ချောလဲတာပါ ဆိုမှ

img_0.7621092795142147.jpg

ကိုယ်ပိုင်ကျောင်းမှာ စာသင်သူ ကလေးများက
အများအားဖြင့် ငွေကြေးချမ်းသာသူများ
ဖြစ်သည်။ သူရို့ကို စာသင်ပေးရသည်မှာ
ကောင်းသည်လည်းရှိ၊ မကောင်းသည်လည်း
ရှိပေသည်။ အချို့ကလေးများက ဉာဏ်ရည်
ကောင်းကြသည်။ အချို့ကလေးများက
မလိုက်နိုင်ကြပေ။

သို့ပေသိ ဉာဏ်ရည်ကောင်းသူက များကြသည်။
မကောင်းပေရှိ သူရို့က အိမ်မှာလည်း
တီချယ် ကို ထပ်မံခေါ်ယူသင်ကြသေးသည်။
ကျောင်းမှာတခါ အိမ်မှာ တခါ နှစ်ခါ
သင်သည့်အပြင် ဉာဏ်ရည်ကောင်းကြ
သူတွေဆိုတော့ ပြောဖွယ်မရှိတော့ပေ။
လေးတန်း၊ ငါးတန်းကျောင်းသားများက
လူပျိုကြီးများပင်ဖြစ်နေကြသည်။

စာသင်နှစ် နားထားသည်ဆိုတော့ သူရို့သည်
အမှန်တကယ်ဆိုပါမူ ခြောက်တန်း၊ ခုနှစ်တန်း
ရောက်ကြပေမည်။ လူကောင်တွေကထွား
ကြသည်။ သူရို့ကို သင်ပေးသည့် တီချယ်များ
နီးပါး အရပ်များကရှည်ကြသည်။ တချို့က
ကလေးစိတ် မကုန်သေး။ တချို့ကတော့
စိတ်ကစားကြသည်။

တနေ့က လေးတန်းကျောင်းသားတဦး
မျက်နှာမှာ ဖူးယောင်သွားသည်။ အမေ
ဖြစ်သူက ကျောင်းကို လိုက်လာသည်။
သူသားကို မည်သူကလုပ်သလဲဟု မေးရန်ဖြစ်သည်။
သားဖြစ်သူက ချောလဲသည်ဟု ပြောသည်ကို
မယုံ၍ လိုက်လာသည်။ လေးတန်းကျောင်းသားက
ခုနှစ်ဦးသာရှိသည်။

ထို ဒဏ်ရာရ ကျောင်းသားမိဘက သူသားကို
မည်သူလုပ်သည်မသိ ဒဏ်ရာရလို့ဟု တီချယ်
တဦးကို မေးနေစဉ် ခုနှစ်တန်းကျောင်းသား
အပေါင်းက ထိုသားအမိနား အပြေးအလွှား
ရောက်လာကြသည်။ သူရို့ ဝိုင်းပြောလိုက်သည်က

"ဟာ အန်တီ သားတို့က ရန်မဖြစ်ပါဘူးဗျာ။
သားတို့ သူငယ်ချင်းတွေက သိပ်ချစ်ကြတာ။
သူချော်လဲသွားတာဖြစ်မှာပါ"

"ကဲ မေမေ သားမပြောဘူးလား ချောလဲတာပါ
ဆိုမှ"

လာပြောသူ အမေနဲ့ တီချယ်တို့မှာ ပါးစပ်
ဟောင်းလောင်းဖြစ်နေကြသည်။ အမေဖြစ်သူ
လည်း ပြန်သွားပါလေတော့သည်။
သကောင့်သားများ မည်သို့ စည်းဝါး ရိုက်ထား
ကြသည်မသိပါ။ သူရို့ကိုကြည့်လိုက်တော့
တဝါးဝါး တဟားဟား စ နောက် ရိုက်ပုတ်
နေကြလေသည်။

@htwegyi
24--9-2022



0
0
0.000
10 comments
avatar

ခလေးတွေကို အရောင် မဆိုးကြပါနဲ့ လို့... !PIZZA

0
0
0.000
avatar

ကလေးတွေက ကိုယ်တိုင် အရောင်ဆိုးနေကြတာပါလေ။ အတုမြင် အတတ်သင်ကြတာပ။

0
0
0.000
avatar

က​လေး​တွေက အဲ့လိုပါပဲ
!PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @suhlaing

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ကလေးတွေရဲ့ ဖြစ်တတ်တဲ့သဘောထင်ပ။

0
0
0.000