အမေနှင့် မြေပဲ။

avatar

img_0.7621092795142147.jpg

တနေ့က @nweoomon ပေးလိုက်သော
မြေပဲတောင့်များကို အမေ့နှင့် ညီမက ခွါနေသည်။
အမေ မြေပဲခွံတွေကို ဘယ်လိုခွါရမလဲဟု
အငယ်မက မေးသည်။ မြေပဲတောင့်လေးများက
သေး၍ အခွံများက ခြောက်နေသည်။
ထိုမြေပဲသီးတောင့်များကို သနပ်ခါးတုံးဖြင့်ထု
ခွဲကာ အထဲမှ အဆံကိုထုတ်သည်။ ကျွန်တော်က
သံရိုက်တူဖြင့်ထု၍ခွာသည်။ အမေ့က မြေပဲကို
ထောင်ပြီးထုခွါဟုပြောသည်။ ထိုသို့ထုခွါပါမှ ပိုပြီး
အဆင်ပြေသည်။

မြေပဲကို အမေက ကြိုက်သည်။ မြေပဲပြုတ်၊
မြေပဲလှော်၊ မြေပဲကြော် အကုန်ကြိုက်သည်။
မြေပဲကြိုက်သော အမေရွာက မြေပဲမထွက်ပေ။
မြေပဲထွက်ရာ ဒေသများသို့ သွား၍ မြေပဲဆွတ်
အငှားလိုက်ရသည်။ ထိုသို့ မြေပဲဆွတ် အငှား
လိုက်သည်ပင် လိုက်ချင်သူ မလိုက်ရပေ။

အမေ့ရွာရှိ ရွာဘုန်းကြီးမှတဆင့် သိရှိကာ
မြေပဲဆွတ် လိုက်ရသည်။ ဘုန်းကြီး၏ နှမများက
မြေပဲခင်းပိုင်ရှင်များဖြစ်သည်။ ထိုကြောင့်
ဆင်းရဲသော အမေ့တို့မိသားစုကို သနား၍
ဘုန်းကြီးက သူ့နှမများ၏ မြေပဲခင်းမှာ မြေပဲ
ဆွတ်စေသည်။

အမေငယ်စဉ်က မြေပဲဆွတ် အင်မတန်
ဖြစ်သည်ဟု ပြောသည်။ မြေပဲဆွတ်မည့်
ရွာသို့ တလ ခန့်သွား၍ ညအိပ် ညနေရသည်။
အမေ့က မြေပဲဆွတ်ရာတွင် ဖြစ်သည့်အပြင်
လူချစ် လူခင်ပေါသည်။ ဘုန်းကြီးနှမနှင့်
အခြားဆွေမျိုးများ၏ မြေပဲခင်းများပါဆွတ်ရသည်။
မြေပဲဆွတ်မှ ရွာသို့ပြန်ရာတွင် မြေပဲခင်းရှင်
ဘုန်းကြီးနှမနှင့် ဆွေမျိုးများက မြေပဲဆွတ်ခ
ငွေကြေးအပြင် မြေပဲ အစို၊ အ‌ခြောက်များကို
တနှစ်စာထဲ့ကာ လက်ဆောင်ပေးလိုက်ကြသည်။

နောက်နှစ် မြေပဲပေါ်ချိန်တွင် ဆက်ဆက်လာခဲ့ရန်
အမေ့ကို ခေါ်ကြ နှုတ်ဆက်ကြသည်။ မြေပဲပေါ်ချိန်
ရောက်တိုင်း အမေကလည်း ဖင်တကြွကြွဖြင့်
ဘုန်းကြီးနှမများရှိရာ ရွာသို့ သွားချင်နေပေသည်။
တဦးမေတ္တာ တဦးစေတနာဖြစ်သည်။ မြေပဲခွံ
ထုခွါရင်း အမေက သူ့ငယ်ဘဝကို ပြောပြလေသည်။

@htwegyi
1-2-2023



0
0
0.000
5 comments
avatar

!LUV
!LOL

0
0
0.000
avatar

ငါက အခွာပျင်းလို့ အစဖျောက်လိုက်တာ

0
0
0.000
avatar

အေးဆို ဒမယ် လက်သည်းထိပ်‌ေတွေ နာပေါ့။

0
0
0.000