‌အောင်ပါစေကြောင်း အောင်စေကြောင်း။

အပူရှိန်ပြင်းသထက်
ပြင်းလာတော့
ကျောခိုင်းလို့
လမ်းခွဲလို့။

Jမောင်မောင်၏ သီချင်းကို
Rဇာနည် ကပြန်ဆိုထားသည်။
J ကြီးလည်း နားထောင်ကောင်းသလို။
R ကြီးကလည်း စတိုင်အသစ်ဖြင့် ဆို၍
နား‌ထောင်ကောင်းပြန်သည်။

ဟုတ်ကဲ့ ယခုအချိန်မှာလည်း မြန်မာပြည်
အလယ်ပိုင်း၊ အပူပိုင်း ဒေသမှာ အပူချိန်
မြင့်သထက် မြင့်နေသည်။ အပူချိန်မြင့်
သည့်အချိန်အခါမှာ အပူလုံးကြွသွားသူများ
လည်းရှိ‌ပေသည်။

ယနေ့ကြားရ သတင်းက အပူကြွစရာပေမို့လား။
ကိုယ်တွေအတွက်တော့ အူ ကြွစရာပေါ့။
ကဲ အပူကြွ ခဏထားလို့ ကိုယ်တွေရဲ့ ဟိုက်သို့
ဦးတည်အုံးစို့။ Hive ဈေးက ဧပြီရောက်ရင်
တဒေါ်လာဖြစ်မည်ဟု ဆရာများက ဟောကိန်း
ထုတ်သည်။ ယခုလောလောဆယ်မှာတော့
ပြားလေးဆယ်အောက် ရောက်နေသည်။

အပူရှိန်မြင့်သကဲ့သို့ ဟိုက်ဈေးကိုလည်း
မြင့်စေချင်စမ်းပါဘိ။ အင်း ဒီအပူထဲကကို
မထွက်နိုင်ပေဘူး။ မထွက်နိုင်ဆိုသလို
ရေးနေရတာကိုးက နွေရာသီ အပူကြီးထဲကိုး။
အေးချမ်းသည့်နေရာလေးတခုတွင် ဟိုက်မှာ
ပိုစ့်တင်ဖို့ စာရေးချင်စမ်းပါဘိ။

အေးချမ်းမည့်အချိန် အေးချမ်းမည်နေ့
ငြိမ်းချမ်းမည့်အချိန် ငြိမ်းချမ်းမည်နေ့ကို
လူတိုင်း မျှော်လင့် စောင့်စားနေကြသည်။
မြန်မာပြည်သူ ပြည်သား လူတိုင်းက
အာသာငမ်းငမ်း တမ်းတမ်းတတ မျှော်လင့်
စောင့်စားနေကြရသည်။

ဒီနွေ၊ ဒီနေ အပူကို ဖြတ်သန်းပြီးရင်းဖြင့်
ငြိမ်းချမ်း အေးမြသည့် အိုအေစစ်ကို
ရောက်ပါစေကြောင်း ဆုတောင်းပါသည်။
စုပေါင်းညီညာအားဖြင့် ကိုယ်စွမ်းသမျှ
ပါဝင်နိုင်ကြပါစေ။
အပူငြိမ်း၍
အောင်အတိတ်
အောင်နမိတ် ပေါ်ထွန်းပါစေသော်။

@htwegyi
April 4, 2024



0
0
0.000
10 comments
avatar

အောင်သပြေခက်နဲ့ ရွှေခွက်ကို ပိုင်ဆိုင်ပါစေ
!luv

!hug

0
0
0.000
avatar

ဝဠာကြီး အဖေ ပြောတဲ့အတိုင်း အမြန်ဆုံး
ဖြစ်ပါစေဗျာ။

0
0
0.000
avatar

နွေဦးမှာ နွေဦးထီ ပေါက်ကာ အောင်ပါစေဗျာ။
!pizza
!hug

0
0
0.000
avatar

မထိုးရသေးဘူးဗျ။

0
0
0.000