My Secret Cafe' In Town-Tgi

avatar

လူတယောက်ဟာ မြစ် တခုမှာ ရေ နှစ်ခါ ချိုးလို့ မရဘူးတဲ့။ အို နှစ်ကြိမ်တောင် မဟုတ်ဘူး အကြိမ်ကြိမ် အခါခါတောင် ချိုးလို့ ရတယ်လေကွာ။ ဟုတ်ပါတယ် ချိုးလို့ ရပါတယ်။ ဒါပေမယ့် စာသားရဲ့ ဆိုလိုရင်းက တခြား အဓိပ္ပါယ်ပါ။ အကြိမ်ကြိမ် ရေချိုးလို့ ရတယ် မှန်ပေမယ့် ရေက တော့ စောစောကရေ မဟုတ်တော့ပါဘူး။ ပြီးနေရာ တူနေခဲ့ရင်တောင် ရေနဲ့ အချိန်က မတူတော့ဘူးလေ။

ဒါဖြင့် လူတယောက်ဟာ Coffee ဆိုင် တဆိုင်မှာ နှစ်ခါ ထိုင်လို့ မရဘူးလို့ ပြောရင်ကော။ ဟ Coffee နဲ့ ရေချိုးတာနဲ့က တူမှ မတူ၊ ဆိုင်မှ မဆိုင်တာ။ မဆိုင်ဘူး၊ မတူဘူး ဆိုပေမယ့် ဆင်တူတာလေးတွေလည်း ရှိနေပြန်သေးတာကိုး။ Coffee ဆိုင် ထိုင်ခြင်းဟာလည်း အကြိမ်ကြိမ် အခါခါ သွားထိုင်၊ သွားသောက် ဖြစ်နိုင်တာပဲလေ။ ကိုယ်သဘောကျ နှစ်သက်တဲ့ ဆိုင်ဆိုရင်ပေါ့။ ဟိုနေ့က coffee မဟုတ်တော့ပေမယ့် အရသာကတော့ ဟိုနေ့က အတိုင်းပဲ ဖြစ်နေခဲ့ရင်ပေါ့။

ခုနောက်ပိုင်းမှ ဆိုင်တွေ ပြန်ထိုင် ဖြစ်တယ်လို့ ပြောရမယ်။ ကိုဗစ် ရယ်၊ ပြီး လက်ရှိ အခြေအနေတွေ ကြောင့်ရယ်ပေါ့။ ပြီး ပိုက်ဆံ။ ကုန်စျေးနှုန်းက ခုနွေရာသီနဲ့ လျှပ်စစ်မီးလိုပဲ လူတွေကို အတော် ဒုက္ခ ပေးသကိုး။ ဒီနေ့တော့ မထိုင်ဖြစ်တာ ကြာနေပြီ ဖြစ်တဲ့ Secret Cafe' In Town - Tgi ကို ပြန်သွား ထိုင် ဖြစ်တယ်။

မထိုင်ဖြစ်တာ ဘယ်လောက် ကြာပြီလဲဆို ကိုဗစ်တွေ စကတည်းကလို့ပဲ အကြမ်းဖျဥ်း ဖြေရလိမ့်မယ်။ ဒီနေ့ ရောက်သွားတော့ အပြင်အဆင်တွေက အသစ်အဆန်းတွေ ဖြစ်လို့။ အရင် ရှိနေပြီသား ဆိုင်ခန်းလေးရဲ့ အပြင်မှာပါ အခန်းတခု ထပ်လို့ ဖန်တီးထားခဲ့ပြီ ဖြစ်၏။ (မရောက်တာကြာတော့ ခုမှ ပြန်လိုက်ကြည့်နေရရော) နဂိုရှိရင်းစွဲ အခန်းလေးကတော့ အရင်အတိုင်း မပြောင်းမလဲပင်။ ထပ်လုပ်ထားတဲ့ အခန်းပုံစံ အပြင်အဆင်ကလည်း နဂိုရှိပြီးသား အခန်းနဲ့ ကွာဟ သွားခြင်း မရှိပေ။ နောက်မှ လုပ်ထားတယ် ဆိုပေမယ့် နဂို အခန်းမှာ ရသည့် feeling နဲ့ အတူတူပင်။ ဒီအချက်လေးက သဘောကျစရာ။ အပြင် အဆင်တွေ ပြောင်းသွားပေမယ့် ယခင်က feeling အတိုင်းပဲ ခံစားရ၏။ ကျေးဇူးပါ။

နေအေးချိန် ညနေ ၃ နာရီခွဲ၊ ၄ နာရီလောက် သွားထိုင် ဖြစ်သဖြင့် အပြင်ဝိုင်းမှ ထိုင်ဖြစ်၏။ မိတ်ဆွေတို့ အနေနဲ့လည်း အဲ့အချိန်လောက် သွားဖြစ်ပြီး အပြင်ဝိုင်းမှာ မထိုင်ဖူးသေးရင် ထိုင်ကြည့်ပါလို့ ပြောပါရစေ။

