)
ပျင်းပျင်းနဲ့ ဒီနေ့ အပြင် ထွက်ဖြစ်၏။ ဒါတောင် ပျင်းနေတာနဲ့ပဲ ညနေစောင်းမှ ထွက်ဖြစ်တော့၏။ ကော်ဖီချိန်ကို ကျော်လွန်၍ အယ်(လ်)ကိုဟောချိန်တောင် ရောက်လုနေပြီ။ ပျင်းနေတာနဲ့ပဲ ကော်ဖီလည်း ဖျော် မသောက်ရသေးပေ။ သို့နှင့် ကော်ဖီ သောက်မယ် တွေးပြီး မထိုင်ဖြစ်တာ ကြာပြီ ဖြစ်သည့် Coffee Cart ဆိုင်လေးဆီသို့ ချီတက်ခဲ့တော့၏။
ကျနော်တို့ မြို့ရဲ့နောက်ထပ် ထိုင်လို့ကောင်းတဲ့ ဆိုင်လေး တဆိုင်ပေါ့။ နေရာချထား ပုံလေးကတော့ ရိုးရိုးလေးသာ။ သူက ဆိုင်အပြင်အဆင်ထက် စာရင် အစားအသောက်နဲ့ ပိုပြီး ဆွဲဆောင်သူ ဖြစ်၏။ ဆိုင်ရှင် အကိုနဲ့ အမကလည်း သဘောကောင်းလှ၏။ ပြီး စေတနာလည်း ပါ၏။
တော်တော်ကြာပြီးမှ သွားပြန်ထိုင် ဖြစ်ပေမယ့် အရသာက နဂိုအတိုင်း ကောင်းမြဲ၊ ကောင်းဆဲပင်။ ဆိုင်မှာ ထိုင်ဖြစ်တိုင်း Coffee & Cheese Sandwitch ကတော့ ကျနော်စားနေကြ။ Coffee က ခါးလည်းမခါး ချိုလည်းမချို အနေတော်လေး ဖြစ်၏။ Sandwitch လေးက စိမ့်စိမ့်လေးနဲ့ စားကောင်း၏။ ကော်ဖီလေး သောက်လိုက်၊ မုန့်လေး စားလိုက်နဲ့ Good ပဲ။ ဘာဂါ တို့ ကော်ပြန့်ကြော်တို့လည်း ရသေး၏။ Coffee အပြင် အအေး မျိုးစုံလည်း ရ၏။ ခုလို ပူပုံနဲ့ အအေးနဲ့က အတော် လိုက်ဖက်မည်။ ဘာပဲ ပြောပြော ကျနော်ကတော့ Coffee ပဲပေါ့။
Coffee cart က ကော်ဖီ သောက်ပြီးနောက် ပျင်းနေတဲ့ စိတ်တွေပျောက်၊ လေးလံနေတဲ့ စိတ်တွေ ပေါ့ပါးသွား၏။ Coffee က ကျနော့် အတွက်တော့ boost up ဖြစ်စေသည့် အရာတခု ဖြစ်ချေ၏။ ထို့ကြောင့် ခပ်ပျင်းပျင်း ရှိသည့် နေ့တွေမှာ အပြင်ထွက်ပြီး ကော်ဖီလေး ဘာလေး သောက်လိုက်ခြင်း ဖြစ်၏။ တခမ်းတနားကြီး ကော်ဖီဆိုင် ထိုင်မယ် မတွေးထားဘဲ ဒီအတိုင်း ကော်ဖီလေးသောက် (ဒါမှမဟုတ် အအေးလေးသောက်)၊ မုန့်စားပြီး တွေးရင်း ငေးရင်း ဘဝအမောဖြေ (ပြေ) ချင်တယ်ဆိုရင် Coffee cart ဆိုင်လေးကို ထည့်စဥ်းစားသင့်ကြောင်း ပြောလိုပါ၏။ အချစ်ကလေးနဲ့ လှည်းကလေး ကော်ဖီဆိုင်မှာ Coffee Date ချင်သူများလည်း Date နိုင်ပါသေး၏။ နေရာကလည်း အထက (၆) ကျောင်းနဲ့ မျက်နှာချင်းဆိုင်လေးပဲဆိုတော့ ထသွား ထလာပဲ ဖြစ်ဖြစ်၊ တမင်ပဲ ဖြစ်ဖြစ်၊ လမ်းကြုံပဲ ဖြစ်ဖြစ် ဝင်နိုင်ပါ၏။
ကော်ဖီ သောက်ရင်း မိမိရဲ့ ညနေခင်းလေး တဖန်ပြန်လည်လို့ လန်းဆန်း တက်ကြွ နိုင်ကြပါစေ....
ဆိုင်လိပ်စာ
အထက (၆) မျက်နှာချင်းဆိုင်၊ နန်းသီတာလမ်း၊ ညောင်ရွှေဟော်ကုန်း ရပ်ကွက်၊ တောင်ကြီးမြို့။
Google Map
Coffee Cart Taunggyi
09 789 364974
https://maps.app.goo.gl/XP7zC33b4JR6mKGu7
Facebook Page
https://www.facebook.com/ccbythuko2?mibextid=ZbWKwL
ဆိုင်ဖွင့်ချိန်
နေ့လည် (၁) နာရီမှ ညနေ (၆) နာရီထိ။
#CoffeeCart
#FoodMyChoice
#PhyoeBakerySupply




!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/2) but the daily limit has been reached or the mana is too low. Try again later.
As a consolation, @foodmychoice gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