ဘိုးဘွားတို့ အဆင်ပြေပါစေ။

avatar

img_0.7621092795142147.jpg

ယနေ့ ပင်စင်ထုတ်ရက် ရောက်လာပြန်သည်။
အမေ့ပင်စင်အတွက် တစ်လ တစ်ခါ
မြို့ထဲ ရောက်ရပြန်သည်။ မနက်ပိုင်း
လူများ၍ နေ့ခင်းပိုင်း သွားရောက်ထုတ်ယူ
ခဲ့သည်။ ကိုယ်တွေ ပင်စင်က မိခင် ဌာနမှာ
ထုတ်ယူရ၍ ပြဿနာမရှိပါ။ ဘဏ်သို့
သွားရောက်ထုတ်ယူရသည့် အခြားဌာနမှ
ပင်စင်စားများအတွက် အခက်အခဲများ
ဖြစ်ရှာကြသည်။

ပင်စင်စား သက်ကြီးရွယ်အိုများကို
ကြည့်၍ ဘိုးဘွားရိပ်သာများတွင်နေကြသော
အဖိုး အဖွားများ အဆင် ပြေရှာကြသလား
ဟု အတွေးရောက်မိသည်။ တိုင်းပြည်က
ခေတ်ပျက်နေသည်။ ဘိုးဘွားများအတွက်
အလှူအတန်းရိက္ခာများ ရှိပါသေးလား။
ယခင်က လှူတန်းမှုများက ကာလကြာ၍
ဆက်လက်ရှိပါသေးလား စိုးရိမ်မိသည်။

img_0.027028128556444368.jpg

ဖုန်း Gallery မှ ဘိုးဘွားရိပ်သာ ပုံများကိုတွေ့၍
ဘိုးဘွားများကို သတိရမိသည်။ လွန်ခဲ့သော
@nweoomon ၏ မွေးနေ့က
မင်းကွန်း ဘိုးဘွားရိပ်သာမှ အဘွား
အဆောင်တစ်ခုကို အလှူပြုထားသည့်
ပုံများကို တွေ့၍ ရေးတင်မိသည်။
ထိုစဉ်ကတော့ အဖိုးအဖွားများ အတွက်
စာရေးရိက္ခာ ပြဿနာမရှိပေ။

img_0.34324859885186526.jpg

အမည်ရှိသော ဘိုးဘွားရိပ်သာများအတွက်
အခက်အခဲ မရှိနိုင်သော်လည်း
လူမသိ သူမသိ ဘိုးဘွားရိပ်သာများတွင်
အဆင်မှ ပြေကြလေမလား။
အဘိုးအဘွားများ စိတ်မှာလည်း
တိုင်းပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်း၍
ဓမ္မဘက်သားများ အောင်မြင်ပါစေသား
ရယ်လို့ ဆုတောင်းပြုနေကြမှာမလွဲပါ။

@htwegyi
23-11-2021



0
0
0.000
15 comments
avatar

ခေတ်ကပျက် လူတွေက အလုပ်အကိုင်ခက်နဲ့ ဘိုးဘွားတွေအဆင်ပြေကြရဲ့လားမသိ !PIZZA

0
0
0.000
avatar

ဟုတ်ပါ့ကွယ်

0
0
0.000
avatar

ဘိုးဘွားတွေလည်း ခက်ခဲနေကြမှာပဲ... !PIZZA. !LUV

0
0
0.000
avatar

ဟုတ်တာပေါ့ဗျာ

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped htwegyi (x1)
uthantzin tipped htwegyi (x1)
golden.future tipped htwegyi (x1)
@htwegyi(1/10) tipped @nweoomon (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

ဟုတ်ပါ့နော်။ အဲ့တုန်းကလှူခဲ့ရတာပျော်စရာ။
ခုတော့အလှူရှင်ကိုယ်တိုင် သူများကိုမှီခိုနေရတာ။

0
0
0.000
avatar

အလှည့်ကျ နွဲ့လို့မရဘူးကွာ။
!LOlZ
!PIZZA

0
0
0.000
avatar

မိမိတို့နိုင်ငံက လူဖြစ်ရတာ မတန်တဲ့တိုင်းပြည်ပါ။ ငယ်စဉ်ဘဝ မိဘမဲ့ကလေးများ နဲ့ အိုမင်းမစွမ်းဘဝ စောင့်ရှောက်သူမဲ့ ဘိုးဘွားများအတွက် ပိုပြီး ရင်နာဖို့ ကောင်းပါတယ်။

0
0
0.000
avatar

မိဘမဲ့ ကလေး
စွန့်ပစ်ခံ မိဘ
ကလင်ဒါကျပေါ့လေ။

0
0
0.000
avatar

အမေ့ပင်စင် ကပ်စားနေလားဗျ ဦးထွေး

!PIZZA

0
0
0.000
avatar

အောင်မယ် ဗေဒင်ဆရာလုပ်စားလို့ ရသပ။

0
0
0.000
avatar

ရက်နှစ်ဆယ်ကျော်လာတော့ ပင်စင်ထုတ်ပြန်ပြီပေါ့....!PIZZA

0
0
0.000
avatar

ဟုတ်သဗျို့

0
0
0.000
avatar

ဘိုးဘွားတွေ မပြေကြပါဘူးဗျာ ဒုက္ခတွေရောက်လိုက်ကြတာ တစ်ချို့ဆို ခေတ်ပျက်မှာ အသက်ပေးသွားကြတယ်။

0
0
0.000
avatar

စိတ်မကောင်းစရာဗျာ

0
0
0.000