Secret Cafe' မှာ ကျနော်ကြိုက်တဲ့ စားစရာက တိုဖူးဆိမ့်ကြော် ဖြစ်၏။ ခေါ်ပုတ်ကြော်လည်း စားဖူး၏။ တခြားဟာတွေလည်း စားဖူး၏။ ဒါပေမယ့် တိုဖူးဆိမ့်ကြော်မှ တိုဖူးဆိမ့်ကြော်ပဲ ဖြစ်နေခဲ့၏။ ခုလည်း တိုဖူးဆိမ့်ကြော် မှာ​ပြီလေ။ အရသာက အရင်အတိုင်းပင်။ အချိန်တွေ နေရာတွေ မတူပေမယ့် အရသာ၊ ခံစားရမှုက အရင်အတိုင်းပင်။ Cafe' Secret Coffee ကလည်း အရင်အတိုင်းပဲ။ အရာရာက အရင်အတိုင်းပဲ။ ကျနော်လည်း အရင်အတိုင်း FA ပဲကိုး။ Black Coffee လေးလည်း ကောင်းသဗျ။ အရသာတွေကို မပြောင်းမလဲ ထိန်းထားနိုင်တဲ့ အတွက် ဂုဏ်ယူပါတယ် ဗျ။

Coffee ဆိုင်တဆိုင်မှာ နှစ်ခါ ထိုင်ခဲ့ပါတယ်။ တရက်ထဲတော့ မဟုတ်ဘူး ပေါ့။ မနေ့က တခါ၊ ပြီး ဒီနေ့ နောက်တခါပေါ့။ မနေ့က ကြက်တောင်ပံ ချိုစပ်ကြော်လေး မြည်းစမ်းခဲ့ပြီးပြီ မလို့ ဒီနေ့တော့ ကြက်ကြောကြွပ် ချိုစပ်ကြော်လေး ထပ်စမ်းစား ကြည့်ခဲ့ပါတယ်။ နှစ်မျိုးလုံး ကြိုက်တယ်။ အတူသွားသူတွေထဲ ကြက်တောင်ပံကို ပိုကြိုက်သူလည်း ရှိသလို ကြက်ကြောကို ပိုကြိုက်သူလည်း ရှိပေါ့။

စားစရာလေးတွေ အတော် စုံစုံလင်လင် ရ၏။ menu ထပ်တိုးထားတာတွေလည်း ရှိမည်။ ကျနော် သွား မထိုင်ဖြစ်ခဲ့တာလည်း ကြာခဲ့ပြီကိုး။ ဒါပေမယ့် အရင် အရသာ၊ အရင် feeling အတိုင်းပဲ မပြောင်းမလဲ ရှိနေခဲ့တဲ့ အတွက် ကျေးဇူးပါလို့ ထပ်ပြောပါရစေ။

နေအေးချိန်လေးကို ကော်ဖီ တခွက်၊ တိုဖူးဆိမ့် တပွဲ ပြီး တောင်ချွန်းကြီးကို ဘေးတိုက် လှမ်းလို့ကြည့်၊ အမြင်လေး နည်းနည်း ရွှေ့လိုက်တော့ မြို့ကျက်သရေဆောင် စူဠာမဏိ ဘုရားကို လှမ်းပြီး ဖူးလို့မျှော်၊ တောင်ပေါ်က ရွှေမုဒေါ ဘုရားကိုပါ အဆစ် ဖူးမျှော်လို့ အေးဆေးသော ညနေခင်းလေး တဖြတ်ကို ကောင်းကောင်းကြီး ခံစားခွင့် ရလိုက်ပါတယ်လေ။ ပိုလည်း လွမ်း၊ ပိုလည်း သတိရပေါ့။

ဆိုင်လိပ်စာ

ရပ/ ၄၃၂၊ ဂန္ဓမာလမ်း၊ အရှေ့ ပင်စင်၊ ကျောင်းကြီးစု ရပ်ကွက်၊ တောင်ကြီးမြို့။

Facebook Page

https://www.facebook.com/NangThaint?mibextid=ZbWKwL

Google Map

My Secret Cafe' In Town
09 42831 5343
https://maps.app.goo.gl/DK6FzXC8p5nBZQ437

ဆိုင်ဖွင့်ချိန်

မနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ။

#FoodMyChoice
#MySecretCafe'InTown-Tgi
#PhyoeBakerySupply



0
0
0.000
10 comments
avatar

Congratulations @foodmychoice! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You received more than 300 upvotes.
Your next target is to reach 400 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - May 1st 2023
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

!PIZZA

!LUV

!LOL

0
0
0.000