ကလေးတို့ အသံ

avatar

img_0.7621092795142147.jpg

ယနေ့ တူမဖြစ်သူက သူ့ကျောင်းသားများ၏
ကကွက်များကို ဗီဒီယိုရိုက်၍ ပြသည်။
နေ့လယ် နေ့ခင်း ထမင်းစားပြီး အိပ်ချင်စိတ်
ပျောက်ရန် သီချင်းဖွင့်၍ ကခိုင်ခြင်းဖြစ်သည်။
ပထမတခုက အင်္ဂလိပ်သီချင်းဖြစ်သည်။
ထိုသီချင်းက မူကြိုကလေးများ များသောအား
ဖြင့် နားယဉ်နေသောသီချင်းဖြစ်သည်။

ကိုယ့်ဆရာတွေက ခုန်က၍ လက်ခုပ်တီးကာ
ကခုန်နေကြသည်။ ကသူက က၊ မော၍
ရပ်သူက ရပ်ကြည့်နေသည်။ ကလေးအရွယ်
များဆိုတော့ ခဏသာ မော၍ တခါပြန် ခုန်က
ကြပြန်သည်။ စားနိုင် သောက်နိုင်သူများ၍
ကလေးအများစုက ဝတုတ်လေးများဖြစ်သည်။

သီချင်း နောက်တပုဒ်က ကိုရီးယားသီချင်း
ဖြစ်သည်။ အင်မတန်ကျော်ကြားခဲ့သော
အိုပါဂဏန်းစတိုင်ဖြစ်ပေတော့သည်။
ဘာပြောကောင်းမလဲ ကလေးများသည်
တီဗွီဖန်သားပြင်မှ ကကွက်အတိုင်း
တသွေမတိမ်း ကလိုက်ကြသည်မှာ ကွေးကောက်
ခြင်း၊ မြင်းစီးခြင်း၊ ကကွက်များက စုံပေစွ။

img_0.5804734930418485

ပြောချင်သည်မှာ ထိုသို့နေ့စဉ် ပြုလုပ်ကြသည်။
ထိုသို့ပြုလုပ်ခြင်းကြောင့် ထွက်ပေါ်လာသော
သီချင်းသံ၊ ကလေးအော်သံများကို အနီးအနားမှ
အိမ်များ နားဒုက္ခရောက်ကြပေမည်။
ကျောင်းက ဝင်းနှင့် ခြံနှင့် ဆိုပါရင် အိမ်နီးချင်း
များအတွက် ပြဿနာမရှိပါသော်လည်း။
ယခုခေတ် မြေဈေး အခြေအနေအရ မူကြို
ကျောင်းများက ဝင်ခြံနှင့်ကျောင်းက နည်းပါး
လာပေသည်။ မည်သို့ဆိုစေ နေ့စဉ်နှင့်အမျှ
ဆိုတော့ အိမ်နီးချင်းများလည်း နားယဉ်သွား
ကြပေမည်။ တခါတလေဆိုပါက ကလေးတို့အသံ
များက ကြားရသည့်အခါ စိတ်ချမ်းသာသည်။
စိတ်မကြည်သည့်အခါမှာတော့ အနှောက်အယက်
ဖြစ်ကြပေမည်။ ကလေးတို့အသံဖြင့်
စိတ်ချမ်းသာကြပါစေ။

@htwegyi
29-6-2022



0
0
0.000
7 comments
avatar

ရသအမျိုးမျိုးပေးတာ ကလေးတွေပါ
!LOL

0
0
0.000
avatar

ဟုတ်သဗျို့ တနေ့တမျိုး မရိုးရဘူးရယ်
ကလေးများနဲ့ပေါင်းရတာ စိတ်ချမ်းသာသပ။

0
0
0.000
avatar

ပျော်စရာလေးတွေဖန်တီးပေးတော့ ကျောင်းတက်မပျင်းကြတော့ဘူးပေါ့

0
0
0.000
avatar

ဟုတ်တယ် တဖြည်းဖြည်း စာသင်ရင်း ကလေးထိန်းရင်းပ။

0
0
0.000