ကြိုက်တာရွေးလို့ ဝယ်

avatar

img_0.7621092795142147.jpg

Steemit မှာ ပိုစ့်တင်ခဲ့စဉ်က steem engine
မှာ coin များရခဲ့သည်။ ထို coin များမှ
STEM နှင့် JAHM တို့ ကျွန်တော့်
Hive engine မှာ ဆက်လက်တွေ့ရသည်။
အဆိုပါ နှစ်ခုအနက် STEM ကဈေးကောင်း
နေသည်။

အဆိုပါ STEM များကို ရောင်ပါလျှင်
ယခုအချိန် 17$ ရပေမည်။
မည်သို့ရောင်းရမည် မသိ။
ရောင်းမရတော့ STEM များကို
Hive သို့ပြောင်းထားမည်ဟု
စိတ်ကူးသည်။

သို့သော် Hive Myanmar အဖွဲ့သား
များမှ pob, pizza, CCC နှင့် အခြား
Coin များဝယ်ယူ စုဆောင်ထားကြရန်
ပြောသည်ကို တွေ့ရသည်။ သူရို့
ပြောကြားမှုကြောင့် Hive မဝယ်ဘဲ
အခြား Coin များနှင့် ပြောင်းလဲရန်
စဉ်းစားရသည်။

img_0.01281749667907067.jpg

POB ပြောင်းရမလား၊ ဈေးတက်နေသည့်
Pizza ပဲပြောင်းရမလား။ ဈေးနည်းသည့်
Tix လေးပဲပြောင်းယူထားရမလား။
17$ ကနေ 70$ ဖြစ်ဖို့၊ 170$ ဖြစ်ဖို့
အရွေးကောင်းတော့ သူဌေးလောင်း။

"ကြိုက်ရာရွေးလို့ ဝယ် ဝယ်
ဈေးတော့ မစစ်နဲ့ဗျို့"
ဆိုတာလို့။
Coin တွေ ဈေးကျတုန်းဝယ်ထား။
ဈေးတက်တော့ ပြန်ရောင်း။
အင်း ကောင်းပေစွ။
တွက်ရေးက စက်သူဌေးပ။

ကိုယ်တွေက အဲ့လို ဝယ်ရောင်းသမား
တော့ မဟုတ်ပါ။ စာရေး
ပိုစ့်တင် ရရှိသည့် Coin လေး
အနည်းငယ်ကို ဘာလုပ်လို့ လုပ်ရမှန်းမသိ။
ပေါက်သင်ညို ငွေတစ်ပြား ရသလို။
ကိုယ့်ဟာကိုယ်တော့ ဘောစိ။
ဟော့ leodex မှာကြည့်တော့
ဘာမှမရှိ။

Leo ဆို၍ ရှိသည့် ငါးဆယ်ကျော်အား
Unstake လုပ်ကာ ပြန်ထုတ်ထားသည်။
ကိုယ်တွေ ပိုစ့်အား Leo မှ Unvote
လုပ်ထားသည်။ ထိုကြောင့် tag တွဲမရ
သည့်အတူ ပြန်ထုတ်ထားခြင်းဖြစ်သည်။
ဈေးတက်မှ မည်သို့လုပ်ရမည်ကို
စဉ်းစားပါတော့မည်။

@htwegyi
7-9-21



0
0
0.000
11 comments
avatar

ကျွန်တော်တော့ စိတ်ကူးတည့်ရာ ရမ်းချနေတာပါပဲဗျာ။ !PIZZA

0
0
0.000
avatar

ဒီလိုပ ကံစမ်းရတာပဲ ကံကောင်းပါစေဗျာ

0
0
0.000
avatar

POB ရယ် PIZZA ရယ် ကြိုက်တယ်။ခေါင်းပန်းလှန်ရမယ်ထင်တယ်။ကံတရားပေါ့။ !PIZZA

0
0
0.000
avatar

ဝယ်စရာများပြီးရွေးချယ်ရခက်နေရင်...စီနီယာတွေလှုပ်ရှားမှုကြည့်ရမှာပဲ...

0
0
0.000
avatar

ဟုတ်တယ်ဗျို့

0
0
0.000
avatar

စိတ်ကြိုက်တွေ့ရင် ဝယ်သာထား။ လောလောဆယ် Pizza ကိုတော့ကြိုက်နေတယ်။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင်

0
0
0.000