အလှူပါပဲလေ။

avatar

img_0.7621092795142147.jpg

အလှူဆိုသည်မှာ မည်သို့ အဓိပ္ပါယ်ဖွင့်ပါသလဲ။
အထူးသဖြင့် အလှူတခုပြုရ၍ စိတ်ချမ်းသာ
သည်ရှိသလို စိတ်ဆင်းရဲသည်လည်း ရှိသည်။
ဟယ် အလှူလုပ်တာ စိတ်ဆင်းရဲတာ ရှိသလား။
ရှိပါသကော။ အလှူကို လှူသည့်အခါ ကိုယ်တတ်နိုင်
သည့်ငွေကြေးပမာဏဖြင့် လှူပါက များသော
အားဖြင့် စိတ်ချမ်းသာသည်။

အဲ အလှူကို ကြွားချင် မော်ချင်စိတ် အားကြီးနဲ့
လှူပါမူ သေချာသည် ထိုအလှူအတွက် စိတ်မော
လူမော၊ စိတ်ပန်း လူပန်းသည်။ မိတ်ဆွေတဦး၏
ပြောကြားချက်အရ အလှူအကြောင်းရေးပါအုံးမည်။
ထိုမိတ်ဆွေက အမဖြစ်သူ၏ အိမ်မှာ အခြေအနေ
အရ အတူနေထိုင်ရသည်။ အမ၏ အိမ်ရိပ်မှာ
ခဏခိုလှုံရသည်။

ခိုလှုံစဉ်ခဏ ပထမမှာတော့ ကြည်ဖြူသည်။
ကြာလာတော့ အနည်းငယ် ပြဿနာများရှိလာသည်။
ထိုအမသည်က မိတ်ဆွေအား ကျွေးနိုင်သော
ငွေကြေးအင်အား တတ်နိုင်သူဖြစ်သည်။
မိတ်ဆွေတို့အား ကျွေးမွေးထားသည့်အပြင်
အခြားအလှူအတန်းများလည်း ပြုလုပ်သည်။

အလှူအတန်းများကို ပြင်ပမှာ လူအများသိအောင်
လှူသော်လည်း မိတ်ဆွေတို့အား ကျွေးမွေးရသည်ကို
အခွင့်သင့်တိုင်းပြောဆိုသည်။ မိတ်ဆွေများကလည်း
သူရို့တတ်နိုင်သလောက် အိမ်အတွက် ကူသည်။
သို့သော် အပြင်မှာ အလှူကို သိန်းရာချီ အကုန်ကျ
ခံကာ လှူသော်လည်း အိမ်ရှိ မိသားစုမောင်နှမ
များကို ကျွေးမွေးရာမှာတော့ ကျွေးရင်း ပြောရင်း၊
ပြော၏ ကျွေး၏ ပြုလေသည်။

မိတ်ဆွေက သူ့အမ၏ အလှူတလွဲ အကြောင်း
ပြောသည်။ သူရို့ကို ကျွေးမွေးတာလည်း အလှူ
တခုအဖြစ် သိပေသော်လည်း အကြွားမပါသော
အလှူဖြစ်၍ သူအမက အလှူဟု မထင်ပါလေ။

@htwegyi
10-2-2023



0
0
0.000
11 comments
avatar

!LUV !LOLZ

0
0
0.000
avatar

ဘယ်သူ့ကျွေးကျွေး စိတ်ထားတတ်ရင်မြတ်ပါတယ်

0
0
0.000