Natural Senses and My Life

မင်္ဂလာပါ။
Good afternoon!

img_0.5293537390902312
ဒီရက်ပိုင်းမှာ နေအတော်ပူသလို တိမ်တွေလည်း ထူနေတတ်ပါတယ်။
တိမ်တွေက ကောင်းကင် တပြင်လုံး ဖုံးအုပ်နေတာ မဟုတ်ဘဲ တိမ်အုပ်လိုက် ရွေ့လျားနေတော့ နေပူဒဏ် ခံရလိုက် မိုးအုံ့လို့ အပူသက်သာလိုက်ပါပဲ။

img_0.49106366852272215

အိမ်အပြင်ဘက် ထွက် လမ်းဘက် ရောက်လို့ ကောင်းကင်ပြင်ကို ငေးမျှော်ကြည့်လိုက်ရင် တိမ်တွေ အဆုပ်လိုက် လှနေတာ မြင်ရတော့လည်း ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ပြန်ပါဘူး။

img_0.42272305374720226
ယာခင်းတွေဘက် ရောက်ပြန်တော့လည်း စိမ်းလန်းတဲ့ သီးနှံပင်တွေကို မြင်ရတော့ မျက်စိအေးပါတယ်။
ကောင်းကင်ပြာထဲက တိမ်လွှာပါးပါးလေးတွေကတော့ နေရှိန်ကို မသက်သာစေပါဘူး။
ပူပေမယ့်လည်း သွားစရာရှိတဲ့ နေရာသို့ သွားရတာမို့ အပူဒဏ်ကို ကြိတ်ခံရင်း ဘဝအရေး ချီတတ်ရပါတယ်။
သဘာဝရှုခင်းအလှလေးတွေ ကြည့်ရင်း အနာဂတ် မျှော်လင့်ချက်တွေ ရှင်သန်စေရတာပါပဲ။

@golden.future



0
0
0.000
8 comments
avatar

ပူအေးနှစ်ထွေ သဘာဝပေမို့ ခံစားရမှာ ဓမ္မတာပါ
!PIZZA
!LOL

0
0
0.000
avatar

ယခုတလော တိမ်တွေက အရမ်းလှနေတယ်ဗျို့။
!LOL

0
0
0.000