ကျန်းမာပါစေ။

မီးက လျှပ်စစ်မီးက လေးနာရီလာ ရှစ်နာရီပျက်သည်။
ထိုလေးနာရီ လာသောမီးသည်
ငါးမိနစ် ခုနှစ်မိနစ် အလာပြကာ ပျက်သည်။
ဆယ့်ငါးမိနစ်အကြာပျက်၍ ထပ်လာသည်။
ထိုသို့ ပျက်လိုက် လာလိုက်ဖြင့် အချိန်လေးနာရီ
ကုန်သွားသည်။

ဘရိတ်ကာပြုတ်ကျ၍ဟုပြောသည်။ ထိုသို့
ငါးမိနစ်အလာမှာ ရေတင်ရ၊ ဖုန်းအားသွင်း
ရသဖြင့် ဖုန်းဘတ္ထရီအားက ငါးဆယ်ပြည့်ဖို့ပင် အနိုင်နိုင်။
ဒီတော့ ပိုစ့်ရေးတင်ဖို့ အခက်အခဲ
ဖြစ်ရသည်။

အဆိုပါအတိုင်း မီးက လာလိုက် ပျက်လိုက်
ဖြစ်နေပါလျှင် နောက်ရက်များမှာ စာရေး
ပိုစ့်တင်ဖို့ အခက်ကြုံရပေအုံးမည်။
ရာသီဥတုက ယနေ့ အနည်းငယ် အပူ
သက်သာသည်။ အမေ့ကို ယနေ့ ရေချိုး
မပေးရ ပေ။

အမေ့မျက်စိသည်လည်း အနည်းငယ်
သက်သာလာသည်။ မျက်စိ ဆရာဝန်နှင့်ပြသ
နေသည်မှာ ယခုအခါ သုံးလသို့ရောက်ပေတော့မည်။
အမေ့မျက်စိက အနည်းငယ် အနီရောင်ရှိသေးသည်။
အနီရောင်က အရဲမဟုတ်ပဲ အဖျော့သို့ ကူးပြောင်း
ရောက်ရှိလာသည်။

မျက်လုံးအတွင်းမှ အဖြူရောင်အနှစ်များ
အနည်းငယ် ထွက်နေသေးသည်။ မျက်စိ
အတွင်းအရောင်မှာ အဖြူရောင် အနည်းငယ်သာ
ရှိသည်။ မျက်လုံးကြီး တခုလုံး အနာဖြစ်သွား
သည်ဟုထင်ပါသည်။

မျက်စိကို စိတ်ရှည်စွာ သွားရောက်ကုသရသည်။
ဆရာဝန်မှလည်း စိတ်ရှည်စွာ ကုသရမည်ဟုပြောသည်။
အမေ့မျက်စိကို 15-1-2024
စတင်၍ ကုသသည်။ တပတ်ခြား၍၎င်း၊
နှစ်ပတ်ခြား၊ သုံးပတ်ခြား၍၎င်း မျက်စိဆရာဝန်ထံ
သွားရောက်ပြသရသည်။ 18-3-2024 ရက်နေ့က
နောက်ဆုံးပြသထားသည်။ သင်္ကြန်အပြီးမှာ
ဆက်လင်ပြီး ပြသ‌ရပေအုံးမည်။

ရောဂါတခုကို စောလျှင်စွာကုသလျှင်
ငွေကုန်သက်သာ၊ လူသက်သာရပေမည်။
အချိန်လွန်မှ ကုသလျှင် လူပင်ပန်း၊
ငွေကုန်များပေမည်။ သို့ပေသိ ကျုပ်တို့
လူမျိုးက နေလို့ရသမျှ နေကြသည့် လူက
များပေသည်။ မနေနိုင် မထိုင်နိုင်ဖြစ်ကာမှ
ဆရာဝန်ထံ သွားရောက်ပြသသူက များပေသည်။
သတ္တဝါအားလုံး ကျန်းမာ ချမ်းသာကြပါစေ။

@htwegyi
April 12, 2024



0
0
0.000
9 comments