လက်ရည်တပြင်တည်း ရှယ်ရာရင်း။

"မားမားကြီးကို မုန်းတယ်"
"မသောက်ပါဘူးလို့ ပြောနေတာကို မုန်းတယ်"
တရှူးရှူး တရှဲရှဲဖြင့် ဒေါသထွက်နေသော
သုံးတန်းကျောင်းသားလေးကို အတန်းပိုင်
ဆရာမကချော့နေသည်။
ဖြစ်အင်က ဒီလို။ ထိုကျောင်းသားက ကျောင်းအုပ်၏
သားဖြစ်သည်။ မိဘများက ပညာတတ်များဖြစ်၍
ကျန်းမာရေး အရ ရေဘူး၊ အချိုရည်များကို
တဦးတည်းသာ သုံးစွဲစေသည်။ ထိုကြောင့်
ထိုကလေးသည် ကျောင်းအုပ်၏ သားဖြစ်သည့်
အပြင် မိဘ၏ ထိုသို့သော စည်းကမ်းများ
ကြောင့် သူငယ်ချင်း တဦးတည်းသာရှိသည်။
ယခုဖြစ်ပုံက ထိုတဦးတည်းသော သူငယ်ချင်းနှင့်
ဆော့ရင်း ကစားရင်း ဖျော်ရည်ဗူးကို သူငယ်ချင်း
ဖြစ်သူက သောက်မလိုဖြစ်မိသည်။ ကံဆိုးချင်တော့
ထိုသူငယ်ချင်းက သူ့ဖျော်ရည်ဗူးကို ကိုင်၍
မော့သောက်မည် ဟန်ပြင်နေစဉ် ကျောင်းအုပ်
ဖြစ်သူ အမေက မြင်သွားသည်။ အဲ့မှာ
ပြဿနာတက်ပါတော့သည်။
"ဟဲ့ ဘေဘီ နင့်ကို ရေဗူး၊ ဖျော်ရည်နဲ့ မုန့်တွေကို
ကိုယ်ဟာကိုသာသုံးရ၊ စားရမယ်လို့ ပြောထားတယ်လေ။
သူများတွေနဲ့ ရှယ်ရာရင်း မလုပ်ရဘူးလို့"
"ဟာ မားမားကလည်း သူက မသောက်သေးပါဘူး။
မေ့ပြီး သောက်မလို့ လုပ်တုန်းရှိပါသေးတယ်"

သို့ပေသိ ကျောင်းအုပ်သည် ဆရာမတို့ ထုံးစံ
အတိုင်း သူ့သားကို ပြောဆိုငေါက်လေသည်။
ထိုအခါ သုံးတန်းကျောင်းသား သားတော်မောင်က
အော်ဟစ်ပေါက်ကွဲ ပါလေသည်။ သူတို့သားအမိ၏
ပြဿနာက တကျောင်းလုံးသို့ ပျံ့နှံ့ရသည်။
ဆရာ၊ ဆရာမများက တတန်းဝင် တတန်းထွက်၍
ပြောဆိုရလေသည်။
"ရေဗူး၊ အချိုရည်ဗူးနဲ့ မုန့်များကို ကိုယ်ပစ္စည်း
ကိုယ်သာ အသုံးပြုရမည်။ ရှယ်ရာရင်း မပြုလုပ်ရ"
ဆရာမလေးများက တတန်းဝင် တတန်းထွက်၍
ပြောဆိုနေသည်။ ထိုသို့ ပြောရာတွင် အတန်း
တတန်းသို့ ရောက်သောအခါ။ ထိုအခန်း၌
ဆရာတဦးက ပြည်သူ့နီတိ သင်ကြားပေးနေသည်။
"ကလေးတို့ အပြောအဆို ယဉ်ကျေးရမယ်။
တဦးနဲ့ တဦး ဝေစား မျှစား မျှမျှတတနေကြ၊
စားကြရမယ် နော်"

ထိုဆရာ စာသင်သံကို အပြင်မှ ရှယ်ရာရင်း
မပြုလုပ်ဖို့ ပြောရန် ရောက်နေသော ဆရာမလေး
ခမျ ရီရမလို ငိုရမလို ဖြစ်ရလေသည်။ ဟိုး
အဝေးမှ သီချင်းသံက လေနဲ့အတူ ပျံ့လွန့်လာ
ပြန်သည်။
"ဒေါင်းလန်းကြီးရဲ့အလယ် ညီညွတ်ရေးနဲ့
အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရည်တပြင်တည်း ရှေးကထက်
ပိုချစ်ကြမယ်"
@htwegyi
16-6-2023
တကယ်က အဓိပ္ပါယ် မတူပါဘူး !LUV !LOLZ
@htwegyi, @ansoe(2/4) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
lolztoken.com
He told me to stop going to those places.
Credit: benthomaswwd
@htwegyi, I sent you an $LOLZ on behalf of @ansoe
(1/8)
ခွဲခြား ကွဲပြား တတ်ပါမှ။
တကိုယ်ရေသန့်ရှင်းရေး နှင့် မျှဝေတတ်မှုကို ခွဲခြားနားလည်ဖို့တော့ လိုမယ်။
!luv
!lol
@htwegyi, @tin.aung.soe(3/10) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
lolztoken.com
Ten- tickles
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @tin.aung.soe
(2/8)
ENTER @WIN.HIVE'S DAILY DRAW AND WIN HIVE!
ဟုတ်သဗျို့။
!PGM !PIZZA
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
$PIZZA slices delivered:
@uthantzin(8/10) tipped @htwegyi