လောင်းကစားသူ မိတ်ဆွေတဦး။

avatar

img_0.7621092795142147.jpg

လောင်းကစားဆိုသည်က မသေချာ
မရေရာသည့် ကိစ္စဖြစ်သည်။ ထို မသေချာ
မရေရာသည့် လောင်းကစားကို ပိုင်နိုင်
သေချာသည်ဟု မှတ်ယူကာ စီးပွားဖြစ်လုပ်
နေသော မိတ်ဆွေအကြောင်း ဆက်လက်
ရေးပြပါအုံးမည်။

ထိုမိတ်ဆွေမှာ မောင်နှမသားချင်းများရှိသည်။
ရှေးဦးစွာ သူက နှစ်လုံးကို အပီအပြင်ဖြင့်
ဆတိုးထိုးသည်။ တွက်ချက်ပြီး ထိုးသည်ဟု
ပြောသည်။ သူထိုးသည့်ပုံစံက ဒီလိုပါ။
မည်သည့် ဘရိတ်က မည်မျှမထွက်သေးသလဲ
ရှေးဦးစွာ စုံစမ်းသည်။

အဲ မည်သည့် ဘရိတ်ကတော့ ဘယ်နှစ်ပတ်ရှိပြီး
မထွက်သေးဘူး။ ထိုမထွက်သေးသည့် ဘရိတ်ကို
ဆတိုးဖြင့် လိုက်ထိုးသည်။ ဥပမာ ငါးဘရိတ်
ကတော့ နှစ်ပတ်ရှိပြီ ပျောက်နေတာ။ ဒီတော့
ထို ငါးဘရိတ်ကို ဆတိုးဖြင့် လိုက်ထိုးသည်။

သူထိုးသည့်အတိုင်း ကျွန်တော်လည်း စိတ်ကူးဖြင့် လိုက်ထိုးကြည့်သည်။ တကွက် တရာနှုန်းဖြင့်။
နှစ်လုံးဆိုသည်က မနက်တကြိမ် ညနေတကြိမ်
ဖြစ်သည်။ ပထမတပတ်ကို ငွေတရာမှစထိုးသည်
ဆိုပါစို့။ တခါထိုး ဆယ်ကွက်ထိုးရသည်။

1000+2000=3000
3000+4000=7000
5000+6000=11000
7000+8000=15000
9000+10000=19000
စုစုပေါင်း=55000 ကျပ်ဖြစ်သည်။

တထောင်ဖိုး ပေါက်ပါရင် ရှစ်သောင်းရပေမည်။
အဲ ပထမဆုံး အပတ်မှာ ကိုယ်လိုက်သည့်
ဘရိတ်က မထွက်ပါရင် နောက်အပတ်များကို
ဆတိုးဖြင့် ဆက်လက် လိုက်ပြီး ငွေများ၍
ထိုးရပါအုံးမည်။ ဖော်ပြပါက ငွေတရာကျပ်ဖြင့်
သာ စထိုးခြင်းဖြစ်သည်။ ငွေများပါရင်ဖြင့်
ကိုယ့်စကေးကျအတိုင်း တွက်ကြည့်ကြပါ
မိတ်ဆွေတို့။ အဲ့ သူကတော့ သူ့တွက်ကိန်းနဲ့သူ
ဟုတ်နေသည်။

စဉ်းစားကြည့်မိတာ မိတ်ဆွေပြောသည့်
ထိုအပိုင်းသေချာသည်ဆိုသော ဘရိတ်ကို
လိုက်ဖို့ ကိုယ်ရဲ့ငွေကို ရင်းထားရမည်။
ထိုဘရိတ် ပေါက်မပေါက် ဆုတောင်းရင်း
နှလုံးရောဂါ ရနိုင်သည်။ ကိုယ့်ငွေ
ငါးသောင်း ငါးထောင်ရင်းထားသည်မှ
ရှစ်သောင်းသာ ရမည်။ နှစ်သောင်းငါးထောင်
သာမြတ်မည်။

နှစ်ပတ် သုံးပတ်ထိ ထိုဘရိတ်က မထွက်ပါရင်
သေချာသည် ထိုပုံစံအတိုင်း လောင်းကစား
ပြုလုပ်နေပါမူ။ သွေးတိုးနှင့် နှလုံးရောဂါ
မြန်မြန်ရပါမည်။ ကိုယ်ပေါက်သည့်နေ့
ဒိုင်ကပြေးချင် ပြေးပါမည်။ အဲ ရေးချင်တာ
လာပါပြီ။ အဆိုပါ ဆတိုးလိုက်နေရင်းက
ဟာ ဒီဘရိတ်ကြီး နှစ်ပတ်ကျော်ပြီး အခုထိ
မထွက်သေဘူး။ အခြား ဂဏန်းပြောင်းထိုးမယ်။

အဲ့မှာ ပြဿနာ။ ကိုယ့်ဖာသာ မထိုးတာ
ကိစ္စမရှိ။ အခြား မောင်နှမများကိုလည်း ငါတော့
ဒီဘရိတ် ထွက်ဖို့ ကြာနေလို့ မထိုးဘူး နင်တို့လည်း
နားရင်နား၊ အခြားဟာပြောင်းထိုးချင်ထိုးဟု
ပြောသည်။ ဆိုတော့ မောင်နှမများက
သူပြောသည့်အတိုင်း နား၍ မထိုးကြပေ။

ဟော့ သူပြောတဲ့နေ့၊ မောင်နှမများ နားသည့်
နေ့မှာ သူရို့ လိုက်နေသည့် ဘရိတ်က ထွက်သွား
ပါလေသည်။ လောင်းကစားဆိုသည်က
ကိုယ်တိုင်တွေ့ကြုံခံစားမှ ပိုမိုသိပေမည်။
လောဘကို သပ်နိုင်ပါမှ။ စွန့်ခွါနိုင်ပါမှ။
လောင်းကစားခြင်းမှ ကင်းဝေးကြပါစေ။

@htwegyi
21-3-2023



0
0
0.000
9 comments
avatar

၂၅၀၀၀ မြတ်မယ်ဆိုရင်တောင် မသေချာပါဘူး... ဦးထွေးပြောသလို ဒိုင်ပြေးရင် ပလုံ အုံးမယ်...!PIZZA !LUV

0
0
0.000
avatar

ဟုတ်သဗျို့ မသေချာ မရေရာတဲ့ ဟာပါ ။

0
0
0.000
avatar

ဟုတ်တယ် ကိုယ့်ရဲ့ ကံတရားကလည်း ကောင်းအုံးမှ....နားလိုက်မှ ထွက် သွားရော...!LUV !LOLZ

0
0
0.000