အုံတုံနဲ့ စောင်းလျား

avatar
(Edited)

img_0.7621092795142147.jpg

ယနေ့တော့ Trade တွေ Token တွေ
Coin တွေအကြောင်းမရေးတော့ဘူး။
အံမယ် ပျော်သွားတယ်မို့လား။
မညာချင်ပါနဲ့။ အဲ့ ဘဲကြီးရေးတဲ့ crypto
အကြောင်းဖတ်ရရင် ဘာတွေမှန်းမသိဘူး။
သူလည်းမသိ ငါလဲမသိ မသိတာချင်းအတူတူ
မသိတာ‌တွေ ရေးတင်နေတယ်။

ခုတော့ မသိတာတွေ ရေးတာ မရေးတော့ဘူး
ဆိုတော့ ပျော်သွားသပ။ အင်း ဘာရေးတင်မလဲ
ဆိုတာ စိတ်ဝင်စားနေတယ်မို့လား။
အဲ့လို စိတ်ဝင်စားအောင် ဘာရေးတင်ရပါ့။
ဒီလိုဗျာ ကိုယ်လည်း ချက်တော့ မချက်တတ်ပါဘူး။
ချက်တာတဲ့ ဘာချက်တာလဲ။
ကောင်မလေးတွေနဲ့ အီစီကလီ လုပ်တာကို
ပြောတာလား နိုး လုံးဝ မဟုတ်ဘူး။
မှားသွားမှာပေါ့။

ချက်တာက ဟွာလေ ဟင်းချက်တာကို
ပြောတာဗျာ သိပြီးလား ။ ကိုယ် မချက်တတ်
ပေသိ ချက်တတ်တဲ့ အမ နားကပ်ပြီး
ပိုစ့်တခုရအောင် ကြံရ ဖန်ရပါတော့သည်။
ဘာဟင်းလဲဆိုတော့ စောင်းလျားသီးနဲ့
ငါးအုံတုံ ချက်တာ အင်း ချက်တာမဟုတ်ဘူး
ဆောရီး ပေါင်းတာတဲ့။

img_0.6405719007269567.jpg

ပထမဦးစွာ ငါးအုံတုံ အတုံးများကို
ဆား၊ ဆနွင်း အချို့မှုန့်များနှင့် နယ်ပြီး
နှပ်ထားသည်။ ဂျင်း၊ ကြက်သွန်ဖြူများကို
ဆီသပ်ပြီး နှပ်ထားသည့် ငါးတုံးများကို
ထည့်ကာချက်ပြီး ဆယ်ယူထားလိုက်သည်။
ထိုနောက် စောင်းလျားသီးများကို အကွင်းလေး
များလှီးပြီး ဒယ်အိုးအောက်ခြေမှာခံ
ထားသည်။ ထို စောင်းလျားသီးများပေါ်မှ
ငါးဆီသပ်ထားသည့်များ တင်ကာ ငါးပေါင်း
လုပ်ထားခြင်းဖြစ်သည်။

img_0.32377730032317764.jpg

ငါးပေါင်းက စားကောင်းသည်။
အချဉ်ဓာတ်လေး အနည်းငယ်သာပါသည်။
စားရသည့်အရသာက နူးညံ၍ ငါးအသားက
ကျစ်ထုပ်လေးနဲ့ကောင်းမွန်သည်။
အဲ အဲ့တာ ကျွန်တော့်အမ ချက်တဲ့
ငါးအုံတုံ ငါးပေါင်းဟင်းလေးပေါ့နော်။

@htwegyi
27-10-2021



0
0
0.000
12 comments
avatar

စားချင်ပါဘိသနဲ့

!PIZZA

0
0
0.000
avatar

ချက်စားပ။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped htwegyi (x1)
uthantzin tipped htwegyi (x1)
tin.aung.soe tipped htwegyi (x1)
@htwegyi(1/10) tipped @nweoomon (x1)
golden.future tipped htwegyi (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

ကျွန်တော်တို့ကတော့ စောင်းလျားသီး လို့ ခေါ်တာပဲ

!PIZZA

0
0
0.000
avatar

ဟုတ်တယ် စောင်းလျားသီးပါ

0
0
0.000
avatar

ဦးထွေးများ ချက်သလားလို့... ဒါပေသိ ဘေးကနေ ဓါတ်ပုံ လိုက်ရိုက်ထားတော့ ဘာပဲဖြစ်ဖြစ် post တခု ရတယ်ဟုတ်... ငါးအုံးတုံး ဆိုတာမသိလို့ မနက်ဖြန် ဈေးထဲသွားမေးပါအုံးမယ်...!PIZZA

0
0
0.000
avatar

သွားမေးပါဗျာ မန်းလေးတော့‌ေ ပါပ။

0
0
0.000
avatar

ကောင်းတယ်ဆိုတာ မယုံပါဘူး။

0
0
0.000
avatar

ကိုယ့် ဟာကို ချက်စားကြည့်ပ
!PIZZA

0
0
0.000
avatar

ငါးအုံတုံ ငါးပေါင်းဟင်းတဲ့ စားကောင်းမယ့်ပုံပဲဗျ။ စားချင် လိုက်တာဆို ချက်စားပဲပြောမှာ မှတ်လား...!PIZZA

0
0
0.000
avatar

သိသားနဲ့ 😁

0
0
0.000