အဘယ်မင့် ကြာနေသတုန်း။

avatar

img_0.7621092795142147.jpg

မိုးက ဝေးသွားပြန်သည်။ ဂျပန်မှာတော့
မုန်တိုင်းများတိုက်ခတ်နေသည်။ ဆူနာမီ
သတိပေးချက်များထုတ်သည်။ သဘာဝ
တရား၏ သတိပေးသံများ ကြားကြရဲ့လားမသိ။
လူတို့၏ လောဘ၊ ဒေါသများက သဘာဝ
တရားကို မေ့ထားကြသည်။

မိုးဝေးတော့ ခြံဘေးက ကန်စွန်းခင်းက ရေမရှိ။
ရေမရှိတော့ ကန်စွန်းခင်းက ခြောက်သွေ့ချင်သည်။
အဆိုပါ ကန်စွန်းခင်းလေးရှိတော့ အရွက်မဝယ်ရပေ။
တနေ့တမျိုး မရိုးရအောင် ကန်စွန်းကို
အမျိုးမျိုးလုပ်စားသည်။ အမျိုးမျိုးဆိုပေသည့်
ကြော်စားသည်က များသည်။ အင်း ကိုယ်တွေ
ကန်စွန်းရွက်လေး အေးအေးသာသာ
ကြော်စားနိုင်သေးသည်။ အချို့ဘဝတွေ
ဆိုးရှာကြပါပေ။

လောဘ၊ ဒေါသ မထိန်းနိုင်သူများကတော့
ကိုယ်အုပ်စု သူ့အုပ်စု အုပ်စုဖွဲ့ ကောင်းတုန်း။
ဆွေးနွေးနေတုန်း၊ ဝမ်းနည်းကြောင်းသာ
ထုတ်ပြောနေကြတုန်း။ သူရို့ ဆွေးနွေးနေချိန်
ဝမ်းနည်းကြောင်း ပြောကြား ရေးသားနေစဉ်မှာ
ကမ္ဘာပေါ်ရှိ လူသားအချို့က ကမ္ဘာကြီးကို
နူတ်ဆက်ချိန်မရခင် ခွဲခွါသွားကြရှာသည်။

သူရို့က စားပွဲဝိုင်းပေါ် အဖြေရှာ ငြင်းခုန်
နေကြတုန်း။ ကြားကောင်းတဲ့ စကားလုံးများ
ရွေး၍ ပြောကြားတုန်း။ သေသူများက
သေနှင့်ပြီ။ သူ့ရို့က စည်းမျဉ်း ဥပဒေသတွေ၊
စံချိန် စံညွှန်းတွေ ကိုက်နေတုန်း
နေတုန်း နေတုန်း နေကြတုန်းမှာ
သားသည်မိခင်တွေ ၊ အဖိုးအဖွားတွေနှင့်
လူမမည်းကလေးငယ်တွေက ဒုက္ခသမုဒ္ဒရာမှာ
လက်ပစ်မကူးနိုင်ရှာကြတော့ပေ။

အို အသင်လူသားတို့ ဆွေးနွေးတာလည်း
ဆွေးနွေးကြပါ။ ငြင်းခုန်တာလည်း ငြင်းခုန်
ကြပါ။ လုပ်စရာရှိတာလေးလည်း လုပ်ပေးကြပါ။
သေစရာရှိသူတွေက သေနှင့်ကြပြီဟာမို့
လုပ်စရာရှိသူတွေက အဘယ်မင့် လုပ်ဆောင်ဖို့
ကြန့်ကြာနေကြသတုန်း။

@htwegyi
21-9-2022



0
0
0.000
9 comments
avatar

လူတော်လူကောင်း အယောင်ဆောင်နေတဲ့ လူကြီးတွေ များနေကြလို့ပါ။
!pizza

0
0
0.000
avatar

ဟုတ်ပေလိမ့်မယ်ဗျို့။

0
0
0.000
avatar

ဆွေးနွေးအဖြေရှညှိနှိုင်းဆောင်ရွက်ရန်ပြင်ဆင်နေပါတယ် 😁 !LUV

0
0
0.000
avatar

အဲ့သလိုပါဆို 😁

0
0
0.000
avatar

!luv
!lol

0
0
0.000